သနားကြင်နာမှုကို နိုင်ငံရေးလက်နက်အဖြစ် အသုံးချခြင်း- သီအိုရီအရ လေ့လာသုံးသပ်ခြင်း

 124

တင်ဇာ (NP News) - ဩဂုတ် ၆
နာမည်ကြီး ဗြိတိသျှစာရေးဆရာ C.S. Lewis ပြောခဲ့သလို “နာကျင်မှုဆိုတာ နားပင်းနေတဲ့ ကမ္ဘာကြီးကိုနိုးထစေဖို့ ဘုရားသခင်ရဲ့ချဲ့ကားသံပါပဲ” ဒီစကားက ဆင်းရဲဒုက္ခဟာ ကျွန်တော်တို့ လျစ်လျူ ရှု လို့မရတဲ့အပြောင်းအလဲအတွက် အကျယ်လောင်ဆုံး တောင်းဆိုမှုဖြစ်နေတတ်တယ်ဆိုတာကို ပြင်း ပြင်းထန်ထန်သတိပေးနေတာပါ။ ဒါပေမဲ့ ထူးဆန်းတာကတော့ ကမ္ဘာ့အသိုင်းအဝိုင်းက ယူကရိန်းရဲ့ နာကျင်မှုအသံကို ရှင်းရှင်းလင်းလင်းကြားနေရပေမယ့် ဂါဇာ နဲ့ရုရှားကနစ်နာမှုတွေကိုတော့ မကြားကြ ဘူးထင်ပါတယ်။ ဒါဆို ဘာကြောင့် ယူကရိန်းလူမျိုးတွေရဲ့ ဆင်းရဲဒုက္ခက ပါလက်စတိုင်းတွေရဲ့ ဆင်းရဲ ဒုက္ခထက်ပိုပြီး နက်ရှိုင်းတဲ့ဝမ်းနည်းမှုကို ဖြစ်စေပြီး ပိုပြီးပြင်းထန်တဲ့ ထောက်ခံမှုကို ရရှိစေတာလဲ။ ဒီ ဆောင်းပါးမှာ ကျွန် တော်တို့ရဲ့စာနာစိတ်ကို တိတ်တဆိတ်အားဖြည့်ပေး နေတဲ့အချက်တွေကို အတိတ်က ဖြစ်ရပ်တချို့နဲ့အတူ မီးမောင်းထိုး ဖော်ပြထားပါတယ်။
အနောက်တိုင်းဟောပြောပညာရဲ့ အခြေခံ ကျမ်းဖြစ်တဲ့ “Rhetoric”မှာ ဂရိအတွေးအခေါ်ပညာ ရှင် အရစ္စတိုတယ်က ဝမ်းသာခြင်း၊ နာကျင်ခြင်းစတဲ့စိတ်ခံစားမှုတွေကလူတွေရဲ့ဆုံးဖြတ်ချက်နဲ့လုပ် ဆောင်မှုတွေကို ပုံဖော်တယ်လို့ဆိုခဲ့ပါတယ်။
“pathos” အောက်မှာ အုပ်စုဖွဲ့ထားတဲ့ ဒီစိတ်ခံစားမှုတွေဟာ “ethos” (ကိုယ်ကျင့်တရား ဆိုင်ရာ ယုံကြည်ကိုးစားနိုင်မှု)နဲ့ “logos” (အချက် အလက်အခြေပြု ကျိုးကြောင်းဆင်ခြင်မှု)တို့နဲ့အတူ လူတွေကို ဆွဲဆောင်စည်းရုံးရာမှာ အစွမ်းထက်တဲ့ ကိရိယာတွေ ဖြစ်ပါတယ်။
အရစ္စတိုတယ်က သနားကြင်နာမှုကို ဒေါသထွက်ခြင်းနဲ့မနာလိုခြင်းတို့ရဲ့ စိတ်ခံစားမှုဆိုင်ရာ ဆန့်ကျင်ဘက်အဖြစ် နားလည်ခဲ့ပါတယ်။ ဒါဟာ ရိုးရှင်းတဲ့စိတ်ကူးယဉ်ဆန်မှုသက်သက်မဟုတ်ဘဲ၊ တစ် စုံတစ်ယောက်ရဲ့ မတရားခံရတဲ့ဆင်းရဲဒုက္ခအပေါ် နာကျင်ခံစားရတာဖြစ်တယ်လို့ဆိုပါတယ်။ သနား ကြင်နာမှုဆိုတာ ဖြစ်ပျက်ခဲ့တဲ့အရာတစ်ခုတည်းအပေါ်မှာ မူတည်တာမဟုတ်ဘဲ အဲဒီအရာ ဘယ်လိုပုံစံ မျိုးနဲ့ဖြစ် လာသလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ဒါကြောင့် ဒီစိတ်ခံစားမှုဟာ အခြေအနေပေါ်မူတည် ပြီး ထိခိုက်လွယ်တဲ့၊ ပုံသွင်းနိုင်တဲ့ သိမြင်တွက်ချက်မှုတွေနဲ့ ပုံဖော်ထားတာဖြစ်ပါတယ်။ အခြေခံအားဖြင့် ဒါဟာ အချင်းချင်းဆက်စပ်နေပြီး ချိန်ညှိထားတဲ့ အချက်ငါးခုအပေါ်မှာ မှီတည်လည်ပတ်နေတာ ဖြစ်ပါ တယ်။
အရစ္စတိုတယ်ရဲ့ အတွေးအမြင်တွေကနေ ကျွန်တော်တို့ဟာ သနားကြင်နာမှု(Pity-P)
ကိုဖြစ် ပေါ်စေတဲ့ အဓိကမောင်းနှင်အားတွေကို ပိုင်းခြားသိ မြင်နိုင်ပါတယ်။ အဲဒါတွေကတော့ ဆင်းရဲ ဒုက္ခဟာ မတရားခံရခြင်း(Undeserved- U)၊ ရုတ်တရက်ဖြစ် ပေါ်လာခြင်း(Surprise- S)၊ ပြင်းထန် ဆိုး ရွား(Gra­ve- G)၊ ကျွန်တော်တို့နဲ့ တစ်နည်းမဟုတ်တစ်နည်း ဆင်တူတဲ့သူတွေ(Resemble- R)မှာ ခံစားရ ခြင်း၊ ကျွန်တော်တို့ရဲ့ကံကြမ္မာအပေါ် လွှမ်းမိုးနိုင်လောက်အောင် နီးကပ်စွာဖြစ်ပေါ်ခြင်း(Closeness- C) တို့ ဖြစ်ပါတယ်။ ဒီအချက်တွေအားလုံးဟာ နိုင်ငံရေးသမားတွေက နိုင်ငံရေးစည်းရုံးလှုံ့ဆော်မှုအတွက် သနားကြင်နာမှုကို ဘယ်လိုလက်နက်အဖြစ် အသုံးပြုတယ်ဆိုတာကို ခွဲခြမ်းစိတ်ဖြာဖို့အတွက် ထူးခြား ကောင်းမွန်တဲ့ပုံစံတစ်ခုကို ဖြစ်ပေါ်စေပါတယ်။
