အရာတော်-မြင်းမူလမ်း (သို့) တစ်နေ့တစ်လံခရီး

80

သုတကျော် (NP News) - အောက်တိုဘာလ ၂
" တစ်နေ့ တစ်လံ ပုဂံ ဘယ်ရွေ့မလဲ" ဆို သောစကားပုံ၏အနက်သည် ပုဂံသို့ရည်မှန်း၍ ခရီး ထွက်ခဲ့သူအနေဖြင့် တစ်နေ့တစ်လံမျှသာ သွားသည် ဆိုစေကာမူ နေ့စဉ်မှန်မှန်သွားပါက ပုဂံသို့ မုချရောက် မည်ဟုဆိုလို၏။ သို့သော် အရာတော်-မြင်းမူခရီး သည်ကား တစ်နေ့တစ်လံမျှပင် ရောက်ချင်မှရောက်မည့် ကိန်းဆိုက်နေလေပြီ။
မြန်မာနိုင်ငံအလယ်ပိုင်းမှ (၂၉)မိုင် သာ သာခန့်ရှိသော အရာတော်-မြင်းမူလမ်းပိုင်းသည် မြို့ ချင်းဆက်လမ်းတစ်ခုဆိုသောအခြေအနေမှ မြို့များ စွာ တွက် အရေးပါသောလမ်းတစ်လမ်း ဖြစ်သွားလိမ့် မည်ဟု မည်သူမျှ ယောင်၍ပင် စိတ်ကူးမိလိမ့်မည် မဟုတ်ပေ။
ဆောင်းပါးကိုမဖော်ပြမီ ယခု ဆောင်းပါး တွင် ဇာတ်ဆောင်အဖြစ်ပါဝင်သောမြို့နှစ်မြို့အ ကြောင်းကို အကြမ်းဖျင်းအားဖြင့် သိထားရန်လိုအပ် မည်ဟုထင်ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၏မြို့တော် မုံရွာ၏ အရှေ့မြောက်ဘက် (၂၇)မိုင်အကွာတွင်တည်ရှိသော အရာတော်မြို့သည် မုံရွာမြို့နှင့် ဆက်သွယ်ထားသော ကားလမ်းရှိပြီး ခရီးလမ်းတစ်ထောက် မြို့ဖြစ်သည်။ အခြားမြို့များစွာတို့သည် လမ်းပိုင်းအားဖြင့် ယင်းမြို့ နှင့် ချိတ်ဆက်လျက်ရှိကြ၏။ မြင်းမူမြို့သည် စစ်ကိုင်း-မုံ ရွာသွား မီးရထားလမ်းနှင့်မော်တော်ကား လမ်းနှစ်ခုစလုံးပေါ်တွင်တည်ရှိသည်။
ထို့ကြောင့် အခြေခံအားဖြင့် ယင်းမြို့နှစ်မြို့ ၏တည်နေရာသည် ခရီးသွားလာရေးနှင့် ကုန်စည်ကူး သန်းဖြန့်ချိရေးအတွက် ရေခံမြေခံကောင်းများကား ရှိပြီးဖြစ်သည်ဟုဆိုနိုင်သည်။
ယခင် လမ်းမကောင်းမီအချိန်က ခရီးလမ်း တို့ကြာမြင့်ခဲ့သည်။ ဒေသခံတို့အနေဖြင့် အခက်အခဲ များဖြစ်ခဲ့ကြသည်။ လမ်းတစ်လမ်းဖြစ်ရန်အတွက် ဒေသခံတို့၏လိုအပ်ချက်က အခရာကျသည်ဖြစ်၏။ လမ်းကောင်းတို့ပေါ်ပေါက်ရသောအကြောင်းများအ နက် အသုံးများ၍လမ်းဖြစ်နေသော လမ်းရိုးလမ်း ဟောင်းကို အဆင့်မြှင့်တင်ပေါ်ပေါက်သကဲ့သို့ ယခင် သွားရိုးလမ်းထက် ပိုကောင်းသော လမ်းအူကြောင်းရှာ ကာ ဖန်တီးခြင်းမျိုးဖြင့်လည်း ပေါ်ပေါက်လာတတ် သည်။
ခေတ်၏လိုအပ်ချက်အရ ဆောက်လုပ်ရေး ဝန်ကြီးဌာနကလည်း "မြစ်ကိုတွေ့လျှင် တံတားဆင်၊ ပြည်ခွင်သာဖို့လမ်းခင်းစို့"ဆိုသော ဆောင်ပုဒ် အတိုင်းပင် မြန်မာနိုင်ငံအနှံ့အပြားတွင် လမ်းသစ် ဖောက်လုပ်ခြင်း၊ လမ်းပိုင်းအဆင့်မြှင့်တင်ခြင်းတို့ ကို ဆောင်ရွက်ခဲ့သည်။
