ယူကရိန်းကို တာဝေးပစ် Tomahawk ခရုဇ်ဒုံးကျည်တွေ ထောက်ပံ့ပေးဖို့ အမေရိကန်အတွက် မလွယ်ကူဘူးလို့ ဒေါ်နယ်ထရမ့်ပြော

 157

Pika (NP News) - အောက်တိုဘာ ၁၉

ယူကရိန်းကို တာဝေးပစ် Tomahawk ခရုဇ်ဒုံးကျည်တွေ ထောက်ပံ့ပေးဖို့ အမေရိကန်အတွက် မလွယ်ကူဘူးလို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် အမေရိကန်ကလည်း ကိုယ်ပိုင်ကာကွယ်မှု တွေအတွက် တာဝေးပစ် Tomahawk ခရုဇ်ဒုံးကျည်တွေကို လိုအပ်တယ်လို့လည်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ ပါတယ်။
ယူကရိန်းကို တာဝေးပစ် Tomahawk ခရုဇ်ဒုံးကျည်တွေ ထောက်ပံ့ပေးခဲ့မယ်ဆိုရင် အမေရိကန်က အခက်အခဲ အချို့ကို ရင်ဆိုင်ရလိမ့်မယ်လို့လည်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်က “ဒါက ပြဿနာပါပဲ။ ကျွန်တော်တို့လည်း တာဝေးပစ် Tomahawk ခရုဇ်ဒုံးကျည်တွေကို လိုအပ်ပါတယ်။ ပြီးခဲ့တဲ့ လေးနှစ်အတွင်း ယူကရိန်းကို ကျွန်တော်တို့ပေးပို့ခဲ့သမျှအရာတွေအားလုံးထက် တာဝေးပစ် Tomahawk ခရုဇ်ဒုံးကျည်တွေကို ကျွန်တော်တို့ပိုပြီး လိုအပ်ပါတယ်။ ယူကရိန်းကို တာဝေးပစ် Tomahawk ခရုဇ်ဒုံးကျည်တွေ ထောက်ပံ့ပေးဖို့က မလွယ်ကူပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။
တာဝေးပစ် Tomahawk ဒုံးကျည်တွေဟာ အကွာအဝေး(၂၅၀၀)ကီလိုမီတာလောက်အထိ ပျံသန်းနိုင်စွမ်းရှိပြီး ယူကရိန်းကသာ အဲဒီဒုံးကျည်တွေကို လက်ခံရရှိခဲ့မယ်ဆိုရင် ရုရှားနိုင်ငံရဲ့ဘယ်နေရာကိုမဆို ပစ်ခတ်တိုက်ခိုက်နိုင် စွမ်းရှိသွားပြီလည်းဖြစ်ပါတယ်။ ရုရှားနိုင်ငံတွင်းကို ပစ်ခတ်တိုက်ခိုက်ဖို့အတွက် အမေရိကန်က ယူကရိန်းကို တာဝေးပစ် Tomahawk ဒုံးကျည်တွေ ထောက်ပံ့ပေးခဲ့မယ်ဆိုရင် အဲဒီထောက်ပံ့ပေးမှုက ရုရှား-အမေရိကန် ဆက်ဆံရေးကို ပျက်စီးစေလိမ့်မယ်လို့ ရုရှားသမ္မတပူတင်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ သတိပေးပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ယူကရိန္းကို တာေဝးပစ္ Tomahawkခ႐ုဇ္ဒုံးက်ည္ေတြ ေထာက္ပံ့ေပးဖို႔ အေမရိကန္အတြက္ မလြယ္ကူဘူးလို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - ေအာက္တိုဘာ ၁၉
ယူကရိန္းကို တာေဝးပစ္ Tomahawk ခ႐ုဇ္ဒုံးက်ည္ေတြ ေထာက္ပံ့ေပးဖို႔ အေမရိကန္အတြက္ မလြယ္ကူဘူးလို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ အေမရိကန္ကလည္း ကိုယ္ပိုင္ကာကြယ္မႈ ေတြအတြက္ တာေဝးပစ္ Tomahawk ခ႐ုဇ္ဒုံးက်ည္ေတြကို လိုအပ္တယ္လို႔လည္း ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ ပါတယ္။
ယူကရိန္းကို တာေဝးပစ္ Tomahawk ခ႐ုဇ္ဒုံးက်ည္ေတြ ေထာက္ပံ့ေပးခဲ့မယ္ဆိုရင္ အေမရိကန္က အခက္အခဲ အခ်ိဳ႕ကို ရင္ဆိုင္ရလိမ့္မယ္လို႔လည္း ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။ ေဒၚနယ္ထရမ့္က “ဒါက ျပႆနာပါပဲ။ ကြၽန္ေတာ္တို႔လည္း တာေဝးပစ္ Tomahawk ခ႐ုဇ္ဒုံးက်ည္ေတြကို လိုအပ္ပါတယ္။ ၿပီးခဲ့တဲ့ ေလးႏွစ္အတြင္း ယူကရိန္းကို ကြၽန္ေတာ္တို႔ေပးပို႔ခဲ့သမွ်အရာေတြအားလုံးထက္ တာေဝးပစ္ Tomahawk ခ႐ုဇ္ဒုံးက်ည္ေတြကို ကြၽန္ေတာ္တို႔ပိုၿပီး လိုအပ္ပါတယ္။ ယူကရိန္းကို တာေဝးပစ္ Tomahawk ခ႐ုဇ္ဒုံးက်ည္ေတြ ေထာက္ပံ့ေပးဖို႔က မလြယ္ကူပါဘူး” လို႔ ေျပာဆိုခဲ့ပါတယ္။
တာေဝးပစ္ Tomahawk ဒုံးက်ည္ေတြဟာ အကြာအေဝး(၂၅၀၀)ကီလိုမီတာေလာက္အထိ ပ်ံသန္းႏိုင္စြမ္းရွိၿပီး ယူကရိန္းကသာ အဲဒီဒုံးက်ည္ေတြကို လက္ခံရရွိခဲ့မယ္ဆိုရင္ ႐ုရွားႏိုင္ငံရဲ႕ဘယ္ေနရာကိုမဆို ပစ္ခတ္တိုက္ခိုက္ႏိုင္ စြမ္းရွိသြားၿပီလည္းျဖစ္ပါတယ္။ ႐ုရွားႏိုင္ငံတြင္းကို ပစ္ခတ္တိုက္ခိုက္ဖို႔အတြက္ အေမရိကန္က ယူကရိန္းကို တာေဝးပစ္ Tomahawk ဒုံးက်ည္ေတြ ေထာက္ပံ့ေပးခဲ့မယ္ဆိုရင္ အဲဒီေထာက္ပံ့ေပးမႈက ႐ုရွား-အေမရိကန္ ဆက္ဆံေရးကို ပ်က္စီးေစလိမ့္မယ္လို႔ ႐ုရွားသမၼတပူတင္က ၿပီးခဲ့တဲ့ရက္ပိုင္းမွာ သတိေပးေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.