Louvre ပြတိုက် ဓါးပြတိုက်ခံရမှုအတွင်း ဆုံးရှုံးမှုခန့်မှန်းခြေ အမေရိကန်ဒေါ်လာသန်း(၁၀၀)ကျော်လောက်ရှိနေ

213

Pika(NP News)-အောက်တိုဘာ ၂၃
ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာရှိတဲ့ Louvreပြတိုက်ကနေ တော်ဝင်လက်ဝတ်ရတနာပစ္စည်းတွေ ခိုးယူခံရမှုနဲ့ပတ်သက်ပြီး ဆုံးရှုံးမှုဟာ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ(၁၀၂)သန်းလောက်ရှိတယ်လို့ ပြင်သစ်အစိုးရရှေ့နေတစ်ဦးက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ဒါပေမယ့်လည်း သူခိုးတွေဟာ ဒီလက်ဝတ်ရတနာပစ္စည်းတွေကို အရည်ကျိုပြီး ရောင်းချခဲ့မယ်ဆိုရင် အဲ့ဒီငွေကြေးပမာဏလောက်အထိ ရရှိလိမ့်မှာမဟုတ်ဘူးလို့လည်း ပြင်သစ်အစိုးရရှေ့နေ Laure Beccuauက ပြောကြားခဲ့ပါတယ်။ Louvreပြတိုက်ကနေ တော်ဝင်လက်ဝတ်ရတနာပစ္စည်းတွေကို ခိုးယူသွားခဲ့တဲ့ သူခိုးတွေဟာ လက်ဝတ်ရတနာတွေကို အရည်ကျိုပြီး ရောင်းချဖို့ နည်းလမ်းတွေကို ရှာဖွေနိုင်တယ်လို့ အက်ဖ်ဘီအိုင်အဖွဲ့ အနုပညာ ရာဇ၀တ်မှုဆိုင်ရာ ကျွမ်းကျင်သူဟောင်း Tim Carpenter က သတိပေးပြောဆိုခဲ့ပြီးနောက် တစ်ရက်အကြာမှာ Laure Beccuauရဲ့ ပြောဆိုမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ Tim Carpenterက”သူခိုးတွေဟာ တော်ဝင်လက်ဝတ်ရတနာပစ္စည်းတွေကို အရည်ကျိုတာမျိုးလုပ်ဆောင်နိုင်ပါတယ်။ဒါ့ပြင် သူခိုးတွေဟာ ကျောက်မျက်ရတနာတွေကို သရဖူကနေ ခွဲထုတ်ပြီး တစ်ခုချင်းစီရောင်းချသွားနိုင်ပါတယ်။”လို့ သတိပေးပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် ပဲရစ်မြို့လယ်မှာရှိတဲ့ Louvreပြတိုက်ကနေ အဖိုးမဖြတ်နိုင်တဲ့ တော်ဝင်လက်ဝတ်ရတနာ(၈)ခုကို ခိုးယူသွားခဲ့တဲ့ သူခိုးအဖွဲ့ကို အာဏာပိုင်တွေက ဆက်လက်စုံစမ်းရှာဖွေလျက်ရှိတယ်လို့လည်း သိရပါတယ်။

Zawgyi Version:
Louvre ျပတိုက္ ဓါးျပတိုက္ခံရမႈအတြင္း ဆုံးရႈံးမႈခန႔္မွန္းေျခ အေမရိကန္ေဒၚလာသန္း(၁၀၀)ေက်ာ္ေလာက္ရွိေန
Pika(NP News)-ေအာက္တိုဘာ ၂၃
ျပင္သစ္ႏိုင္ငံ ပဲရစ္ၿမိဳ႕မွာရွိတဲ့ Louvreျပတိုက္ကေန ေတာ္ဝင္လက္ဝတ္ရတနာပစၥည္းေတြ ခိုးယူခံရမႈနဲ႔ပတ္သက္ၿပီး ဆုံးရႈံးမႈဟာ ခန႔္မွန္းေျခ အေမရိကန္ေဒၚလာ(၁၀၂)သန္းေလာက္ရွိတယ္လို႔ ျပင္သစ္အစိုးရေရွ႕ေနတစ္ဦးက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ဒါေပမယ့္လည္း သူခိုးေတြဟာ ဒီလက္ဝတ္ရတနာပစၥည္းေတြကို အရည္က်ိဳၿပီး ေရာင္းခ်ခဲ့မယ္ဆိုရင္ အဲ့ဒီေငြေၾကးပမာဏေလာက္အထိ ရရွိလိမ့္မွာမဟုတ္ဘူးလို႔လည္း ျပင္သစ္အစိုးရေရွ႕ေန Laure Beccuauက ေျပာၾကားခဲ့ပါတယ္။ Louvreျပတိုက္ကေန ေတာ္ဝင္လက္ဝတ္ရတနာပစၥည္းေတြကို ခိုးယူသြားခဲ့တဲ့ သူခိုးေတြဟာ လက္ဝတ္ရတနာေတြကို အရည္က်ိဳၿပီး ေရာင္းခ်ဖို႔ နည္းလမ္းေတြကို ရွာေဖြႏိုင္တယ္လို႔ အက္ဖ္ဘီအိုင္အဖြဲ႕ အႏုပညာ ရာဇ၀တ္မႈဆိုင္ရာ ကြၽမ္းက်င္သူေဟာင္း Tim Carpenter က သတိေပးေျပာဆိုခဲ့ၿပီးေနာက္ တစ္ရက္အၾကာမွာ Laure Beccuauရဲ႕ ေျပာဆိုမႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ Tim Carpenterက”သူခိုးေတြဟာ ေတာ္ဝင္လက္ဝတ္ရတနာပစၥည္းေတြကို အရည္က်ိဳတာမ်ိဳးလုပ္ေဆာင္ႏိုင္ပါတယ္။ဒါ့ျပင္ သူခိုးေတြဟာ ေက်ာက္မ်က္ရတနာေတြကို သရဖူကေန ခြဲထုတ္ၿပီး တစ္ခုခ်င္းစီေရာင္းခ်သြားႏိုင္ပါတယ္။”လို႔ သတိေပးေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ ပဲရစ္ၿမိဳ႕လယ္မွာရွိတဲ့ Louvreျပတိုက္ကေန အဖိုးမျဖတ္ႏိုင္တဲ့ ေတာ္ဝင္လက္ဝတ္ရတနာ(၈)ခုကို ခိုးယူသြားခဲ့တဲ့ သူခိုးအဖြဲ႕ကို အာဏာပိုင္ေတြက ဆက္လက္စုံစမ္းရွာေဖြလ်က္ရွိတယ္လို႔လည္း သိရပါတယ္။