ထိုသို့ အချက်ပေါင်းများစွာကိုက်ညီခဲ့သော အခါ မြန်မာနိုင်ငံအတွင်းမှ အခြားလမ်းကွန်ရက်များ ကဲ့သို့ အရာတော်-မြင်းမူလမ်းသည်လည်း လမ်း ကောင်း၊ လမ်းမွန်တစ်လမ်းအဖြစ် ထွက်ပေါ်လာခဲ့ သည်။ အချိန်အတော်ကြာ ယင်းလမ်းသည် အေး ချမ်းသောလမ်းတစ်လမ်းဖြစ်ခဲ့သည်။
လမ်းမကြီးတစ်ခုမဟုတ်သော်လည်း လမ်း တစ်လမ်းပေါ်ပေါက်လာခြင်း၏ကောင်းကျိုးကို ဒေသ ခံများခံစားခဲ့ကြရသည်။ လူမှု၊ စီးပွားအကျိုးကျေးဇူး များစွာရရှိခဲ့ကြသည်။ သို့သော် စစ်က လမ်းကောင်းတို့ အပေါ် အရိပ်ထိုးလာသောအခါ လက်နက်ကိုင် သူပုန် တို့ကြောင့် ကောင်းစွာသွားလာနိုင်ခြင်းမပြုနိုင်တော့။ စိုးရိမ်စိတ်များဖြစ်ကြရသည်။ သူပုန်တို့တောင်းခံသော အလှူငွေဟု အမည်ပြောင်းထားသည့်ဆက်ကြေးကို ပေးကြရသည်။
သို့သော် ဆက်ကြေးပေးသည့်တိုင် ပိတ်လို က ပိတ်၊ ဖွင့်လိုကဖွင့်ခြင်းလည်း ပြုတတ်လေရာ ခရီး သွားပြည်သူတို့မှာ သွားရင်းပင် ရောက်သည့်နေရာ တွင်ရပ်တန့်ကြရသည်။ ငွေမပေါသူတို့ကား လမ်းတွင် စောင့်ရင်း ထမင်းငတ်ကြရသည်။ ငွေပေါသူတို့ကား ထမင်း၊ ဟင်းတို့ ဝယ်စားနိုင်ပါ၏။ သို့သော် ဈေးက ခေါင်ခိုက်နေသည်။ ယင်းသို့ လမ်းများအနက် အရာ တော်-မြင်းမူလမ်းပိုင်းကား ကမ္ဘာ့ ပိတ်လိုက်ဖွင့်လိုက် အဖြစ်ဆုံးလမ်းပိုင်းဟုပင်တင်စားရမည့် အနေအထား ဖြစ်သည်။
ရွှေဘို-စစ်ကိုင်း လမ်းပိုင်းပိတ်ခြင်း၊ စိတ် မချရခြင်းတို့ဖြစ်လာသောအခါ ယင်းဒေသမှ ပြည်သူ များအနေဖြင့် အခြား ရွေးချယ်စရာတစ်ခုမှာ အရာ တော်-မြင်းမူ လမ်းပိုင်းဖြစ်လာ၏။ ရွှေဘို၊ ဝက်လက်၊ ခင်ဦး၊ ကန့်ဘလူ၊ ကျွန်းလှ စသည်ဖြင့် မြို့နယ်များမှ ပြည်သူများမှာ ယင်းလမ်းပိုင်းကိုအသုံးများသည်။ မန္တလေး-ရွှေဘို လမ်းအတိုင်းလာကာ ရွှေဘိုမှထွက်၍ ရွာသာကြီးရွာဘက်တွင် လမ်းချိုးပြီး အရာတော်မြို့သို့ ဆက်သွားကာ ထိုမှတစ်ဆင့် မြင်းမူမရောက်မီ ထီး ဆောင်းရွာလမ်းခွဲတွင် စစ်ကိုင်းမြို့၊ မန္တလေးမြို့တို့သို့ ဆက်လက် ခရီးသွားရခြင်းဖြစ်သည်။
ကုန်ကားများလည်း ယင်းလမ်းကိုအသုံးပြု သည်။ ပြည်သူများကလည်းအသုံးပြုသည်။ ထို့ ကြောင့် အညာဒေသမှ လူသုံးအများဆုံးလမ်းပိုင်းများ အနက် ယင်းလမ်းလည်း တစ်လမ်းဖြစ်လာ၏။ အရာ တော်-မြင်းမူလမ်းသည် သမိုင်းတစ်လျှောက် ယခု ကာလတွင် မျက်နှာအပွင့်ဆုံးဖြစ်သော်လည်း မကောင်း သောအခြေအနေ၏ရိုက်ခတ်မှုကြောင့် မျက်နှာပွင့်နေ ခြင်းဖြစ်သည်။ သို့သော် လွတ်လွတ်လပ်လပ် မျက်နှာ ပွင့်နေခြင်းလည်းမဟုတ်ပါ။ PDF တို့က ယင်းလမ်းကို ပိတ်လိုက ပိတ်၊ ဖွင့်လိုက ဖွင့်နေကြသည်။