ဒါကို “နိုင်ငံရေး သနားကြင်နာမှု ညီမျှ ခြင်း” (Political Pity Equation - PPE) အဖြစ် သတ်မှတ် နိုင်ပါတယ်။ ပိုပြီး တိကျတဲ့ပုံစံနဲ့ပြောရရင် တော့ “လူထု သနားကြင်နာမှု ညီမျှခြင်း” (Public Pity Equa- tion) ဖြစ်ပါတယ်။ ဒါဟာ သတင်းအချက်အလက် စစ်ပွဲမှာ သနားကြင်နာမှုကို ဘယ်လို ဖန်တီးပြီး မဟာ ဗျူဟာမြောက် ဘယ်လိုပုံဖော်နိုင်တယ်ဆိုတာကို နားလည်ဖို့အတွက် ခိုင်မာတဲ့လမ်းညွှန် ချက်တစ်ခုပါပဲ။ ညီမျှခြင်းကတော့ P = U + S + G + R + C ပဲ ဖြစ်ပါတယ်။
သနားကြင်နာမှုကို နိုင်ငံရေးအရ အသုံးချတဲ့ဖော်မြူလာဟာ အစွမ်းထက်သလို လိုသလို ပုံသွင်း နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အချက်တစ်ချက်ချင်းစီကို အတိအကျချိန်ညှိပြီး လူထုရဲ့ထောက် ခံမှုကိုပုံဖော်နိုင်လို့ပါပဲ။ သတင်းအချက်အလက် စစ်ပွဲ ဆင်နွှဲသူတွေက ကဏ္ဍအသီးသီးမှာ ဒီအချက်တွေ ကို ပုံမှန်ခြယ်လှယ်ပြီး သနားကြင်နာမှုကိုချိန်ညှိကြပါတယ်။စိတ်ခံစားမှုကိုလှုံ့ဆော်တဲ့ဇာတ်လမ်းတွေကို ဖန်တီးပြီး ပြောင်းလဲနေတဲ့ နိုင်ငံရေးရည်ရွယ်ချက်တွေ ကိုအထောက်အကူပြုတဲ့ ပြင်းထန်တဲ့စိတ်ခံစားမှု၊ တုံ့ပြန်မှုတွေကို ဖြစ်ပေါ်စေပါတယ်။ ဒီလို စွယ်စုံသုံးနိုင်တဲ့အတွက် “နိုင်ငံရေး သနားကြင်နာမှုညီမျှခြင်း” ဟာ လွှမ်းမိုးမှုနဲ့ထိန်းချုပ်မှုအတွက် အလွန်အစွမ်းထက်တဲ့ကိရိယာတစ်ခု ဖြစ်လာစေပါတယ်။ သနား ကြင်နာမှုဟာ ကမ္ဘာလုံးဆိုင်ရာ သတင်းအချက်အ လက်စစ်ပွဲရဲ့ရလဒ်တွေကို အတိအကျပြောင်းလဲနိုင် တာကြောင့် ၎င်းကိုဖြစ်ပေါ်စေတဲ့ အဓိကလှုံ့ဆော်မှု ငါးခုကို တစ်ခုချင်းစီ နားလည်ထားဖို့ လိုအပ်ပါမယ်။
တရားမျှတမှုမရှိခြင်း (U)
မတရားဘူးလို့ ထင်မြင်ယူဆခြင်းက သနားကြင်နာမှုကိုမီးထိုးပေးတဲ့ မီးပွားတစ်ခုဖြစ်ပြီး နက် ရှိုင်းတဲ့စိတ်ခံစားမှုတွေကို လှုပ်ရှားစေပါတယ်။ အပြစ်မဲ့သူတစ်ဦး ထောင်ကျတာမျိုးက မတရားဘူးလို့ ခံစား ရစေပါတယ်။ (၂၀၂၀) ပြည့်နှစ်မှာ ရဲတပ်ဖွဲ့ရဲ့ အာ ဏာအလွဲသုံးစားလုပ်မှုကြောင့် ထိခိုက်နစ်နာမှု ခံစား ခဲ့ရတဲ့ ဂျော့ချ်ဖလွိုက်ကြောင့် ကမ္ဘာတစ်ဝန်းမှာ သနားကြင်နာမှုတွေ မြင့်တက်လာခဲ့ပါတယ်။ ရဲ အရာရှိတစ်ဦးက ဒူးနဲ့လည်ပင်းကိုဖိထားတာကြောင့် ဂျော့ချ် ဖလွိုက်ဟာ ကျွန်တော် အသက်ရှူလို့ မရ တော့ဘူးဆိုပြီး မောဟိုက်စွာပြောနေခဲ့တာပါ။ အဲဒီဖြစ်ရပ်ရဲ့ ဗီဒီယိုဖိုင်ဟာ တောမီးလိုပဲပျံ့နှံ့သွားပြီး ကမ္ဘာတစ်ဝန်းက ဒီကိစ္စအပေါ် မကျေနပ်မှုတွေမြင့်တက်စေခဲ့ပါတယ်။ ပြည်သူလူထုရဲ့ ပြင်းထန်တဲ့ သနားကြင်နာမှုကြောင့် ထပ်ခါတလဲလဲ ပြစ်မှုကျူးလွန်ဖူးသူ ဂျော့ချ် ဖလွိုက်ဟာ မတရားသေဆုံးခဲ့ရ တယ်ဆိုတဲ့အချက်က လွှမ်းမိုးသွားခဲ့ပါတယ်။ သူရဲ့သေဆုံးမှုက အစုလိုက် အပြုံလိုက် ဆန္ဒပြမှုတွေ၊ ရဲတပ်ဖွဲ့ကိုဖျက်သိမ်းဖို့ တောင်းဆိုမှုတွေနဲ့ ဒေါ်လာ (၁) ဘီလီယံကျော် ပျက်စီးဆုံးရှုံးမှုဖြစ်စေခဲ့တဲ့ အဓိကရုဏ်းတွေကို ဖြစ်ပေါ်စေခဲ့တာပါ။
