ရုရှားသမ္မတပူတင်ကို အလွန်စိတ်ပျက်မိတယ်လို့ ဒေါ်နယ်ထရမ့် ထုတ်ဖော်ပြောဆို

 798

Pika(NP News)စက်တင်ဘာ ၄
ရုရှားသမ္မတပူတင်ကို အလွန်စိတ်ပျက်မိတယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ဒါ့ပြင် ယူကရိန်းမှာဖြစ်ပွားနေတဲ့စစ်ပွဲနဲ့ပတ်သက်ပြီး သေဆုံးမှုတွေကို လျှော့ချနိုင်ဖို့အတွက် အရေးယူဆောင်ရွက်မှုအချို့ကို လုပ်ဆောင်ဖို့ အမေရိကန်အစိုးရက စီစဉ်နေတယ်လို့လည်း ဒေါ်နယ်ထရမ့်ကပြောကြားခဲ့ပါတယ်။ဒါပေမယ့်လည်း ဘယ်လိုအရေးယူဆောင်ရွက်မှုတွေလုပ်ဆောင်မယ်ဆိုတဲ့ အသေးစိတ်အချက်အလက်တွေကို ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့တာမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။ပြီးတော့ ရုရှားနဲ့တရုတ်ကြားနွေးထွေးတဲ့ဆက်ဆံရေးတွေနဲ့ပတ်သက်ပြီး စိတ်ပူတာမျိုးမရှိဘူးလို့လည်း ဒေါ်နယ်ထရမ့်ကပြောကြားခဲ့ပါတယ်။ဒေါ်နယ်ထရမ့်ဟာ ပူတင်၊ယူကရိန်းသမ္မတဇီလန်စကီးနဲ့ သီးခြားတွေ့ဆုံမှုတွေကို ပြီးခဲ့တဲ့လတုန်းက လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။ဒါ့ပြင် ဇီလန်စကီးနဲ့ပူတင်တို့ကြား တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဆောင်နိုင်ဖို့ မျှော်လင့်ထားတယ်လို့လည်း ဒေါ်နယ်ထရမ့်က အဲ့ဒီအစည်းအဝေးတွေအပြီးမှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ပူတင်နဲ့၎င်းတို့ကြားတွေ့ဆုံမှုမဖြစ်ပွားလာစေဖို့အတွက် ရုရှားဘက်က တတ်နိုင်သမျှအရာအားလုံးကို လုပ်ဆောင်နေတယ်လို့ ဇီလန်စကီးက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။ ရုရှား-ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့အတွက် ပူတင်နဲ့ တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ ဇီလန်စကီးက တွန်းအားပေးခဲ့ပေမယ့်လည်း အဲ့ဒီလိုမျိုးဆွေးနွေးပွဲအတွက် အစီအစဉ်တကျပြင်ဆင်ထားတာမျိုးမရှိဘူးလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလာရော့ဗ်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ဒေါ်နယ်ထရမ့်က”ပူတင်နဲ့ပတ်သက်ပြီး တကယ်ကိုစိတ်ပျက်မိပါတယ်။လူတွေသေဆုံးနေတာကို လျှော့ချနိုင်ဖို့အတွက် ကျွန်တော်တို့ တစ်ခုခုလုပ်သွားမှာပါ။”လို့ပြောဆိုခဲ့ပါတယ်။

Zawgyi Version:
႐ုရွားသမၼတပူတင္ကို အလြန္စိတ္ပ်က္မိတယ္လို႔ ေဒၚနယ္ထရမ့္ ထုတ္ေဖာ္ေျပာဆို
Pika(NP News)စက္တင္ဘာ ၄
႐ုရွားသမၼတပူတင္ကို အလြန္စိတ္ပ်က္မိတယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ဒါ့ျပင္ ယူကရိန္းမွာျဖစ္ပြားေနတဲ့စစ္ပြဲနဲ႔ပတ္သက္ၿပီး ေသဆုံးမႈေတြကို ေလွ်ာ့ခ်ႏိုင္ဖို႔အတြက္ အေရးယူေဆာင္႐ြက္မႈအခ်ိဳ႕ကို လုပ္ေဆာင္ဖို႔ အေမရိကန္အစိုးရက စီစဥ္ေနတယ္လို႔လည္း ေဒၚနယ္ထရမ့္ကေျပာၾကားခဲ့ပါတယ္။ဒါေပမယ့္လည္း ဘယ္လိုအေရးယူေဆာင္႐ြက္မႈေတြလုပ္ေဆာင္မယ္ဆိုတဲ့ အေသးစိတ္အခ်က္အလက္ေတြကို ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔လည္း သိရပါတယ္။ၿပီးေတာ့ ႐ုရွားနဲ႔တ႐ုတ္ၾကားေႏြးေထြးတဲ့ဆက္ဆံေရးေတြနဲ႔ပတ္သက္ၿပီး စိတ္ပူတာမ်ိဳးမရွိဘူးလို႔လည္း ေဒၚနယ္ထရမ့္ကေျပာၾကားခဲ့ပါတယ္။ေဒၚနယ္ထရမ့္ဟာ ပူတင္၊ယူကရိန္းသမၼတဇီလန္စကီးနဲ႔ သီးျခားေတြ႕ဆုံမႈေတြကို ၿပီးခဲ့တဲ့လတုန္းက လုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။ဒါ့ျပင္ ဇီလန္စကီးနဲ႔ပူတင္တို႔ၾကား တိုက္႐ိုက္ေတြ႕ဆုံေဆြးေႏြးမႈေတြလုပ္ေဆာင္ႏိုင္ဖို႔ ေမွ်ာ္လင့္ထားတယ္လို႔လည္း ေဒၚနယ္ထရမ့္က အဲ့ဒီအစည္းအေဝးေတြအၿပီးမွာ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ပူတင္နဲ႔၎တို႔ၾကားေတြ႕ဆုံမႈမျဖစ္ပြားလာေစဖို႔အတြက္ ႐ုရွားဘက္က တတ္ႏိုင္သမွ်အရာအားလုံးကို လုပ္ေဆာင္ေနတယ္လို႔ ဇီလန္စကီးက ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထုတ္ျပန္ေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။ ႐ုရွား-ယူကရိန္းစစ္ပြဲကို အဆုံးသတ္ဖို႔အတြက္ ပူတင္နဲ႔ တိုက္႐ိုက္ေတြ႕ဆုံေဆြးေႏြးမႈေတြလုပ္ေဆာင္ဖို႔ ဇီလန္စကီးက တြန္းအားေပးခဲ့ေပမယ့္လည္း အဲ့ဒီလိုမ်ိဳးေဆြးေႏြးပြဲအတြက္ အစီအစဥ္တက်ျပင္ဆင္ထားတာမ်ိဳးမရွိဘူးလို႔ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဆာေဂးလာေရာ့ဗ္က ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။ေဒၚနယ္ထရမ့္က”ပူတင္နဲ႔ပတ္သက္ၿပီး တကယ္ကိုစိတ္ပ်က္မိပါတယ္။လူေတြေသဆုံးေနတာကို ေလွ်ာ့ခ်ႏိုင္ဖို႔အတြက္ ကြၽန္ေတာ္တို႔ တစ္ခုခုလုပ္သြားမွာပါ။”လို႔ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.