ငြိမ်းချမ်းရေးကို စားပွဲဝိုင်းတွင်သာ အဖြေရှာရန်လိုပြီး ပွဲဖျက် စကားမပြောရန် ဒေါက်တာ တူးဂျာပြော

291

သုတကျော် (NP News)
ငြိမ်းချမ်းရေးအတွက် စားပွဲဝိုင်းတွင်သာ အဖြေရှာရန်လိုပြီး ပွဲဖျက်စကားမပြောရန် ငြိမ်းချမ်း သော မြန်မာအနာဂတ်တည်ဆောက်ခြင်း အလုပ် ရုံဆွေးနွေးပွဲတွင် ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါက်တာ တူးဂျာက ပြောကြားခဲ့ကြောင်း အဆိုပါပွဲသို့ တက်ရောက်ခဲ့သူတစ်ဦးက NP News သို့ ပြောသည်။
နေပြည်တော်တွင် အောက်တိုဘာလ (၁၇)ရက်ကပြုလုပ်သော မြန်မာအနာဂတ်တည်ဆောက် ခြင်း အလုပ်ရုံဆွေးနွေးပွဲ နောက်ဆုံးနေ့တွင် မိန့်ခွန်းပြောကြားစဉ် အထက်ပါအတိုင်း ထည့်သွင်းပြော ကြားခဲ့ကြောင်း သိရသည်။
ဒေါက်တာ တူးဂျာသည် KIO / KIA တွင် ဒုတိယဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူခဲ့ဖူးသူ တစ်ဦးဖြစ် ပြီး လက်ရှိတွင်လည်း ပါတီနိုင်ငံရေးနှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်နေသူတစ်ဦးဖြစ်သည်။
“မကြာခင် ကျင်းပမယ့်ရွေးကောက်ပွဲအပြီး တက်လာမယ့် အစိုးရ၊ NCA ကို ဆက်ပြီး အကောင် အထည်ဖော်သွားမယ့် အစိုးရ၊ ပြည်သူလူထုကို ဆက်ပြီးချပြသွားမယ့်အစိုးရကို မျှော်လင့်တယ်လို့လည်း ပြောပါတယ်”ဟု အဆိုပါ တက်ရောက်သူက ဆိုသည်။
NCA ကို အကောင်အထည်ဖော်ရာတွင် တွေ့ဆုံဆွေးနွေးရေးဖြစ်ပြီး မြန်မာနိုင်ငံ၏ ပြည်တွင်း ပြဿနာသည် နိုင်ငံရေးပြဿနာသည် စားပွဲပေါ်တွင် ဖြေရှင်းမှသာ အဖြေရနိုင်မည်ဖြစ်ကြောင်းနှင့် အဖြေသည် စားပွဲဝိုင်းမှသာ ရှိသည်ဟုလည်း ပြောကြားခဲ့ကြောင်း ၎င်းကဆိုသည်။
“NCA လည်း စားပွဲဝိုင်းပေါ်မှာပဲ အတည်ပြုတယ်။ ဆက်ပြီး ဆက်နွေးရမှာလည်း စားပွဲ ဝိုင်းပေါ် မှာပဲလို့ ပြောပါတယ်” ဟု ၎င်းက ပြောသည်။ စားပွဲဝိုင်းတွင် အဖြေရှာမည့် နိုင်ငံရေးလမ်းကြောင်းကို ဆုံးခန်းတိုင်သည်အထိ ဆက်လက်လျှောက်လှမ်းရမည်ဖြစ်ကြောင်းကိုလည်း ပြောကြားခဲ့သည်ဟု ၎င်း က ဆိုသည်။
“NCA ကို ဆက်လက်အကောင်အထည်ဖော်ပြီး ပြည်တွင်းငြိမ်းချမ်းရေး အမြန်ဆုံးကြိုးစားကြဖို့ လည်း ဒေါက်တာ တူးဂျာက တိုက်တွန်းပါတယ်။ ပြီးတော့ ဒါကို ပေါ့ပေါ့တန်တန် မထားကြဖို့၊ ပွဲဖျက် စကားမပြောကြဖို့ ပြောပါတယ်။ ပြီးတော့ တချို့လူတွေက ဘာဖြစ်တယ် ညာဖြစ်တယ် ပွဲဖျက် စကား ပြောတာရှိတယ်။ ဒါတွေက အကျိုးရှိတဲ့ စကားတွေမဟုတ်ဘူးလို့လည်း ပြောကြားခဲ့ပါတယ်” ဟု အထက်ပါ တက်ရောက်ခဲ့သူက ဆိုသည်။
NCA ကို အမြတ်တနိုးထားရန်၊ တန်ဖိုးထားရန်နှင့် အကောင်အထည် ဝိုင်းဝန်းဖော်ဆောင်ကြရန် လည်း မေတ္တာရပ်ခံတိုက်တွန်းခဲ့ပြီး နှစ်ပေါင်း (၈၀)ကြာမြင့်လာပြီဖြစ်သော တိုက်ပွဲများကို အမြန်ဆုံး ရပ်တန့်ကြရန်လည်း ဒေါက်တာ တူးဂျာက ပြောခဲ့ကြောင်း ၎င်းကဆိုသည်။