သို့သော်လည်း ပြည်သူတို့မှာ မသုံးမဖြစ် အဖြစ် ယင်းလမ်းကိုမှေးကာ အသုံးပြုနေကြရသည်။ အဆင်မပြေသည့်အတွက်ဟုဆိုကာ မသုံးပါကလည်း အခြားလမ်း ရွေးစရာမရှိပါ။ မိုးတွင်းကာလတွင် " အခုဆိုရင် နေ့တိုင်းနီးပါးလောက်ပိတ်နေပြီ။ တလောကဆို လမ်းမှာတင် သုံးရက်လောက်ကြာ တယ်။ ပါတာလေး အိမ်အတွက်ဝယ်လာတဲ့မုန့်ကို လမ်းမှာဖောက်စားရတဲ့ကိန်းဖြစ်သွားတယ်" ဟု ရွှေဘိုဒေသခံတစ်ဦးကဆိုသည်။
ယင်းလမ်းပိုင်းခေတ်စားလာခြင်းမှာ ယခု နှစ်ပိုင်းခန့်မှစတင်ခြင်းဖြစ်သော်လည်း အသုံးပြုသူ ပမာဏက များပြားသည်။ ယင်းသို့များပြားသည့်နည်း တူ လမ်းပိတ်သောအကြိမ်ကလည်းများသည်။ လမ်းစ အသုံးပြုချိန်ကစတင်၍ ယခုထက်တိုင် အကြိမ်ရေ (၁၀ဝ)ခန့် ပိတ်လိုက်၊ ဖွင့်လိုက်ပြုလုပ်ပြီး ဖြစ်သည် ဟုဆိုသည်။ စက်တင်ဘာလ တစ်လအတွင်းမှာပင် အကြိမ် (၂၀)ခန့် ပိတ်ခဲ့ပြီးဖြစ်သည်။ " PDF တွေက ပိတ်တာပဲ။ မိုးရွာရင် ပိတ်လိုက်၊ တပ်မတော်က စစ် ကြောင်းထိုးတယ်ဆိုပြီး ပိတ်လိုက်လုပ်နေတာ။ ဒီလထဲတင် အကြိမ် (၂၀)လောက်ရှိပြီ။ ဆက်တိုက် လိုကိုဖြစ်နေတာ။ ဘယ်လိုပြောရမှန်းလဲမသိတော့ ဘူး" ဟု ယင်းကဆိုသည်။
ယင်းသို့ ပိတ်လိုက်၊ ဖွင့်လိုက် မမှန်းနိုင် သောအခြေအနေကြောင့် ပြည်သူတို့၏ လူမှုစီးပွား ဘဝများ ဒုက္ခရောက်ကြရသည်။ မည်သည့်အချိန် တွင် ပိတ်မည်၊ ဖွင့်မည်ဟု မသိကြရလေရာ လမ်းတွင် ညအိပ်ရသောကာလလည်း ရောက်နိုင်သောအခြေအ နေဖြစ်သည်။ အဖြစ်များဆုံးက သွားနေရင်း ခေတ္တ ရပ်ခိုင်းထားခြင်းဖြစ်သည်။ ယင်းသည်မှာလည်း နာရီနှင့်ချီကာကြာတတ်သည်။ အကြောင်းပြချက်ကား မသိကြရ။
" တကယ်လို့ ကျန်းမာရေးအရ သွားမယ် ဆိုရင် အရာတော်လမ်းကနေ မန္တလေးကိုရောက်ဖို့ ဆိုတာ အနည်းဆုံး (၆)နာရီ၊ (၇) နာရီလောက် ကြာတယ်" ဟု ၎င်းကဆိုသည်။
ယင်းသို့ လမ်းဖွင့်၊ မဖွင့် မကျိန်းသေသော် လည်း ရွေးစရာမရှိသောပြည်သူတို့မှာ အချိန်ကိုစောင့် နေကြရသည်။ တစ်ဖန် တစ်ဖက်တွင်လည်း ယင်းသို့ ပိတ်လိုက်၊ ဖွင့်လိုက်လုပ်သည့်အတွက် င်္ဏီ တို့က ငွေကြေးမကောက်ဟုလည်း မထင်လိုက်ပါနှင့်။ ဂိတ် များစွာတို့သည် အသုံးများသောယင်းလမ်းကို အခွင့် ကောင်းယူကာ ငွေကြေးကောက်ခံနေကြသည်။