ဒီဖြစ်ရပ်နဲ့ဆန့်ကျင်ဘက်ကိုပြရမယ်ဆိုရင် အာဏာရှင်တစ်ဦး နန်းကျတဲ့အခါ သနားကြင်နာမှုနဲ့ တုံ့ပြန်တာမျိုးမရဘဲ အေးစက်တဲ့ကျေနပ်မှုနဲ့သာ တုံ့ပြန်တာကို (၁၉၈၉)ခုနှစ်မှာ ရိုမေးနီးယားသမ္မတ Nicolae Ceaușescu ကို ပစ်သတ်ကွပ်မျက်ခဲ့တဲ့အ ခါ လူအုပ်ကြီးဟာ ဝမ်းနည်းခြင်းမရှိဘဲ စိတ်သက်သာ ရာရသွားသလို ဖြစ်နေကြတာက သက်သေပါပဲ။
မျှော်လင့်မထားတဲ့ရုတ်တရက်ပြောင်းလဲမှု (S)
ဇာတ်လမ်းကို ကြေကွဲစရာကောင်းပြီး စိတ်လှုပ်ရှားစရာဖြစ်စေတဲ့အဓိကအချက်တွေထဲက တစ် ခုဖြစ်တဲ့ မျှော်လင့်မထားတဲ့ ရုတ်တရက်ပြောင်းလဲမှုဟာ သနားကြင်နာမှုကိုလည်း ဖြစ်ပေါ်စေပါတယ်။ ထင်ရှားတဲ့ ဥပမာတစ်ခုကတော့ ဂရိဒရာမာတစ်ခုမှာ ဘုရင် Oedipus ဟာ သူ့ဖခင်ကို မသိဘဲသတ်မိပြီး သူ့အမေကိုလက်ထပ်မိနေမှန်း ရုတ်တရက် ကြောက်မက်ဖွယ်တွေ့ရှိခဲ့တာပါပဲ။ ဒီမျှော်လင့်မထားတဲ့သိရှိ မှုကနေ ကြောက်မက်ဖွယ်ရာအဖြစ်ဆိုးတွေ ဆင့်ကဲဖြစ်ပေါ်လာခဲ့တယ်။ ကိုယ့်မျက်လုံးကိုယ်ဖောက်တာ၊ အရှက်ရတာ၊ ပြီးတော့ နန်းစွန့်ခဲ့ရတာတွေပေါ့။
ပြင်းထန်ဆိုးရွားတဲ့ နာကျင်မှု (G)
သနားကြင်နာမှုအတွက် နာကျင်မှုလိုအပ်ပါတယ်။ ဒါပေမဲ့ မှန်ကန်တဲ့ပမာဏနဲ့ ဖြစ်ဖို့လိုပါတယ်။ အကယ်၍ ထိခိုက်မှုက သိပ်မပြင်းထန်ဘူးဆိုရင် ကျွန်တော်တို့ကို သိပ်မထိခိုက်ပါဘူး။ ဒါပေမဲ့ ကံဆိုးမှု က အလုံးဆုံးပျက်သုဉ်းခြင်းဆီ ဦးတည်သွားရင်တော့ မျှော်လင့်ချက်တွေ ပျောက်ဆုံးသွားပါပြီ။ ပြောင်း လဲဖို့လည်း မရှိတော့ပါဘူး။ အဲဒီအခါမှာ ပေါ်လာတာက သနားကြင်နာမှုမဟုတ်တော့ဘဲ ကြောက်ရွံ့မှု၊ ကြည်ညိုလေးစားမှု၊ ဒါမှမဟုတ် ခံစားမှုမဲ့ခြင်းပဲ ဖြစ်ပါတယ်။ ဒါဟာ သနားကြင်နာမှုရဲ့ ပြောင်းလဲ တတ် တဲ့ သဘော သဘာဝကို ထင်ရှားစွာပြသနေတာပါ။ ခရစ်ယာန်ဘာသာရေးမှာ လက်ဝါး ကပ်တိုင်ပေါ်က ယေရှုအတွက် ခံစားရမှုကို သူမသေဆုံးခင်က သနားကြင်နာမှုအဖြစ် ဖော်ပြလေ့ရှိပြီး၊ သေဆုံးပြီးတဲ့ နောက်မှာတော့ ကြည်ညိုလေးစားမှုအဖြစ် ပြောင်းလဲသွားပါတယ်။
ချက်ချင်းသေဆုံးသွားတဲ့သူထက် နာကျင်စွာ အော်ဟစ်နေတဲ့ဒဏ်ရာရသူကို ကျွန်တော်တို့က ပိုစာနာတတ်ကြပါတယ်။ (၁၉၇၂) ခုနှစ်မှာ အမေရိကန်မဟာမိတ်ရဲ့ နာပန်ဗုံးကြဲမှုအပြီး ကြောက်လန့် တကြားထွက်ပြေးနေရတဲ့ ဗီယက်နမ်မိန်းကလေး ဖန်သီကင်ဖုရဲ့ ရင်သပ်ရှုမောဖွယ်ပုံရိပ်ကလည်း နာကျင်မှုကို မီးမောင်းထိုးပြခဲ့ပါတယ်။ ဒါနဲ့ဆန့်ကျင်ဘက်အား ဖြင့် (၂၀၂၅) ခုနှစ်မှာ အစ္စရေးနဲ့ အမေရိ ကန်တို့ရဲ့တိုက်ခိုက်မှုတွေကြောင့် အီရန်အရပ်သားတွေ သေဆုံးခဲ့ရတာကိုတော့ သိပ်ပြီး အာရုံစိုက်မခံရ ပါဘူး။
ဆင်တူခြင်း (R)