Zawgyi Version:
ၿငိမ္းခ်မ္းေရးကို စားပြဲဝိုင္းတြင္သာ အေျဖရွာရန္လိုၿပီး ပြဲဖ်က္ စကားမေျပာရန္ ေဒါက္တာ တူးဂ်ာေျပာ
သုတေက်ာ္ (NP News)
ၿငိမ္းခ်မ္းေရးအတြက္ စားပြဲဝိုင္းတြင္သာ အေျဖရွာရန္လိုၿပီး ပြဲဖ်က္စကားမေျပာရန္ ၿငိမ္းခ်မ္း ေသာ ျမန္မာအနာဂတ္တည္ေဆာက္ျခင္း အလုပ္ ႐ုံေဆြးေႏြးပြဲတြင္ ကခ်င္ျပည္နယ္ ဒီမိုကေရစီပါတီ ဥကၠ႒ ေဒါက္တာ တူးဂ်ာက ေျပာၾကားခဲ့ေၾကာင္း အဆိုပါပြဲသို႔ တက္ေရာက္ခဲ့သူတစ္ဦးက NP News သို႔ ေျပာသည္။
ေနျပည္ေတာ္တြင္ ေအာက္တိုဘာလ (၁၇)ရက္ကျပဳလုပ္ေသာ ျမန္မာအနာဂတ္တည္ေဆာက္ ျခင္း အလုပ္႐ုံေဆြးေႏြးပြဲ ေနာက္ဆုံးေန႔တြင္ မိန႔္ခြန္းေျပာၾကားစဥ္ အထက္ပါအတိုင္း ထည့္သြင္းေျပာ ၾကားခဲ့ေၾကာင္း သိရသည္။
ေဒါက္တာ တူးဂ်ာသည္ KIO / KIA တြင္ ဒုတိယဥကၠ႒အျဖစ္လည္း တာဝန္ယူခဲ့ဖူးသူ တစ္ဦးျဖစ္ ၿပီး လက္ရွိတြင္လည္း ပါတီႏိုင္ငံေရးႏွင့္ ပတ္သက္၍ ဆက္လက္ေဆာင္႐ြက္ေနသူတစ္ဦးျဖစ္သည္။
“မၾကာခင္ က်င္းပမယ့္ေ႐ြးေကာက္ပြဲအၿပီး တက္လာမယ့္ အစိုးရ၊ NCA ကို ဆက္ၿပီး အေကာင္ အထည္ေဖာ္သြားမယ့္ အစိုးရ၊ ျပည္သူလူထုကို ဆက္ၿပီးခ်ျပသြားမယ့္အစိုးရကို ေမွ်ာ္လင့္တယ္လို႔လည္း ေျပာပါတယ္”ဟု အဆိုပါ တက္ေရာက္သူက ဆိုသည္။
NCA ကို အေကာင္အထည္ေဖာ္ရာတြင္ ေတြ႕ဆုံေဆြးေႏြးေရးျဖစ္ၿပီး ျမန္မာႏိုင္ငံ၏ ျပည္တြင္း ျပႆနာသည္ ႏိုင္ငံေရးျပႆနာသည္ စားပြဲေပၚတြင္ ေျဖရွင္းမွသာ အေျဖရႏိုင္မည္ျဖစ္ေၾကာင္းႏွင့္ အေျဖသည္ စားပြဲဝိုင္းမွသာ ရွိသည္ဟုလည္း ေျပာၾကားခဲ့ေၾကာင္း ၎ကဆိုသည္။
“NCA လည္း စားပြဲဝိုင္းေပၚမွာပဲ အတည္ျပဳတယ္။ ဆက္ၿပီး ဆက္ေႏြးရမွာလည္း စားပြဲ ဝိုင္းေပၚ မွာပဲလို႔ ေျပာပါတယ္” ဟု ၎က ေျပာသည္။ စားပြဲဝိုင္းတြင္ အေျဖရွာမည့္ ႏိုင္ငံေရးလမ္းေၾကာင္းကို ဆုံးခန္းတိုင္သည္အထိ ဆက္လက္ေလွ်ာက္လွမ္းရမည္ျဖစ္ေၾကာင္းကိုလည္း ေျပာၾကားခဲ့သည္ဟု ၎ က ဆိုသည္။
“NCA ကို ဆက္လက္အေကာင္အထည္ေဖာ္ၿပီး ျပည္တြင္းၿငိမ္းခ်မ္းေရး အျမန္ဆုံးႀကိဳးစားၾကဖို႔ လည္း ေဒါက္တာ တူးဂ်ာက တိုက္တြန္းပါတယ္။ ၿပီးေတာ့ ဒါကို ေပါ့ေပါ့တန္တန္ မထားၾကဖို႔၊ ပြဲဖ်က္ စကားမေျပာၾကဖို႔ ေျပာပါတယ္။ ၿပီးေတာ့ တခ်ိဳ႕လူေတြက ဘာျဖစ္တယ္ ညာျဖစ္တယ္ ပြဲဖ်က္ စကား ေျပာတာရွိတယ္။ ဒါေတြက အက်ိဳးရွိတဲ့ စကားေတြမဟုတ္ဘူးလို႔လည္း ေျပာၾကားခဲ့ပါတယ္” ဟု အထက္ပါ တက္ေရာက္ခဲ့သူက ဆိုသည္။
NCA ကို အျမတ္တႏိုးထားရန္၊ တန္ဖိုးထားရန္ႏွင့္ အေကာင္အထည္ ဝိုင္းဝန္းေဖာ္ေဆာင္ၾကရန္ လည္း ေမတၱာရပ္ခံတိုက္တြန္းခဲ့ၿပီး ႏွစ္ေပါင္း (၈၀)ၾကာျမင့္လာၿပီျဖစ္ေသာ တိုက္ပြဲမ်ားကို အျမန္ဆုံး ရပ္တန႔္ၾကရန္လည္း ေဒါက္တာ တူးဂ်ာက ေျပာခဲ့ေၾကာင္း ၎ကဆိုသည္။