" မင်းရွာဗျာ။ မင်းရွာကြားထဲမှာလည်း ရှိတယ်။ PDF အဖွဲ့ (၂၀)ကျော်ကျော်လောက်ရှိမယ်။ ကိုယ်ပိုင်ကားနဲ့သွားမယ်ဆိုရင် တစ်ဂိတ်ကို ငါး ထောင်၊ သုံးထောင်၊ တစ်ခါတလေကျ တစ်သောင်း။ ကားကြီးတွေကတော့ သိန်းချီတာပေါ့။ ခရီးသည်တင် ကားတွေလည်းပေးရတာပဲ။ ခရီးသည်တွေလည်းပေး ရတယ်" ဟု ယင်းလမ်းကို ဖြတ်သန်းသွားလာဖူးသူ သတင်းရင်းမြစ်တစ်ဦးကဆိုသည်။
ဂိတ်တိုင်းက ငွေကြေးကောက်နေခြင်းနှင့် လမ်းကိုပြန်မပြင်သည့်အတွက်လည်း လမ်းသွားရ သည်မှာပိုကြာ၏။ PDF ဂိတ်တိုင်းက စစ်ဆေးလို နေသည့်အတွက် ရပ်ပေးနေရသည်မှာလည်း ခရီးဖင့် စေ၏။ PDF တို့ကား စစ်ဆေးခြင်းကို အကြိုက်တွေ့ နေကြလေသည်။
" လမ်းပိတ်တာတွေမရှိဘူးဆိုရင်တော့ အဲဒီလမ်းပိုင်းမှာ (၂) နာရီကျော်ကျော်လောက်ကြာ တယ်။ လမ်းတွေကလည်းမကောင်းတော့လေ" ဟု ၎င်းကဆိုသည်။
ယင်းသို့ လမ်းပိတ်ခြင်း ဖွင့်ခြင်းနှင့်ပတ် သက်၍ အကြောင်းရင်းမှာ ဒေသခံများ သိရန်ခဲယဉ်း သော်လည်း ဆောင်းပါးအစတွင်ဖော်ပြခဲ့သည့်အတိုင်း ရပ်တန့်ပြီး ရောက်သည့်နေရာတွင် စောင့်ရသည်ဖြစ် ရာ ကြားမှ အမြတ်ရအောင်ကြံသူများလည်းရှိနေ သည်။
" ရွာနဲ့နီးရင်တော့ ဝယ်စားလို့ရတယ်။ မဟုတ်ရင် မလွယ်ဘူး။ ဆိုင်ကယ်နဲ့လာရောင်းတာ လည်း ရှိတယ်။ ငါးထောင်ပေးရတယ်။ ကြက်ဥ တစ် လုံး၊ အငန်ကြော်နဲ့ ဒါပဲ။ သူတို့ပဲ ကားမျိုးစုံစီးနိုင် တယ်။ ဆိုင်ကယ်မျိုးစုံစီးနိုင်တယ်။ ကျွန်တော်တို့က တော့ သေလည်းသေ သွားနေရတာပေါ့" ဟု ယင်း လမ်းတွင်သွားလာခဲ့ဖူးတစ်ဦးကဆိုသည်။
ထို့ကြောင့် ကံသေ ကံမ မပြောနိုင်စေကာမူ လမ်းပိတ်ခြင်းကြောင့် အမြတ်ရသူများလည်းရှိနေရာ ယင်းသို့ ကြံနေခြင်းဖြစ်သလောဆိုသည်မှာ လမ်းပိတ် သူများကိုယ်တိုင်မှပင်သိပေလိမ့်မည်။ သို့သော် လမ်း ပိတ်သည့်အတွက် အခက်အခဲကြုံရသူအချို့က အင် တာနက်လူမှုကွန်ရက်တွင် တင်ကြခြင်းမှတစ်ဆင့် အခြေအနေများကိုမြင်တွေ့ရသည်။ သို့သော် စစ် ကိုင်းတိုင်းဒေသကြီးဘက်တွင် တပ်မတော်က စစ် ကြောင်းထိုးနေရာ ယင်းလမ်းပိုင်းသည်လည်း မကြာမီ တွင် ပြည်သူများလက်တွင်းရောက်ရှိမည်ဟု ခန့်မှန်းရ သည်။ ယင်းလမ်းသာမက ရွှေဘို-စစ်ကိုင်းလမ်း ပွင့် သွားလျှင်လည်း ပြည်သူများ ပိုမိုအဆင်ပြေသွားဖွယ် ရာရှိပါသည်။
စစ်၏ဆိုးကျိုးကား နောက်ဆက်တွဲများ ပြားလှကြောင်း ပြည်သူများသိကြသည်။ အရာတော်- မြင်မူးလမ်းသည်ကား စစ်ကမွေးထုတ်လိုက်သော လမ်းတစ်လမ်းသာဖြစ်ရာ ရွှေဘို-စစ်ကိုင်းလမ်းကို ပြည်သူများမျှော်ကြသည်။
မျှော်လင့်ချက်ရောင်ခြည်တို့ကား နီးကပ် နေပါပြီ။ ပြည်သူတို့အတွက် ငြိမ်းချမ်းရေးလိုအပ် ကြောင်းကား ဒေသခံများထက် မည်သူမျှ ပိုမိုမသိနိုင်ကြပါ။

