အမေရိကန်ရဲ့လုပ်ရပ်တွေက နျူကလီးယားဆွေးနွေးပွဲလမ်းကြောင်းကို ပိတ်ဆို့စေတယ်လို့ အီရန်ဝေဖန်

218

Pika(NP News)စက်တင်ဘာ၄
အီရန်နဲ့ အမေရိကန်ကြား နျူကလီးယားဆွေးနွေးပွဲဆိုင်ရာလမ်းကြောင်းတွေဟာ မပိတ်သေးပေမယ့်လည်း အီရန်ဒုံးကျည်တွေအပေါ် ကန့်သတ်မှုတွေလုပ်ဆောင်ဖို့အတွက် အမေရိကန်ရဲ့တောင်းဆိုမှုတွေဟာ ဆွေးနွေးပွဲအတွက် အလားအလာတွေကို အဟန့်အတားဖြစ်စေတယ်လို့ အီရန်အကြီးတန်းအရာရှိတစ်ဦးက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ပြီးခဲ့တဲ့ဇွန်လတုန်းက အီရန်နဲ့အစ္စရေးကြား (၁၂)ရက်ကြာစစ်ပွဲဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်နဲ့အီရန်ကြားလုပ်ဆောင်လျက်ရှိတဲ့ နျူကလီးယားဆွေးနွေးပွဲတွေ ရပ်ဆိုင်းသွားခဲ့တယ်လို့လည်း သိရပါတယ်။ဒါ့ပြင် အမေရိကန်ကလည်း အစ္စရေးဘက်ကနေ ပါဝင်ကူညီတိုက်ခိုက်ပေးခဲ့ပြီး အီရန်ရဲ့နျူကလီးယားနေရာသုံးခုကို ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။အီရန်အကြီးတန်းအရာရှိ Ali Larijaniက”ကျိုးကြောင်းဆီလျော်တဲ့ စေ့စပ်ညှိနှိုင်းမှုတွေကို ကျွန်တော်တို့ဘက်က အမှန်တကယ်လုပ်ဆောင်နေပါတယ်။ဒုံးကျည်ကန့်သတ်ချက်တွေလိုမျိုး ပြဿနာတွေကို ဖန်တီးဖို့တောင်းဆိုခဲ့တဲ့ အမေရိကန်ရဲ့လုပ်ရပ်ဟာ နျူကလီးယားဆွေးနွေးပွဲနဲ့ပတ်သက်တဲ့ လမ်းကြောင်းတွေကို အဟန့်အတားဖြစ်စေပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။အီရန်ရဲ့ ယူရေနီယမ်သန့်စင်မှု အစီအစဉ်တွေဟာ နျူကလီးယားလက်နက်အတွက် ပစ္စည်းတွေထုတ်လုပ်ပေးနိုင်သွားမှာကို အနောက်အုပ်စုနိုင်ငံတွေက ကာလရှည်ကြာစိုးရိမ်နေခဲ့ကြတာဖြစ်တယ်လို့လည်း သိရပါတယ်။ဒါပေမယ့်လည်း ၎င်းရဲ့နျူကလီးယားအစီအစဉ်တွေဟာ လျှပ်စစ်ဓါတ်အားထုတ်လုပ်ဖို့နဲ့ အခြားအရပ်ဘက်အသုံးပြုမှုတွေအတွက်သာဖြစ်တယ်လို့ အီရန်အစိုးရက အကြိမ်ကြိမ်ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

Zawgyi Version:
အေမရိကန္ရဲ႕လုပ္ရပ္ေတြက န်ဴကလီးယားေဆြးေႏြးပြဲလမ္းေၾကာင္းကို ပိတ္ဆို႔ေစတယ္လို႔ အီရန္ေဝဖန္
Pika(NP News)စက္တင္ဘာ၄
အီရန္နဲ႔ အေမရိကန္ၾကား န်ဴကလီးယားေဆြးေႏြးပြဲဆိုင္ရာလမ္းေၾကာင္းေတြဟာ မပိတ္ေသးေပမယ့္လည္း အီရန္ဒုံးက်ည္ေတြအေပၚ ကန႔္သတ္မႈေတြလုပ္ေဆာင္ဖို႔အတြက္ အေမရိကန္ရဲ႕ေတာင္းဆိုမႈေတြဟာ ေဆြးေႏြးပြဲအတြက္ အလားအလာေတြကို အဟန႔္အတားျဖစ္ေစတယ္လို႔ အီရန္အႀကီးတန္းအရာရွိတစ္ဦးက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ၿပီးခဲ့တဲ့ဇြန္လတုန္းက အီရန္နဲ႔အစၥေရးၾကား (၁၂)ရက္ၾကာစစ္ပြဲျဖစ္ပြားခဲ့ၿပီးေနာက္ အေမရိကန္နဲ႔အီရန္ၾကားလုပ္ေဆာင္လ်က္ရွိတဲ့ န်ဴကလီးယားေဆြးေႏြးပြဲေတြ ရပ္ဆိုင္းသြားခဲ့တယ္လို႔လည္း သိရပါတယ္။ဒါ့ျပင္ အေမရိကန္ကလည္း အစၥေရးဘက္ကေန ပါဝင္ကူညီတိုက္ခိုက္ေပးခဲ့ၿပီး အီရန္ရဲ႕န်ဴကလီးယားေနရာသုံးခုကို ဗုံးႀကဲတိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။အီရန္အႀကီးတန္းအရာရွိ Ali Larijaniက”က်ိဳးေၾကာင္းဆီေလ်ာ္တဲ့ ေစ့စပ္ညႇိႏႈိင္းမႈေတြကို ကြၽန္ေတာ္တို႔ဘက္က အမွန္တကယ္လုပ္ေဆာင္ေနပါတယ္။ဒုံးက်ည္ကန႔္သတ္ခ်က္ေတြလိုမ်ိဳး ျပႆနာေတြကို ဖန္တီးဖို႔ေတာင္းဆိုခဲ့တဲ့ အေမရိကန္ရဲ႕လုပ္ရပ္ဟာ န်ဴကလီးယားေဆြးေႏြးပြဲနဲ႔ပတ္သက္တဲ့ လမ္းေၾကာင္းေတြကို အဟန႔္အတားျဖစ္ေစပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။အီရန္ရဲ႕ ယူေရနီယမ္သန႔္စင္မႈ အစီအစဥ္ေတြဟာ န်ဴကလီးယားလက္နက္အတြက္ ပစၥည္းေတြထုတ္လုပ္ေပးႏိုင္သြားမွာကို အေနာက္အုပ္စုႏိုင္ငံေတြက ကာလရွည္ၾကာစိုးရိမ္ေနခဲ့ၾကတာျဖစ္တယ္လို႔လည္း သိရပါတယ္။ဒါေပမယ့္လည္း ၎ရဲ႕န်ဴကလီးယားအစီအစဥ္ေတြဟာ လွ်ပ္စစ္ဓါတ္အားထုတ္လုပ္ဖို႔နဲ႔ အျခားအရပ္ဘက္အသုံးျပဳမႈေတြအတြက္သာျဖစ္တယ္လို႔ အီရန္အစိုးရက အႀကိမ္ႀကိမ္ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။