ဂါဇာအစိတ်အပိုင်းများကို သိမ်းပိုက်သွားမည်ဟု အစ္စရေး ခြိမ်းခြောက်နိုင်

 68

Pika (NP News) - သြဂုတ် ၄
ဟားမတ်စ်လက်နက်ကိုင်အဖွဲ့အပေါ် ဖိအားများတိုးမြင့်လာစေရန်အတွက် ဂါဇာကမ်းမြောင်ဒေသ၏ အစိတ်အပိုင်းများကို သိမ်းပိုက်သွားမည်ဟု အစ္စရေးက ခြိမ်းခြောက်နိုင်ကြောင်း အစ္စရေးလုံခြုံရေး ဝန်ကြီးများအဖွဲ့ဝင် Zeev Elkin က ထုတ်ပြန်ပြောကြားခဲ့သည်။
အဆိုပါအကြံသည် ပါလက်စတိုင်းနိုင်ငံ ဖြစ်လာရန်မျှော်လင့်ထားသည့် ပါလက်စတိုင်းများ၏ မျှော်လင့်ချက်အတွက် ကြီးမားသောထိုးနှက်ချက် တစ်ခုဖြစ်လာမည်ဖြစ်ကြောင်း အစ္စရေးလုံခြုံရေးဝန် ကြီးများအဖွဲ့ဝင် Zeev Elkin က ထပ်မံပြောကြား ခဲ့သည်။ ဂါဇာကမ်းမြောင်ဒေသတွင် လူသားချင်းစာ နာထောက်ထားမှုဆိုင်ရာ အကျပ်အတည်များလျော့ ကျစေရန်အတွက် ခြေလှမ်းများအပြင် ဟားမတ်စ် လက်နက်ကိုင်အဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေးသဘော တူညီချက်ရယူရန် အစ္စရေးဘက်ကမလုပ်ဆောင် ဘူး ဆိုပါက လာမည့်စက်တင်ဘာလတွင် ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုသွားမည်ဟု ဗြိတိန် အစိုးရက ထုတ်ပြန်ပြောကြားခဲ့ပြီးနောက် တစ်ရက်အကြာတွင် Zeev Elkin ၏ ပြောကြားချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။
လာမည့်စက်တင်ဘာလတွင် ပါလက်စတိုင်း နိုင်ငံအဖြစ် အသိအမှတ်ပြုသွားမည်ဟု ပြင်သစ် အစိုးရက ပြီးခဲ့သည့်သီတင်းပတ်တွင် ထုတ်ပြန် ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အီဂျစ်၊ ကာတာ နှင့် အာရပ်အဖွဲ့ချုပ်တို့က ထောက်ခံထားသော နှစ်နိုင်ငံ ဖြေရှင်းချက်ကို အကောင်အထည်ဖော်ရန် ခြေလှမ်း များကို အလေးပေးဖော်ပြထားသည့် ထုတ်ပြန်ချက် တစ်စောင်ကို ဆော်ဒီအာရေးဗျအစိုးရကလည်း ထုတ်ပြန်ခဲ့ကြောင်းသိရသည်။ ဂါဇာကမ်းမြောင်ဒေသတွင် ဖြစ်ပွားနေသော စစ်ပွဲအဆုံးသတ်ရေး၏ တစ် စိတ်တစ်ပိုင်းအနေဖြင့် ဟားမတ်စ်လက်နက်ကိုင်အဖွဲ့က ဂါဇာတွင် ၎င်းတို့၏အုပ်ချုပ်မှုကို အဆုံး သတ် ကာ လက်နက်များကို ပါလက်စတိုင်းအာဏာပိုင်များထံသို့ လွှဲပြောင်းပေးရမည်ဟု အဆိုပါ ထုတ်ပြန် ချက်တွင် ရေးသားဖော်ပြထားသည်။ ထို့ပြင် ပါလက်စတိုင်းနိုင်ငံ အဖြစ် အသိအမှတ်ပြုရန် လှုပ်ရှားမှုများ အားလုံးကို အစ္စရေး အစိုးရက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချ ထားကြောင်းလည်း သိရသည်။