Zawgyi Version;
အရာေတာ္-ျမင္းမူလမ္း (သို႔) တစ္ေန႔တစ္လံခရီး
သုတေက်ာ္ (NP News) - ေအာက္တိုဘာလ ၂
" တစ္ေန႔ တစ္လံ ပုဂံ ဘယ္ေ႐ြ႕မလဲ" ဆို ေသာစကားပုံ၏အနက္သည္ ပုဂံသို႔ရည္မွန္း၍ ခရီး ထြက္ခဲ့သူအေနျဖင့္ တစ္ေန႔တစ္လံမွ်သာ သြားသည္ ဆိုေစကာမူ ေန႔စဥ္မွန္မွန္သြားပါက ပုဂံသို႔ မုခ်ေရာက္ မည္ဟုဆိုလို၏။ သို႔ေသာ္ အရာေတာ္-ျမင္းမူခရီး သည္ကား တစ္ေန႔တစ္လံမွ်ပင္ ေရာက္ခ်င္မွေရာက္မည့္ ကိန္းဆိုက္ေနေလၿပီ။
ျမန္မာႏိုင္ငံအလယ္ပိုင္းမွ (၂၉)မိုင္ သာ သာခန႔္ရွိေသာ အရာေတာ္-ျမင္းမူလမ္းပိုင္းသည္ ၿမိဳ႕ ခ်င္းဆက္လမ္းတစ္ခုဆိုေသာအေျခအေနမွ ၿမိဳ႕မ်ား စြာ တြက္ အေရးပါေသာလမ္းတစ္လမ္း ျဖစ္သြားလိမ့္ မည္ဟု မည္သူမွ် ေယာင္၍ပင္ စိတ္ကူးမိလိမ့္မည္ မဟုတ္ေပ။
ေဆာင္းပါးကိုမေဖာ္ျပမီ ယခု ေဆာင္းပါး တြင္ ဇာတ္ေဆာင္အျဖစ္ပါဝင္ေသာၿမိဳ႕ႏွစ္ၿမိဳ႕အ ေၾကာင္းကို အၾကမ္းဖ်င္းအားျဖင့္ သိထားရန္လိုအပ္ မည္ဟုထင္ပါသည္။
စစ္ကိုင္းတိုင္းေဒသႀကီး၏ၿမိဳ႕ေတာ္ မုံ႐ြာ၏ အေရွ႕ေျမာက္ဘက္ (၂၇)မိုင္အကြာတြင္တည္ရွိေသာ အရာေတာ္ၿမိဳ႕သည္ မုံ႐ြာၿမိဳ႕ႏွင့္ ဆက္သြယ္ထားေသာ ကားလမ္းရွိၿပီး ခရီးလမ္းတစ္ေထာက္ ၿမိဳ႕ျဖစ္သည္။ အျခားၿမိဳ႕မ်ားစြာတို႔သည္ လမ္းပိုင္းအားျဖင့္ ယင္းၿမိဳ႕ ႏွင့္ ခ်ိတ္ဆက္လ်က္ရွိၾက၏။ ျမင္းမူၿမိဳ႕သည္ စစ္ကိုင္း-မုံ ႐ြာသြား မီးရထားလမ္းႏွင့္ေမာ္ေတာ္ကား လမ္းႏွစ္ခုစလုံးေပၚတြင္တည္ရွိသည္။
ထို႔ေၾကာင့္ အေျခခံအားျဖင့္ ယင္းၿမိဳ႕ႏွစ္ၿမိဳ႕ ၏တည္ေနရာသည္ ခရီးသြားလာေရးႏွင့္ ကုန္စည္ကူး သန္းျဖန႔္ခ်ိေရးအတြက္ ေရခံေျမခံေကာင္းမ်ားကား ရွိၿပီးျဖစ္သည္ဟုဆိုႏိုင္သည္။
ယခင္ လမ္းမေကာင္းမီအခ်ိန္က ခရီးလမ္း တို႔ၾကာျမင့္ခဲ့သည္။ ေဒသခံတို႔အေနျဖင့္ အခက္အခဲ မ်ားျဖစ္ခဲ့ၾကသည္။ လမ္းတစ္လမ္းျဖစ္ရန္အတြက္ ေဒသခံတို႔၏လိုအပ္ခ်က္က အခရာက်သည္ျဖစ္၏။ လမ္းေကာင္းတို႔ေပၚေပါက္ရေသာအေၾကာင္းမ်ားအ နက္ အသုံးမ်ား၍လမ္းျဖစ္ေနေသာ လမ္း႐ိုးလမ္း ေဟာင္းကို အဆင့္ျမႇင့္တင္ေပၚေပါက္သကဲ့သို႔ ယခင္ သြား႐ိုးလမ္းထက္ ပိုေကာင္းေသာ လမ္းအူေၾကာင္းရွာ ကာ ဖန္တီးျခင္းမ်ိဳးျဖင့္လည္း ေပၚေပါက္လာတတ္ သည္။
ေခတ္၏လိုအပ္ခ်က္အရ ေဆာက္လုပ္ေရး ဝန္ႀကီးဌာနကလည္း "ျမစ္ကိုေတြ႕လွ်င္ တံတားဆင္၊ ျပည္ခြင္သာဖို႔လမ္းခင္းစို႔"ဆိုေသာ ေဆာင္ပုဒ္ အတိုင္းပင္ ျမန္မာႏိုင္ငံအႏွံ႔အျပားတြင္ လမ္းသစ္ ေဖာက္လုပ္ျခင္း၊ လမ္းပိုင္းအဆင့္ျမႇင့္တင္ျခင္းတို႔ ကို ေဆာင္႐ြက္ခဲ့သည္။