ကျွန်တော်တို့ဟာ ကျွန်တော်တို့နဲ့ ဆင်တူတဲ့သူတွေကို ပိုပြီးဂရုစိုက်မိတတ်ကြပါတယ်။ ကျွန် တော်တို့ရဲ့ရုန်းကန်မှုတွေ ဒါမှမဟုတ် ဘဝလမ်းကြောင်းတွေ တူညီနေတဲ့အခါ သူတို့ရဲ့နာကျင်မှုဟာ ကျွန်တော်တို့နဲ့ ပိုပြီးနီးစပ်လာပါတယ်။ ဒါကြောင့် သူတို့ခံစားရတဲ့ဒုက္ခကို ကျွန်တော်တို့ကလည်း လိုက်ခံ စားပေးနိုင်ပါတယ်။ မာလာလာ ယူဆပ်ဇိုင်အကြောင်း တစ်ချက်လောက်စဉ်းစားကြည့်ပါ။ သူက ကမ္ဘာ တစ်ဝန်းက ကလေးသန်းပေါင်းများစွာ ပုံမှန်လုပ်နေကျကိစ္စတစ်ခုဖြစ်တဲ့ ကျောင်းတက်ခြင်းကြောင့် သေနတ်နဲ့ အပစ်ခံခဲ့ရတဲ့ ပါကစ္စတန်မိန်းကလေးတစ်ယောက်ပါ။ အဲဒီလို အလားတူ ရင်းနှီးကျွမ်းဝင်မှု ကြောင့် သူရဲ့ ဇာတ်လမ်းက ချက်ချင်း ကမ္ဘာအနှံ့ သနားကြင်နာမှုကို ဖြစ်ပေါ်စေခဲ့ပါတယ်။
နီးစပ်မှု (C)
သနားကြင်နာမှုဟာ နီးစပ်မှုအပေါ်မှာ မူတည်ပြီး ဖြစ်ပေါ်တတ်ပါတယ်။ ဆင်းရဲဒုက္ခက မကြာ သေးမီက ဖြစ်ပျက်ခဲ့တာ ဒါမှမဟုတ် အနီးအနားမှာရှိတဲ့အခါ ကျွန်တော်တို့ ပိုပြီး စိတ်ထိခိုက်တတ်ပါ တယ်။ ဒုက္ခက အရမ်းနီးကပ်သွားရင် ဒီစိတ်ခံစားမှုက ကြောက်ရွံ့မှုအဖြစ်ပြောင်းသွားပြီး အရမ်းဝေးကွာ သွားရင်တော့ လျစ်လျူရှုမှုအဖြစ် မှေးမှိန်သွားတတ်ပါတယ်။ အလယ်အလတ် နီးစပ်မှုရှိမှာသာ သနား ကြင်နာမှုကိုဖြစ်ပေါ်စေတာပါ။ (၂၀၁၅) ခုနှစ်မှာ ရေနစ်သေဆုံးခဲ့တဲ့ အသက်နှစ်နှစ်အရွယ် ဆီးရီးယား ဒုက္ခသည်လေး အလန်ကာဒီရဲ့ ကြေကွဲ ဖွယ်ဓာတ်ပုံဟာ ဒီနူးညံ့သိမ်မွေ့တဲ့ အလယ်အလတ် အနေ အထားကို အပြည့်အဝ ပုံဖော်ခဲ့ပါတယ်။ သူရဲ့အပြစ်ကင်းစင်မှုက ကမ္ဘာလုံးဆိုင်ရာ သနားကြင်နာမှုကို ဖြစ်ပေါ်စေဖို့ လုံလောက်စွာ နီးစပ်ခဲ့ပါတယ်။
အထက်ပါဥပမာတွေက လူအများစုကို လွှမ်းခြုံနိုင်တဲ့ ဝါဒဖြန့်ချိရေးပုံရိပ်တွေဟာ ဘယ်လို အခြေ အနေမျိုးမှာမဆို ဘယ်လောက်အထိ အစွမ်း ထက်လဲဆိုတာကို ပြသနေပါတယ်။ စိတ်ခံစားမှုဆိုင်ရာ သော့ချက်တွေလိုလုပ်ဆောင်ပြီး သူတို့ရဲ့အစွမ်း ဟာ သနားကြင်နာမှုကိုလှုံ့ဆော်ပေးပါတယ်။ ဒါကြောင့် လည်း သူတို့ဟာ လွှမ်းမိုးမှုနဲ့ထိန်းချုပ်မှုအတွက် အသုံးချခံတွေဖြစ်နေတာပါ။ ကလေးငယ်ဟာ ဝါဒဖြန့်ချိ ရေးလောကရဲ့ နျူကလီးယားလက်နက်တစ်ခုလိုပါပဲ၊ လုံးဝလျစ်လျူရှုလို့မရပါဘူး။ စိတ်ခံစားမှုဆိုင်ရာ သက်ရောက်မှုကလည်းကြီးမားလွန်းပါတယ်။
ကလေးတစ်ဦးရဲ့ အပြစ်ကင်းစင်မှုနဲ့ ထိခိုက်လွယ်မှုတွေက တရားမျှတမှုမရှိဘူးလို့ ထင်ရစေ ပါတယ်။ ရယ်မောသံတွေနဲ့ အလင်းရောင်ကို မျှော် လင့်ရမယ့်နေရာမှာ မှောင်မိုက်မှုတွေပဲရှိနေပြီး အဲဒီ ကွဲလွဲမှုက ထိတ်လန့်တုန်လှုပ်မှုကို ဖြစ်စေပါတယ်။ ကလေးတစ်ဦးရဲ့ဆင်းရဲဒုက္ခဟာ ပုံသဏ္ဌာန်မဲ့အဖြစ် ရှိမနေပါဘူး၊ ဒါဟာ ကြည့်ရှုသူတွေကို အံ့ဩစရာ ကောင်းလောက်အောင် နီးစပ်လာစေပါတယ်။ ရင်းနှီး တယ်၊ လက်လှမ်းမီနိုင်တယ်လို့ ခံစားရစေပါတယ်။ ငတ်မွတ်နေတဲ့ မျက်လုံးပြူးပြူးကလေးလေးတွေရဲ့ ရင်သပ်ရှုမောဖွယ်ဓာတ်ပုံတွေဟာ အမာဆုံးနှလုံး သားကိုတောင် ဖောက်ထွင်းဝင်ရောက်နိုင်ပါတယ်။ ဒီအချက်တွေက သီအိုရီပိုင်းဆိုင်ရာအချက်တွေပါ။ အဲဒါတွေကို နိုင်ငံရေးသမားတွေအနေနဲ့ လက်နက် တစ်ခုလို လက်တွေ့ ဘယ်လိုအသုံးချလဲဆိုတာကို တော့ ယူကရိန်းနဲ့ဂါဇာစစ်ပွဲကို နှိုင်းယှဉ်လေ့လာ ကြည့်ရင်သိနိုင်ပါတယ်။ ဒီနှိုင်းယှဉ်လေ့လာချက် ကိုတော့ နောက်တစ်ပတ်မှာ ဆက်လက်ဖော်ပြသွား ပါမယ်။

ကိုးကား-
မဟာဗျူဟာနှင့် စီးပွားရေးမူဝါဒဆိုင်ရာ ကျွမ်းကျင်ပညာရှင် Dr. Kai-Alexander Schlevogt \ Prof. Schlevogt’s Compass No. 20: The Political Pity Equation – Who deserves our tears၊ ကို ဘာသာပြန်ဆိုထား ခြင်းဖြစ်သည်။