Zawgyi Version:
ဂါဇာအစိတ္အပိုင္းမ်ားကို သိမ္းပိုက္သြားမည္ဟု အစၥေရး ၿခိမ္းေျခာက္ႏိုင္
Pika (NP News) - ၾသဂုတ္ ၄
ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕အေပၚ ဖိအားမ်ားတိုးျမင့္လာေစရန္အတြက္ ဂါဇာကမ္းေျမာင္ေဒသ၏ အစိတ္အပိုင္းမ်ားကို သိမ္းပိုက္သြားမည္ဟု အစၥေရးက ၿခိမ္းေျခာက္ႏိုင္ေၾကာင္း အစၥေရးလုံၿခဳံေရး ဝန္ႀကီးမ်ားအဖြဲ႕ဝင္ Zeev Elkin က ထုတ္ျပန္ေျပာၾကားခဲ့သည္။
အဆိုပါအႀကံသည္ ပါလက္စတိုင္းႏိုင္ငံ ျဖစ္လာရန္ေမွ်ာ္လင့္ထားသည့္ ပါလက္စတိုင္းမ်ား၏ ေမွ်ာ္လင့္ခ်က္အတြက္ ႀကီးမားေသာထိုးႏွက္ခ်က္ တစ္ခုျဖစ္လာမည္ျဖစ္ေၾကာင္း အစၥေရးလုံၿခဳံေရးဝန္ ႀကီးမ်ားအဖြဲ႕ဝင္ Zeev Elkin က ထပ္မံေျပာၾကား ခဲ့သည္။ ဂါဇာကမ္းေျမာင္ေဒသတြင္ လူသားခ်င္းစာ နာေထာက္ထားမႈဆိုင္ရာ အက်ပ္အတည္မ်ားေလ်ာ့ က်ေစရန္အတြက္ ေျခလွမ္းမ်ားအျပင္ ဟားမတ္စ္ လက္နက္ကိုင္အဖြဲ႕ႏွင့္ အပစ္အခတ္ရပ္စဲေရးသေဘာ တူညီခ်က္ရယူရန္ အစၥေရးဘက္ကမလုပ္ေဆာင္ ဘူး ဆိုပါက လာမည့္စက္တင္ဘာလတြင္ ပါလက္စတိုင္းႏိုင္ငံအျဖစ္ အသိအမွတ္ျပဳသြားမည္ဟု ၿဗိတိန္ အစိုးရက ထုတ္ျပန္ေျပာၾကားခဲ့ၿပီးေနာက္ တစ္ရက္အၾကာတြင္ Zeev Elkin ၏ ေျပာၾကားခ်က္မ်ား ထြက္ေပၚလာျခင္းျဖစ္သည္။
လာမည့္စက္တင္ဘာလတြင္ ပါလက္စတိုင္း ႏိုင္ငံအျဖစ္ အသိအမွတ္ျပဳသြားမည္ဟု ျပင္သစ္ အစိုးရက ၿပီးခဲ့သည့္သီတင္းပတ္တြင္ ထုတ္ျပန္ ေျပာၾကားခဲ့ျခင္းျဖစ္သည္။ ထို႔ျပင္ အီဂ်စ္၊ ကာတာ ႏွင့္ အာရပ္အဖြဲ႕ခ်ဳပ္တို႔က ေထာက္ခံထားေသာ ႏွစ္ႏိုင္ငံ ေျဖရွင္းခ်က္ကို အေကာင္အထည္ေဖာ္ရန္ ေျခလွမ္း မ်ားကို အေလးေပးေဖာ္ျပထားသည့္ ထုတ္ျပန္ခ်က္ တစ္ေစာင္ကို ေဆာ္ဒီအာေရးဗ်အစိုးရကလည္း ထုတ္ျပန္ခဲ့ေၾကာင္းသိရသည္။ ဂါဇာကမ္းေျမာင္ေဒသတြင္ ျဖစ္ပြားေနေသာ စစ္ပြဲအဆုံးသတ္ေရး၏ တစ္ စိတ္တစ္ပိုင္းအေနျဖင့္ ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕က ဂါဇာတြင္ ၎တို႔၏အုပ္ခ်ဳပ္မႈကို အဆုံး သတ္ ကာ လက္နက္မ်ားကို ပါလက္စတိုင္းအာဏာပိုင္မ်ားထံသို႔ လႊဲေျပာင္းေပးရမည္ဟု အဆိုပါ ထုတ္ျပန္ ခ်က္တြင္ ေရးသားေဖာ္ျပထားသည္။ ထို႔ျပင္ ပါလက္စတိုင္းႏိုင္ငံ အျဖစ္ အသိအမွတ္ျပဳရန္ လႈပ္ရွားမႈမ်ား အားလုံးကို အစၥေရး အစိုးရက ျပင္းျပင္းထန္ထန္ ျပစ္တင္ရႈတ္ခ် ထားေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.