ထိုသို႔ အခ်က္ေပါင္းမ်ားစြာကိုက္ညီခဲ့ေသာ အခါ ျမန္မာႏိုင္ငံအတြင္းမွ အျခားလမ္းကြန္ရက္မ်ား ကဲ့သို႔ အရာေတာ္-ျမင္းမူလမ္းသည္လည္း လမ္း ေကာင္း၊ လမ္းမြန္တစ္လမ္းအျဖစ္ ထြက္ေပၚလာခဲ့ သည္။ အခ်ိန္အေတာ္ၾကာ ယင္းလမ္းသည္ ေအး ခ်မ္းေသာလမ္းတစ္လမ္းျဖစ္ခဲ့သည္။
လမ္းမႀကီးတစ္ခုမဟုတ္ေသာ္လည္း လမ္း တစ္လမ္းေပၚေပါက္လာျခင္း၏ေကာင္းက်ိဳးကို ေဒသ ခံမ်ားခံစားခဲ့ၾကရသည္။ လူမႈ၊ စီးပြားအက်ိဳးေက်းဇူး မ်ားစြာရရွိခဲ့ၾကသည္။ သို႔ေသာ္ စစ္က လမ္းေကာင္းတို႔ အေပၚ အရိပ္ထိုးလာေသာအခါ လက္နက္ကိုင္ သူပုန္ တို႔ေၾကာင့္ ေကာင္းစြာသြားလာႏိုင္ျခင္းမျပဳႏိုင္ေတာ့။ စိုးရိမ္စိတ္မ်ားျဖစ္ၾကရသည္။ သူပုန္တို႔ေတာင္းခံေသာ အလႉေငြဟု အမည္ေျပာင္းထားသည့္ဆက္ေၾကးကို ေပးၾကရသည္။
သို႔ေသာ္ ဆက္ေၾကးေပးသည့္တိုင္ ပိတ္လို က ပိတ္၊ ဖြင့္လိုကဖြင့္ျခင္းလည္း ျပဳတတ္ေလရာ ခရီး သြားျပည္သူတို႔မွာ သြားရင္းပင္ ေရာက္သည့္ေနရာ တြင္ရပ္တန႔္ၾကရသည္။ ေငြမေပါသူတို႔ကား လမ္းတြင္ ေစာင့္ရင္း ထမင္းငတ္ၾကရသည္။ ေငြေပါသူတို႔ကား ထမင္း၊ ဟင္းတို႔ ဝယ္စားႏိုင္ပါ၏။ သို႔ေသာ္ ေဈးက ေခါင္ခိုက္ေနသည္။ ယင္းသို႔ လမ္းမ်ားအနက္ အရာ ေတာ္-ျမင္းမူလမ္းပိုင္းကား ကမာၻ႔ ပိတ္လိုက္ဖြင့္လိုက္ အျဖစ္ဆုံးလမ္းပိုင္းဟုပင္တင္စားရမည့္ အေနအထား ျဖစ္သည္။
ေ႐ႊဘို-စစ္ကိုင္း လမ္းပိုင္းပိတ္ျခင္း၊ စိတ္ မခ်ရျခင္းတို႔ျဖစ္လာေသာအခါ ယင္းေဒသမွ ျပည္သူ မ်ားအေနျဖင့္ အျခား ေ႐ြးခ်ယ္စရာတစ္ခုမွာ အရာ ေတာ္-ျမင္းမူ လမ္းပိုင္းျဖစ္လာ၏။ ေ႐ႊဘို၊ ဝက္လက္၊ ခင္ဦး၊ ကန႔္ဘလူ၊ ကြၽန္းလွ စသည္ျဖင့္ ၿမိဳ႕နယ္မ်ားမွ ျပည္သူမ်ားမွာ ယင္းလမ္းပိုင္းကိုအသုံးမ်ားသည္။ မႏၲေလး-ေ႐ႊဘို လမ္းအတိုင္းလာကာ ေ႐ႊဘိုမွထြက္၍ ႐ြာသာႀကီး႐ြာဘက္တြင္ လမ္းခ်ိဳးၿပီး အရာေတာ္ၿမိဳ႕သို႔ ဆက္သြားကာ ထိုမွတစ္ဆင့္ ျမင္းမူမေရာက္မီ ထီး ေဆာင္း႐ြာလမ္းခြဲတြင္ စစ္ကိုင္းၿမိဳ႕၊ မႏၲေလးၿမိဳ႕တို႔သို႔ ဆက္လက္ ခရီးသြားရျခင္းျဖစ္သည္။
ကုန္ကားမ်ားလည္း ယင္းလမ္းကိုအသုံးျပဳ သည္။ ျပည္သူမ်ားကလည္းအသုံးျပဳသည္။ ထို႔ ေၾကာင့္ အညာေဒသမွ လူသုံးအမ်ားဆုံးလမ္းပိုင္းမ်ား အနက္ ယင္းလမ္းလည္း တစ္လမ္းျဖစ္လာ၏။ အရာ ေတာ္-ျမင္းမူလမ္းသည္ သမိုင္းတစ္ေလွ်ာက္ ယခု ကာလတြင္ မ်က္ႏွာအပြင့္ဆုံးျဖစ္ေသာ္လည္း မေကာင္း ေသာအေျခအေန၏႐ိုက္ခတ္မႈေၾကာင့္ မ်က္ႏွာပြင့္ေန ျခင္းျဖစ္သည္။ သို႔ေသာ္ လြတ္လြတ္လပ္လပ္ မ်က္ႏွာ ပြင့္ေနျခင္းလည္းမဟုတ္ပါ။ PDF တို႔က ယင္းလမ္းကို ပိတ္လိုက ပိတ္၊ ဖြင့္လိုက ဖြင့္ေနၾကသည္။