Zawgyi Version:
သနားၾကင္နာမႈကို ႏိုင္ငံေရးလက္နက္အျဖစ္ အသုံးခ်ျခင္း- သီအိုရီအရ ေလ့လာသုံးသပ္ျခင္း
တင္ဇာ (NP News) - ဩဂုတ္ ၆
နာမည္ႀကီး ၿဗိတိသွ်စာေရးဆရာ C.S. Lewis ေျပာခဲ့သလို “နာက်င္မႈဆိုတာ နားပင္းေနတဲ့ ကမာၻႀကီးကိုႏိုးထေစဖို႔ ဘုရားသခင္ရဲ႕ခ်ဲ႕ကားသံပါပဲ” ဒီစကားက ဆင္းရဲဒုကၡဟာ ကြၽန္ေတာ္တို႔ လ်စ္လ်ဴ ရႈ လို႔မရတဲ့အေျပာင္းအလဲအတြက္ အက်ယ္ေလာင္ဆုံး ေတာင္းဆိုမႈျဖစ္ေနတတ္တယ္ဆိုတာကို ျပင္း ျပင္းထန္ထန္သတိေပးေနတာပါ။ ဒါေပမဲ့ ထူးဆန္းတာကေတာ့ ကမာၻ႔အသိုင္းအဝိုင္းက ယူကရိန္းရဲ႕ နာက်င္မႈအသံကို ရွင္းရွင္းလင္းလင္းၾကားေနရေပမယ့္ ဂါဇာ နဲ႔႐ုရွားကနစ္နာမႈေတြကိုေတာ့ မၾကားၾက ဘူးထင္ပါတယ္။ ဒါဆို ဘာေၾကာင့္ ယူကရိန္းလူမ်ိဳးေတြရဲ႕ ဆင္းရဲဒုကၡက ပါလက္စတိုင္းေတြရဲ႕ ဆင္းရဲ ဒုကၡထက္ပိုၿပီး နက္ရႈိင္းတဲ့ဝမ္းနည္းမႈကို ျဖစ္ေစၿပီး ပိုၿပီးျပင္းထန္တဲ့ ေထာက္ခံမႈကို ရရွိေစတာလဲ။ ဒီ ေဆာင္းပါးမွာ ကြၽန္ ေတာ္တို႔ရဲ႕စာနာစိတ္ကို တိတ္တဆိတ္အားျဖည့္ေပး ေနတဲ့အခ်က္ေတြကို အတိတ္က ျဖစ္ရပ္တခ်ိဳ႕နဲ႔အတူ မီးေမာင္းထိုး ေဖာ္ျပထားပါတယ္။
အေနာက္တိုင္းေဟာေျပာပညာရဲ႕ အေျခခံ က်မ္းျဖစ္တဲ့ “Rhetoric”မွာ ဂရိအေတြးအေခၚပညာ ရွင္ အရစၥတိုတယ္က ဝမ္းသာျခင္း၊ နာက်င္ျခင္းစတဲ့စိတ္ခံစားမႈေတြကလူေတြရဲ႕ဆုံးျဖတ္ခ်က္နဲ႔လုပ္ ေဆာင္မႈေတြကို ပုံေဖာ္တယ္လို႔ဆိုခဲ့ပါတယ္။
“pathos” ေအာက္မွာ အုပ္စုဖြဲ႕ထားတဲ့ ဒီစိတ္ခံစားမႈေတြဟာ “ethos” (ကိုယ္က်င့္တရား ဆိုင္ရာ ယုံၾကည္ကိုးစားႏိုင္မႈ)နဲ႔ “logos” (အခ်က္ အလက္အေျချပဳ က်ိဳးေၾကာင္းဆင္ျခင္မႈ)တို႔နဲ႔အတူ လူေတြကို ဆြဲေဆာင္စည္း႐ုံးရာမွာ အစြမ္းထက္တဲ့ ကိရိယာေတြ ျဖစ္ပါတယ္။
အရစၥတိုတယ္က သနားၾကင္နာမႈကို ေဒါသထြက္ျခင္းနဲ႔မနာလိုျခင္းတို႔ရဲ႕ စိတ္ခံစားမႈဆိုင္ရာ ဆန႔္က်င္ဘက္အျဖစ္ နားလည္ခဲ့ပါတယ္။ ဒါဟာ ႐ိုးရွင္းတဲ့စိတ္ကူးယဥ္ဆန္မႈသက္သက္မဟုတ္ဘဲ၊ တစ္ စုံတစ္ေယာက္ရဲ႕ မတရားခံရတဲ့ဆင္းရဲဒုကၡအေပၚ နာက်င္ခံစားရတာျဖစ္တယ္လို႔ဆိုပါတယ္။ သနား ၾကင္နာမႈဆိုတာ ျဖစ္ပ်က္ခဲ့တဲ့အရာတစ္ခုတည္းအေပၚမွာ မူတည္တာမဟုတ္ဘဲ အဲဒီအရာ ဘယ္လိုပုံစံ မ်ိဳးနဲ႔ျဖစ္ လာသလဲဆိုတဲ့အေပၚမွာ မူတည္ပါတယ္။ ဒါေၾကာင့္ ဒီစိတ္ခံစားမႈဟာ အေျခအေနေပၚမူတည္ ၿပီး ထိခိုက္လြယ္တဲ့၊ ပုံသြင္းႏိုင္တဲ့ သိျမင္တြက္ခ်က္မႈေတြနဲ႔ ပုံေဖာ္ထားတာျဖစ္ပါတယ္။ အေျခခံအားျဖင့္ ဒါဟာ အခ်င္းခ်င္းဆက္စပ္ေနၿပီး ခ်ိန္ညႇိထားတဲ့ အခ်က္ငါးခုအေပၚမွာ မွီတည္လည္ပတ္ေနတာ ျဖစ္ပါ တယ္။
အရစၥတိုတယ္ရဲ႕ အေတြးအျမင္ေတြကေန ကြၽန္ေတာ္တို႔ဟာ သနားၾကင္နာမႈ(Pity-P)
ကိုျဖစ္ ေပၚေစတဲ့ အဓိကေမာင္းႏွင္အားေတြကို ပိုင္းျခားသိ ျမင္ႏိုင္ပါတယ္။ အဲဒါေတြကေတာ့ ဆင္းရဲ ဒုကၡဟာ မတရားခံရျခင္း(Undeserved- U)၊ ႐ုတ္တရက္ျဖစ္ ေပၚလာျခင္း(Surprise- S)၊ ျပင္းထန္ ဆိုး ႐ြား(Gra­ve- G)၊ ကြၽန္ေတာ္တို႔နဲ႔ တစ္နည္းမဟုတ္တစ္နည္း ဆင္တူတဲ့သူေတြ(Resemble- R)မွာ ခံစားရ ျခင္း၊ ကြၽန္ေတာ္တို႔ရဲ႕ကံၾကမၼာအေပၚ လႊမ္းမိုးႏိုင္ေလာက္ေအာင္ နီးကပ္စြာျဖစ္ေပၚျခင္း(Closeness- C) တို႔ ျဖစ္ပါတယ္။ ဒီအခ်က္ေတြအားလုံးဟာ ႏိုင္ငံေရးသမားေတြက ႏိုင္ငံေရးစည္း႐ုံးလႈံ႕ေဆာ္မႈအတြက္ သနားၾကင္နာမႈကို ဘယ္လိုလက္နက္အျဖစ္ အသုံးျပဳတယ္ဆိုတာကို ခြဲျခမ္းစိတ္ျဖာဖို႔အတြက္ ထူးျခား ေကာင္းမြန္တဲ့ပုံစံတစ္ခုကို ျဖစ္ေပၚေစပါတယ္။
