NSPNC၊ သတင်းမီဒီယာကောင်စီ အပါအဝင် ကော်မတီ နှင့် ကော်မရှင် နှင့် အဖွဲ့ပေါင်း ၁၉၄ ဖွဲ့ကို ဖျက်သိမ်း

3389

သုတကျော် (NP News) - ဩဂုတ် ၆
နစက အစိုးရလက်ထက်က ဖွဲ့စည်းခဲ့သော အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)၊ သတင်းမီဒီယာကောင်စီ အပါအဝင် ကော်မတီ နှင့် ကော်မရှင် နှင့် အဖွဲ့ပေါင်း ၁၉၄ ဖွဲ့ကို ဖျက်သိမ်းလိုက်ကြောင်း ဩဂုတ်လ ၁ ရက် ရက်စွဲ ဖြင့် အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီ ရုံးက ထုတ်ပြန်ထားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ရုံး က အမိန့်၊ အမိန့်ကြော်ငြာစာထုတ်ပြန်၍ ဖွဲ့စည်းပေးထားသော အဆိုပါ အဖွဲ့များကို ဖျက်သိမ်းခဲ့ရာတွင် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်အပ်နှင်း ပွဲကျင်းပရေး နာယကအဖွဲ့ နှင့် ဦးစီးကော်မတီ၊ အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ အမျိုးသားစည်းလုံးညီညွတ်ရေနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ၊ အမျိုးသား စည်းလုံး ညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ၊ မြေယာကိစ္စများ ကြိုတင်စိစစ်ရေးအဖွဲ့၊ ကုန်သွယ်မှု နှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ၊ ကုန်သွယ်မှုနှင့် ကုန်စည် စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီ စသည်တို့ ပါဝင်သည်။
လုပ်ငန်းစဉ် အရ နစက အစိုးရ လက်ထက်က ဖွဲ့စည်းခဲ့သော ယင်းအဖွဲ့များကို ဖျက်သိမ်းခဲ့ခြင်းဖြစ်ပြီး အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီက ထုတ်ပြန်ချက် ထုတ်ကာ ဆက်လက်၍ ယင်းအဖွဲ့များကို အတည်ပြုမည် ဖြစ်ကြောင်းလည်း သိရသည်။

NSPNC၊ သတင္းမီဒီယာေကာင္စီ အပါအဝင္ ေကာ္မတီ ႏွင့္ ေကာ္မရွင္ ႏွင့္ အဖြဲ႕ေပါင္း ၁၉၄ ဖြဲ႕ကို ဖ်က္သိမ္း
သုတေက်ာ္ (NP News) - ဩဂုတ္ ၆
နစက အစိုးရလက္ထက္က ဖြဲ႕စည္းခဲ့ေသာ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈ ညႇိႏႈိင္းေရးေကာ္မတီ (NSPNC)၊ သတင္းမီဒီယာေကာင္စီ အပါအဝင္ ေကာ္မတီ ႏွင့္ ေကာ္မရွင္ ႏွင့္ အဖြဲ႕ေပါင္း ၁၉၄ ဖြဲ႕ကို ဖ်က္သိမ္းလိုက္ေၾကာင္း ဩဂုတ္လ ၁ ရက္ ရက္စြဲ ျဖင့္ အမ်ိဳးသားကာကြယ္ေရး ႏွင့္ လုံၿခဳံေရးေကာင္စီ ႐ုံးက ထုတ္ျပန္ထားသည္။
ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ႐ုံး က အမိန႔္၊ အမိန႔္ေၾကာ္ျငာစာထုတ္ျပန္၍ ဖြဲ႕စည္းေပးထားေသာ အဆိုပါ အဖြဲ႕မ်ားကို ဖ်က္သိမ္းခဲ့ရာတြင္ သာသနာေတာ္ဆိုင္ရာဘြဲ႕တံဆိပ္ေတာ္မ်ား ဆက္ကပ္ခ်ီးျမႇင့္အပ္ႏွင္း ပြဲက်င္းပေရး နာယကအဖြဲ႕ ႏွင့္ ဦးစီးေကာ္မတီ၊ အမ်ိဳးသားစည္းလုံးညီၫြတ္ေရး ႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈ ဗဟိုေကာ္မတီ၊ အမ်ိဳးသားစည္းလုံးညီၫြတ္ေရႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈ လုပ္ငန္းေကာ္မတီ၊ အမ်ိဳးသား စည္းလုံး ညီၫြတ္ေရး ႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈညႇိႏႈိင္းေရးေကာ္မတီ၊ ေျမယာကိစၥမ်ား ႀကိဳတင္စိစစ္ေရးအဖြဲ႕၊ ကုန္သြယ္မႈ ႏွင့္ ကုန္စည္စီးဆင္းမႈမ်ား မွန္ကန္ျမန္ဆန္ေစေရးဗဟိုေကာ္မတီ၊ ကုန္သြယ္မႈႏွင့္ ကုန္စည္ စီးဆင္းမႈမ်ား မွန္ကန္ျမန္ဆန္ေစေရး လုပ္ငန္းေကာ္မတီ စသည္တို႔ ပါဝင္သည္။
လုပ္ငန္းစဥ္ အရ နစက အစိုးရ လက္ထက္က ဖြဲ႕စည္းခဲ့ေသာ ယင္းအဖြဲ႕မ်ားကို ဖ်က္သိမ္းခဲ့ျခင္းျဖစ္ၿပီး အမ်ိဳးသားကာကြယ္ေရး ႏွင့္ လုံၿခဳံေရးေကာင္စီက ထုတ္ျပန္ခ်က္ ထုတ္ကာ ဆက္လက္၍ ယင္းအဖြဲ႕မ်ားကို အတည္ျပဳမည္ ျဖစ္ေၾကာင္းလည္း သိရသည္။