သို႔ေသာ္လည္း ျပည္သူတို႔မွာ မသုံးမျဖစ္ အျဖစ္ ယင္းလမ္းကိုေမွးကာ အသုံးျပဳေနၾကရသည္။ အဆင္မေျပသည့္အတြက္ဟုဆိုကာ မသုံးပါကလည္း အျခားလမ္း ေ႐ြးစရာမရွိပါ။ မိုးတြင္းကာလတြင္ " အခုဆိုရင္ ေန႔တိုင္းနီးပါးေလာက္ပိတ္ေနၿပီ။ တေလာကဆို လမ္းမွာတင္ သုံးရက္ေလာက္ၾကာ တယ္။ ပါတာေလး အိမ္အတြက္ဝယ္လာတဲ့မုန႔္ကို လမ္းမွာေဖာက္စားရတဲ့ကိန္းျဖစ္သြားတယ္" ဟု ေ႐ႊဘိုေဒသခံတစ္ဦးကဆိုသည္။
ယင္းလမ္းပိုင္းေခတ္စားလာျခင္းမွာ ယခု ႏွစ္ပိုင္းခန႔္မွစတင္ျခင္းျဖစ္ေသာ္လည္း အသုံးျပဳသူ ပမာဏက မ်ားျပားသည္။ ယင္းသို႔မ်ားျပားသည့္နည္း တူ လမ္းပိတ္ေသာအႀကိမ္ကလည္းမ်ားသည္။ လမ္းစ အသုံးျပဳခ်ိန္ကစတင္၍ ယခုထက္တိုင္ အႀကိမ္ေရ (၁၀ဝ)ခန႔္ ပိတ္လိုက္၊ ဖြင့္လိုက္ျပဳလုပ္ၿပီး ျဖစ္သည္ ဟုဆိုသည္။ စက္တင္ဘာလ တစ္လအတြင္းမွာပင္ အႀကိမ္ (၂၀)ခန႔္ ပိတ္ခဲ့ၿပီးျဖစ္သည္။ " PDF ေတြက ပိတ္တာပဲ။ မိုး႐ြာရင္ ပိတ္လိုက္၊ တပ္မေတာ္က စစ္ ေၾကာင္းထိုးတယ္ဆိုၿပီး ပိတ္လိုက္လုပ္ေနတာ။ ဒီလထဲတင္ အႀကိမ္ (၂၀)ေလာက္ရွိၿပီ။ ဆက္တိုက္ လိုကိုျဖစ္ေနတာ။ ဘယ္လိုေျပာရမွန္းလဲမသိေတာ့ ဘူး" ဟု ယင္းကဆိုသည္။
ယင္းသို႔ ပိတ္လိုက္၊ ဖြင့္လိုက္ မမွန္းႏိုင္ ေသာအေျခအေနေၾကာင့္ ျပည္သူတို႔၏ လူမႈစီးပြား ဘဝမ်ား ဒုကၡေရာက္ၾကရသည္။ မည္သည့္အခ်ိန္ တြင္ ပိတ္မည္၊ ဖြင့္မည္ဟု မသိၾကရေလရာ လမ္းတြင္ ညအိပ္ရေသာကာလလည္း ေရာက္ႏိုင္ေသာအေျခအ ေနျဖစ္သည္။ အျဖစ္မ်ားဆုံးက သြားေနရင္း ေခတၱ ရပ္ခိုင္းထားျခင္းျဖစ္သည္။ ယင္းသည္မွာလည္း နာရီႏွင့္ခ်ီကာၾကာတတ္သည္။ အေၾကာင္းျပခ်က္ကား မသိၾကရ။
" တကယ္လို႔ က်န္းမာေရးအရ သြားမယ္ ဆိုရင္ အရာေတာ္လမ္းကေန မႏၲေလးကိုေရာက္ဖို႔ ဆိုတာ အနည္းဆုံး (၆)နာရီ၊ (၇) နာရီေလာက္ ၾကာတယ္" ဟု ၎ကဆိုသည္။
ယင္းသို႔ လမ္းဖြင့္၊ မဖြင့္ မက်ိန္းေသေသာ္ လည္း ေ႐ြးစရာမရွိေသာျပည္သူတို႔မွာ အခ်ိန္ကိုေစာင့္ ေနၾကရသည္။ တစ္ဖန္ တစ္ဖက္တြင္လည္း ယင္းသို႔ ပိတ္လိုက္၊ ဖြင့္လိုက္လုပ္သည့္အတြက္ ဏႌ တို႔က ေငြေၾကးမေကာက္ဟုလည္း မထင္လိုက္ပါႏွင့္။ ဂိတ္ မ်ားစြာတို႔သည္ အသုံးမ်ားေသာယင္းလမ္းကို အခြင့္ ေကာင္းယူကာ ေငြေၾကးေကာက္ခံေနၾကသည္။