ဒါကို “ႏိုင္ငံေရး သနားၾကင္နာမႈ ညီမွ် ျခင္း” (Political Pity Equation - PPE) အျဖစ္ သတ္မွတ္ ႏိုင္ပါတယ္။ ပိုၿပီး တိက်တဲ့ပုံစံနဲ႔ေျပာရရင္ ေတာ့ “လူထု သနားၾကင္နာမႈ ညီမွ်ျခင္း” (Public Pity Equa- tion) ျဖစ္ပါတယ္။ ဒါဟာ သတင္းအခ်က္အလက္ စစ္ပြဲမွာ သနားၾကင္နာမႈကို ဘယ္လို ဖန္တီးၿပီး မဟာ ဗ်ဴဟာေျမာက္ ဘယ္လိုပုံေဖာ္ႏိုင္တယ္ဆိုတာကို နားလည္ဖို႔အတြက္ ခိုင္မာတဲ့လမ္းၫႊန္ ခ်က္တစ္ခုပါပဲ။ ညီမွ်ျခင္းကေတာ့ P = U + S + G + R + C ပဲ ျဖစ္ပါတယ္။
သနားၾကင္နာမႈကို ႏိုင္ငံေရးအရ အသုံးခ်တဲ့ေဖာ္ျမဴလာဟာ အစြမ္းထက္သလို လိုသလို ပုံသြင္း ႏိုင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အခ်က္တစ္ခ်က္ခ်င္းစီကို အတိအက်ခ်ိန္ညႇိၿပီး လူထုရဲ႕ေထာက္ ခံမႈကိုပုံေဖာ္ႏိုင္လို႔ပါပဲ။ သတင္းအခ်က္အလက္ စစ္ပြဲ ဆင္ႏႊဲသူေတြက က႑အသီးသီးမွာ ဒီအခ်က္ေတြ ကို ပုံမွန္ျခယ္လွယ္ၿပီး သနားၾကင္နာမႈကိုခ်ိန္ညႇိၾကပါတယ္။စိတ္ခံစားမႈကိုလႈံ႕ေဆာ္တဲ့ဇာတ္လမ္းေတြကို ဖန္တီးၿပီး ေျပာင္းလဲေနတဲ့ ႏိုင္ငံေရးရည္႐ြယ္ခ်က္ေတြ ကိုအေထာက္အကူျပဳတဲ့ ျပင္းထန္တဲ့စိတ္ခံစားမႈ၊ တုံ႔ျပန္မႈေတြကို ျဖစ္ေပၚေစပါတယ္။ ဒီလို စြယ္စုံသုံးႏိုင္တဲ့အတြက္ “ႏိုင္ငံေရး သနားၾကင္နာမႈညီမွ်ျခင္း” ဟာ လႊမ္းမိုးမႈနဲ႔ထိန္းခ်ဳပ္မႈအတြက္ အလြန္အစြမ္းထက္တဲ့ကိရိယာတစ္ခု ျဖစ္လာေစပါတယ္။ သနား ၾကင္နာမႈဟာ ကမာၻလုံးဆိုင္ရာ သတင္းအခ်က္အ လက္စစ္ပြဲရဲ႕ရလဒ္ေတြကို အတိအက်ေျပာင္းလဲႏိုင္ တာေၾကာင့္ ၎ကိုျဖစ္ေပၚေစတဲ့ အဓိကလႈံ႕ေဆာ္မႈ ငါးခုကို တစ္ခုခ်င္းစီ နားလည္ထားဖို႔ လိုအပ္ပါမယ္။
တရားမွ်တမႈမရွိျခင္း (U)
မတရားဘူးလို႔ ထင္ျမင္ယူဆျခင္းက သနားၾကင္နာမႈကိုမီးထိုးေပးတဲ့ မီးပြားတစ္ခုျဖစ္ၿပီး နက္ ရႈိင္းတဲ့စိတ္ခံစားမႈေတြကို လႈပ္ရွားေစပါတယ္။ အျပစ္မဲ့သူတစ္ဦး ေထာင္က်တာမ်ိဳးက မတရားဘူးလို႔ ခံစား ရေစပါတယ္။ (၂၀၂၀) ျပည့္ႏွစ္မွာ ရဲတပ္ဖြဲ႕ရဲ႕ အာ ဏာအလြဲသုံးစားလုပ္မႈေၾကာင့္ ထိခိုက္နစ္နာမႈ ခံစား ခဲ့ရတဲ့ ေဂ်ာ့ခ်္ဖလြိဳက္ေၾကာင့္ ကမာၻတစ္ဝန္းမွာ သနားၾကင္နာမႈေတြ ျမင့္တက္လာခဲ့ပါတယ္။ ရဲ အရာရွိတစ္ဦးက ဒူးနဲ႔လည္ပင္းကိုဖိထားတာေၾကာင့္ ေဂ်ာ့ခ်္ ဖလြိဳက္ဟာ ကြၽန္ေတာ္ အသက္ရႉလို႔ မရ ေတာ့ဘူးဆိုၿပီး ေမာဟိုက္စြာေျပာေနခဲ့တာပါ။ အဲဒီျဖစ္ရပ္ရဲ႕ ဗီဒီယိုဖိုင္ဟာ ေတာမီးလိုပဲပ်ံ႕ႏွံ႔သြားၿပီး ကမာၻတစ္ဝန္းက ဒီကိစၥအေပၚ မေက်နပ္မႈေတြျမင့္တက္ေစခဲ့ပါတယ္။ ျပည္သူလူထုရဲ႕ ျပင္းထန္တဲ့ သနားၾကင္နာမႈေၾကာင့္ ထပ္ခါတလဲလဲ ျပစ္မႈက်ဴးလြန္ဖူးသူ ေဂ်ာ့ခ်္ ဖလြိဳက္ဟာ မတရားေသဆုံးခဲ့ရ တယ္ဆိုတဲ့အခ်က္က လႊမ္းမိုးသြားခဲ့ပါတယ္။ သူရဲ႕ေသဆုံးမႈက အစုလိုက္ အၿပဳံလိုက္ ဆႏၵျပမႈေတြ၊ ရဲတပ္ဖြဲ႕ကိုဖ်က္သိမ္းဖို႔ ေတာင္းဆိုမႈေတြနဲ႔ ေဒၚလာ (၁) ဘီလီယံေက်ာ္ ပ်က္စီးဆုံးရႈံးမႈျဖစ္ေစခဲ့တဲ့ အဓိက႐ုဏ္းေတြကို ျဖစ္ေပၚေစခဲ့တာပါ။