" မင္း႐ြာဗ်ာ။ မင္း႐ြာၾကားထဲမွာလည္း ရွိတယ္။ PDF အဖြဲ႕ (၂၀)ေက်ာ္ေက်ာ္ေလာက္ရွိမယ္။ ကိုယ္ပိုင္ကားနဲ႔သြားမယ္ဆိုရင္ တစ္ဂိတ္ကို ငါး ေထာင္၊ သုံးေထာင္၊ တစ္ခါတေလက် တစ္ေသာင္း။ ကားႀကီးေတြကေတာ့ သိန္းခ်ီတာေပါ့။ ခရီးသည္တင္ ကားေတြလည္းေပးရတာပဲ။ ခရီးသည္ေတြလည္းေပး ရတယ္" ဟု ယင္းလမ္းကို ျဖတ္သန္းသြားလာဖူးသူ သတင္းရင္းျမစ္တစ္ဦးကဆိုသည္။
ဂိတ္တိုင္းက ေငြေၾကးေကာက္ေနျခင္းႏွင့္ လမ္းကိုျပန္မျပင္သည့္အတြက္လည္း လမ္းသြားရ သည္မွာပိုၾကာ၏။ PDF ဂိတ္တိုင္းက စစ္ေဆးလို ေနသည့္အတြက္ ရပ္ေပးေနရသည္မွာလည္း ခရီးဖင့္ ေစ၏။ PDF တို႔ကား စစ္ေဆးျခင္းကို အႀကိဳက္ေတြ႕ ေနၾကေလသည္။
" လမ္းပိတ္တာေတြမရွိဘူးဆိုရင္ေတာ့ အဲဒီလမ္းပိုင္းမွာ (၂) နာရီေက်ာ္ေက်ာ္ေလာက္ၾကာ တယ္။ လမ္းေတြကလည္းမေကာင္းေတာ့ေလ" ဟု ၎ကဆိုသည္။
ယင္းသို႔ လမ္းပိတ္ျခင္း ဖြင့္ျခင္းႏွင့္ပတ္ သက္၍ အေၾကာင္းရင္းမွာ ေဒသခံမ်ား သိရန္ခဲယဥ္း ေသာ္လည္း ေဆာင္းပါးအစတြင္ေဖာ္ျပခဲ့သည့္အတိုင္း ရပ္တန႔္ၿပီး ေရာက္သည့္ေနရာတြင္ ေစာင့္ရသည္ျဖစ္ ရာ ၾကားမွ အျမတ္ရေအာင္ႀကံသူမ်ားလည္းရွိေန သည္။
" ႐ြာနဲ႔နီးရင္ေတာ့ ဝယ္စားလို႔ရတယ္။ မဟုတ္ရင္ မလြယ္ဘူး။ ဆိုင္ကယ္နဲ႔လာေရာင္းတာ လည္း ရွိတယ္။ ငါးေထာင္ေပးရတယ္။ ၾကက္ဥ တစ္ လုံး၊ အငန္ေၾကာ္နဲ႔ ဒါပဲ။ သူတို႔ပဲ ကားမ်ိဳးစုံစီးႏိုင္ တယ္။ ဆိုင္ကယ္မ်ိဳးစုံစီးႏိုင္တယ္။ ကြၽန္ေတာ္တို႔က ေတာ့ ေသလည္းေသ သြားေနရတာေပါ့" ဟု ယင္း လမ္းတြင္သြားလာခဲ့ဖူးတစ္ဦးကဆိုသည္။
ထို႔ေၾကာင့္ ကံေသ ကံမ မေျပာႏိုင္ေစကာမူ လမ္းပိတ္ျခင္းေၾကာင့္ အျမတ္ရသူမ်ားလည္းရွိေနရာ ယင္းသို႔ ႀကံေနျခင္းျဖစ္သေလာဆိုသည္မွာ လမ္းပိတ္ သူမ်ားကိုယ္တိုင္မွပင္သိေပလိမ့္မည္။ သို႔ေသာ္ လမ္း ပိတ္သည့္အတြက္ အခက္အခဲႀကဳံရသူအခ်ိဳ႕က အင္ တာနက္လူမႈကြန္ရက္တြင္ တင္ၾကျခင္းမွတစ္ဆင့္ အေျခအေနမ်ားကိုျမင္ေတြ႕ရသည္။ သို႔ေသာ္ စစ္ ကိုင္းတိုင္းေဒသႀကီးဘက္တြင္ တပ္မေတာ္က စစ္ ေၾကာင္းထိုးေနရာ ယင္းလမ္းပိုင္းသည္လည္း မၾကာမီ တြင္ ျပည္သူမ်ားလက္တြင္းေရာက္ရွိမည္ဟု ခန႔္မွန္းရ သည္။ ယင္းလမ္းသာမက ေ႐ႊဘို-စစ္ကိုင္းလမ္း ပြင့္ သြားလွ်င္လည္း ျပည္သူမ်ား ပိုမိုအဆင္ေျပသြားဖြယ္ ရာရွိပါသည္။
စစ္၏ဆိုးက်ိဳးကား ေနာက္ဆက္တြဲမ်ား ျပားလွေၾကာင္း ျပည္သူမ်ားသိၾကသည္။ အရာေတာ္- ျမင္မူးလမ္းသည္ကား စစ္ကေမြးထုတ္လိုက္ေသာ လမ္းတစ္လမ္းသာျဖစ္ရာ ေ႐ႊဘို-စစ္ကိုင္းလမ္းကို ျပည္သူမ်ားေမွ်ာ္ၾကသည္။
ေမွ်ာ္လင့္ခ်က္ေရာင္ျခည္တို႔ကား နီးကပ္ ေနပါၿပီ။ ျပည္သူတို႔အတြက္ ၿငိမ္းခ်မ္းေရးလိုအပ္ ေၾကာင္းကား ေဒသခံမ်ားထက္ မည္သူမွ် ပိုမိုမသိႏိုင္ၾကပါ။