ဒီျဖစ္ရပ္နဲ႔ဆန႔္က်င္ဘက္ကိုျပရမယ္ဆိုရင္ အာဏာရွင္တစ္ဦး နန္းက်တဲ့အခါ သနားၾကင္နာမႈနဲ႔ တုံ႔ျပန္တာမ်ိဳးမရဘဲ ေအးစက္တဲ့ေက်နပ္မႈနဲ႔သာ တုံ႔ျပန္တာကို (၁၉၈၉)ခုႏွစ္မွာ ႐ိုေမးနီးယားသမၼတ Nicolae Ceaușescu ကို ပစ္သတ္ကြပ္မ်က္ခဲ့တဲ့အ ခါ လူအုပ္ႀကီးဟာ ဝမ္းနည္းျခင္းမရွိဘဲ စိတ္သက္သာ ရာရသြားသလို ျဖစ္ေနၾကတာက သက္ေသပါပဲ။
ေမွ်ာ္လင့္မထားတဲ့႐ုတ္တရက္ေျပာင္းလဲမႈ (S)
ဇာတ္လမ္းကို ေၾကကြဲစရာေကာင္းၿပီး စိတ္လႈပ္ရွားစရာျဖစ္ေစတဲ့အဓိကအခ်က္ေတြထဲက တစ္ ခုျဖစ္တဲ့ ေမွ်ာ္လင့္မထားတဲ့ ႐ုတ္တရက္ေျပာင္းလဲမႈဟာ သနားၾကင္နာမႈကိုလည္း ျဖစ္ေပၚေစပါတယ္။ ထင္ရွားတဲ့ ဥပမာတစ္ခုကေတာ့ ဂရိဒရာမာတစ္ခုမွာ ဘုရင္ Oedipus ဟာ သူ႔ဖခင္ကို မသိဘဲသတ္မိၿပီး သူ႔အေမကိုလက္ထပ္မိေနမွန္း ႐ုတ္တရက္ ေၾကာက္မက္ဖြယ္ေတြ႕ရွိခဲ့တာပါပဲ။ ဒီေမွ်ာ္လင့္မထားတဲ့သိရွိ မႈကေန ေၾကာက္မက္ဖြယ္ရာအျဖစ္ဆိုးေတြ ဆင့္ကဲျဖစ္ေပၚလာခဲ့တယ္။ ကိုယ့္မ်က္လုံးကိုယ္ေဖာက္တာ၊ အရွက္ရတာ၊ ၿပီးေတာ့ နန္းစြန႔္ခဲ့ရတာေတြေပါ့။
ျပင္းထန္ဆိုး႐ြားတဲ့ နာက်င္မႈ (G)
သနားၾကင္နာမႈအတြက္ နာက်င္မႈလိုအပ္ပါတယ္။ ဒါေပမဲ့ မွန္ကန္တဲ့ပမာဏနဲ႔ ျဖစ္ဖို႔လိုပါတယ္။ အကယ္၍ ထိခိုက္မႈက သိပ္မျပင္းထန္ဘူးဆိုရင္ ကြၽန္ေတာ္တို႔ကို သိပ္မထိခိုက္ပါဘူး။ ဒါေပမဲ့ ကံဆိုးမႈ က အလုံးဆုံးပ်က္သုဥ္းျခင္းဆီ ဦးတည္သြားရင္ေတာ့ ေမွ်ာ္လင့္ခ်က္ေတြ ေပ်ာက္ဆုံးသြားပါၿပီ။ ေျပာင္း လဲဖို႔လည္း မရွိေတာ့ပါဘူး။ အဲဒီအခါမွာ ေပၚလာတာက သနားၾကင္နာမႈမဟုတ္ေတာ့ဘဲ ေၾကာက္႐ြံ႕မႈ၊ ၾကည္ညိဳေလးစားမႈ၊ ဒါမွမဟုတ္ ခံစားမႈမဲ့ျခင္းပဲ ျဖစ္ပါတယ္။ ဒါဟာ သနားၾကင္နာမႈရဲ႕ ေျပာင္းလဲ တတ္ တဲ့ သေဘာ သဘာဝကို ထင္ရွားစြာျပသေနတာပါ။ ခရစ္ယာန္ဘာသာေရးမွာ လက္ဝါး ကပ္တိုင္ေပၚက ေယရႈအတြက္ ခံစားရမႈကို သူမေသဆုံးခင္က သနားၾကင္နာမႈအျဖစ္ ေဖာ္ျပေလ့ရွိၿပီး၊ ေသဆုံးၿပီးတဲ့ ေနာက္မွာေတာ့ ၾကည္ညိဳေလးစားမႈအျဖစ္ ေျပာင္းလဲသြားပါတယ္။
ခ်က္ခ်င္းေသဆုံးသြားတဲ့သူထက္ နာက်င္စြာ ေအာ္ဟစ္ေနတဲ့ဒဏ္ရာရသူကို ကြၽန္ေတာ္တို႔က ပိုစာနာတတ္ၾကပါတယ္။ (၁၉၇၂) ခုႏွစ္မွာ အေမရိကန္မဟာမိတ္ရဲ႕ နာပန္ဗုံးႀကဲမႈအၿပီး ေၾကာက္လန႔္ တၾကားထြက္ေျပးေနရတဲ့ ဗီယက္နမ္မိန္းကေလး ဖန္သီကင္ဖုရဲ႕ ရင္သပ္ရႈေမာဖြယ္ပုံရိပ္ကလည္း နာက်င္မႈကို မီးေမာင္းထိုးျပခဲ့ပါတယ္။ ဒါနဲ႔ဆန႔္က်င္ဘက္အား ျဖင့္ (၂၀၂၅) ခုႏွစ္မွာ အစၥေရးနဲ႔ အေမရိ ကန္တို႔ရဲ႕တိုက္ခိုက္မႈေတြေၾကာင့္ အီရန္အရပ္သားေတြ ေသဆုံးခဲ့ရတာကိုေတာ့ သိပ္ၿပီး အာ႐ုံစိုက္မခံရ ပါဘူး။
ဆင္တူျခင္း (R)
ကြၽန္ေတာ္တို႔ဟာ ကြၽန္ေတာ္တို႔နဲ႔ ဆင္တူတဲ့သူေတြကို ပိုၿပီးဂ႐ုစိုက္မိတတ္ၾကပါတယ္။ ကြၽန္ ေတာ္တို႔ရဲ႕႐ုန္းကန္မႈေတြ ဒါမွမဟုတ္ ဘဝလမ္းေၾကာင္းေတြ တူညီေနတဲ့အခါ သူတို႔ရဲ႕နာက်င္မႈဟာ ကြၽန္ေတာ္တို႔နဲ႔ ပိုၿပီးနီးစပ္လာပါတယ္။ ဒါေၾကာင့္ သူတို႔ခံစားရတဲ့ဒုကၡကို ကြၽန္ေတာ္တို႔ကလည္း လိုက္ခံ စားေပးႏိုင္ပါတယ္။ မာလာလာ ယူဆပ္ဇိုင္အေၾကာင္း တစ္ခ်က္ေလာက္စဥ္းစားၾကည့္ပါ။ သူက ကမာၻ တစ္ဝန္းက ကေလးသန္းေပါင္းမ်ားစြာ ပုံမွန္လုပ္ေနက်ကိစၥတစ္ခုျဖစ္တဲ့ ေက်ာင္းတက္ျခင္းေၾကာင့္ ေသနတ္နဲ႔ အပစ္ခံခဲ့ရတဲ့ ပါကစၥတန္မိန္းကေလးတစ္ေယာက္ပါ။ အဲဒီလို အလားတူ ရင္းႏွီးကြၽမ္းဝင္မႈ ေၾကာင့္ သူရဲ႕ ဇာတ္လမ္းက ခ်က္ခ်င္း ကမာၻအႏွံ႔ သနားၾကင္နာမႈကို ျဖစ္ေပၚေစခဲ့ပါတယ္။
နီးစပ္မႈ (C)
သနားၾကင္နာမႈဟာ နီးစပ္မႈအေပၚမွာ မူတည္ၿပီး ျဖစ္ေပၚတတ္ပါတယ္။ ဆင္းရဲဒုကၡက မၾကာ ေသးမီက ျဖစ္ပ်က္ခဲ့တာ ဒါမွမဟုတ္ အနီးအနားမွာရွိတဲ့အခါ ကြၽန္ေတာ္တို႔ ပိုၿပီး စိတ္ထိခိုက္တတ္ပါ တယ္။ ဒုကၡက အရမ္းနီးကပ္သြားရင္ ဒီစိတ္ခံစားမႈက ေၾကာက္႐ြံ႕မႈအျဖစ္ေျပာင္းသြားၿပီး အရမ္းေဝးကြာ သြားရင္ေတာ့ လ်စ္လ်ဴရႈမႈအျဖစ္ ေမွးမွိန္သြားတတ္ပါတယ္။ အလယ္အလတ္ နီးစပ္မႈရွိမွာသာ သနား ၾကင္နာမႈကိုျဖစ္ေပၚေစတာပါ။ (၂၀၁၅) ခုႏွစ္မွာ ေရနစ္ေသဆုံးခဲ့တဲ့ အသက္ႏွစ္ႏွစ္အ႐ြယ္ ဆီးရီးယား ဒုကၡသည္ေလး အလန္ကာဒီရဲ႕ ေၾကကြဲ ဖြယ္ဓာတ္ပုံဟာ ဒီႏူးညံ့သိမ္ေမြ႕တဲ့ အလယ္အလတ္ အေန အထားကို အျပည့္အဝ ပုံေဖာ္ခဲ့ပါတယ္။ သူရဲ႕အျပစ္ကင္းစင္မႈက ကမာၻလုံးဆိုင္ရာ သနားၾကင္နာမႈကို ျဖစ္ေပၚေစဖို႔ လုံေလာက္စြာ နီးစပ္ခဲ့ပါတယ္။
အထက္ပါဥပမာေတြက လူအမ်ားစုကို လႊမ္းၿခဳံႏိုင္တဲ့ ဝါဒျဖန႔္ခ်ိေရးပုံရိပ္ေတြဟာ ဘယ္လို အေျခ အေနမ်ိဳးမွာမဆို ဘယ္ေလာက္အထိ အစြမ္း ထက္လဲဆိုတာကို ျပသေနပါတယ္။ စိတ္ခံစားမႈဆိုင္ရာ ေသာ့ခ်က္ေတြလိုလုပ္ေဆာင္ၿပီး သူတို႔ရဲ႕အစြမ္း ဟာ သနားၾကင္နာမႈကိုလႈံ႕ေဆာ္ေပးပါတယ္။ ဒါေၾကာင့္ လည္း သူတို႔ဟာ လႊမ္းမိုးမႈနဲ႔ထိန္းခ်ဳပ္မႈအတြက္ အသုံးခ်ခံေတြျဖစ္ေနတာပါ။ ကေလးငယ္ဟာ ဝါဒျဖန႔္ခ်ိ ေရးေလာကရဲ႕ န်ဴကလီးယားလက္နက္တစ္ခုလိုပါပဲ၊ လုံးဝလ်စ္လ်ဴရႈလို႔မရပါဘူး။ စိတ္ခံစားမႈဆိုင္ရာ သက္ေရာက္မႈကလည္းႀကီးမားလြန္းပါတယ္။
ကေလးတစ္ဦးရဲ႕ အျပစ္ကင္းစင္မႈနဲ႔ ထိခိုက္လြယ္မႈေတြက တရားမွ်တမႈမရွိဘူးလို႔ ထင္ရေစ ပါတယ္။ ရယ္ေမာသံေတြနဲ႔ အလင္းေရာင္ကို ေမွ်ာ္ လင့္ရမယ့္ေနရာမွာ ေမွာင္မိုက္မႈေတြပဲရွိေနၿပီး အဲဒီ ကြဲလြဲမႈက ထိတ္လန႔္တုန္လႈပ္မႈကို ျဖစ္ေစပါတယ္။ ကေလးတစ္ဦးရဲ႕ဆင္းရဲဒုကၡဟာ ပုံသဏၭာန္မဲ့အျဖစ္ ရွိမေနပါဘူး၊ ဒါဟာ ၾကည့္ရႈသူေတြကို အံ့ဩစရာ ေကာင္းေလာက္ေအာင္ နီးစပ္လာေစပါတယ္။ ရင္းႏွီး တယ္၊ လက္လွမ္းမီႏိုင္တယ္လို႔ ခံစားရေစပါတယ္။ ငတ္မြတ္ေနတဲ့ မ်က္လုံးျပဴးျပဴးကေလးေလးေတြရဲ႕ ရင္သပ္ရႈေမာဖြယ္ဓာတ္ပုံေတြဟာ အမာဆုံးႏွလုံး သားကိုေတာင္ ေဖာက္ထြင္းဝင္ေရာက္ႏိုင္ပါတယ္။ ဒီအခ်က္ေတြက သီအိုရီပိုင္းဆိုင္ရာအခ်က္ေတြပါ။ အဲဒါေတြကို ႏိုင္ငံေရးသမားေတြအေနနဲ႔ လက္နက္ တစ္ခုလို လက္ေတြ႕ ဘယ္လိုအသုံးခ်လဲဆိုတာကို ေတာ့ ယူကရိန္းနဲ႔ဂါဇာစစ္ပြဲကို ႏႈိင္းယွဥ္ေလ့လာ ၾကည့္ရင္သိႏိုင္ပါတယ္။ ဒီႏႈိင္းယွဥ္ေလ့လာခ်က္ ကိုေတာ့ ေနာက္တစ္ပတ္မွာ ဆက္လက္ေဖာ္ျပသြား ပါမယ္။

ကိုးကား-
မဟာဗ်ဴဟာႏွင့္ စီးပြားေရးမူဝါဒဆိုင္ရာ ကြၽမ္းက်င္ပညာရွင္ Dr. Kai-Alexander Schlevogt \ Prof. Schlevogt’s Compass No. 20: The Political Pity Equation – Who deserves our tears၊ ကို ဘာသာျပန္ဆိုထား ျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.