NCA လမ်းကြောင်းကို သွေဖယ်သည့် အရာရှိ နှစ်ဦးကို ထုတ်ပယ်လိုက်ကြောင်း DKBA ထုတ်ပြန်

 397

ပီယ (NP News) - မတ် ၁၂
NCA လမ်းကြောင်းကို သွေဖယ်သည့် အရာရှိ နှစ်ဦးကို ထုတ်ပယ်လိုက်ကြောင်း ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) က မတ်လ ၁၁ ရက် ညပိုင်းတွင် သတင်း ထုတ်ပြန်ထားသည်။
DKBA ၏ အမှတ်(၁)စစ်ကွပ်ကဲရေးလက်အောက်ခံ၊ အမှတ် (၉၁၅)တပ်ရင်းတွင် တာဝန်ထမ်းဆောင်နေသော ဗိုလ်မှူး အဆင့်ရှိသူ စောထို့လွီ နှင့် ဗိုလ်ကြီး အဆင့်ရှိသူ စောကရင်လေးတို့ကို ထုတ်ပယ်ခဲ့ခြင်း ဖြစ်သည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လမ်းကြောင်းအား သွေဖယ်ပြီး မိမိအား ပေးအပ်ထားသောတာဝန်ထက်ကျော်လွန်၍ ပူးပေါင်းအဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင်ခဲ့သဖြင့် အဖွဲ့အစည်း မှ အပြီးအပိုင် ထုတ်ပယ်လိုက်ခြင်း ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။
“ကြားရသလောက်က KNU နဲ့ ပူးပေါင်းသွားတာလို့ ပြောတယ်။ ဒါကြောင့် အရေးယူတာပေါ့။ ဒီထုတ်ပြန်ချက်က DKBA အနေနဲ့ NCA လမ်းကြောင်းပေါ် ဖြောင့်ဖြောင့်တန်းတန်း ဆက်လျှောက်နေတယ်ဆိုတာကို ပြသရာလည်း ရောက်တယ်” ဟု DKBA နှင့် နီးစပ်သူ သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

Zawgyi Version:
NCA လမ္းေၾကာင္းကို ေသြဖယ္သည့္ အရာရွိ ႏွစ္ဦးကို ထုတ္ပယ္လိုက္ေၾကာင္း DKBA ထုတ္ျပန္
ပီယ (NP News) - မတ္ ၁၂
NCA လမ္းေၾကာင္းကို ေသြဖယ္သည့္ အရာရွိ ႏွစ္ဦးကို ထုတ္ပယ္လိုက္ေၾကာင္း ဒီမိုကေရစီအက်ိဳးျပဳ ကရင္တပ္မေတာ္ (DKBA) က မတ္လ ၁၁ ရက္ ညပိုင္းတြင္ သတင္း ထုတ္ျပန္ထားသည္။
DKBA ၏ အမွတ္(၁)စစ္ကြပ္ကဲေရးလက္ေအာက္ခံ၊ အမွတ္ (၉၁၅)တပ္ရင္းတြင္ တာဝန္ထမ္းေဆာင္ေနေသာ ဗိုလ္မႉး အဆင့္ရွိသူ ေစာထို႔လြီ ႏွင့္ ဗိုလ္ႀကီး အဆင့္ရွိသူ ေစာကရင္ေလးတို႔ကို ထုတ္ပယ္ခဲ့ျခင္း ျဖစ္သည္။
တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA) လမ္းေၾကာင္းအား ေသြဖယ္ၿပီး မိမိအား ေပးအပ္ထားေသာတာဝန္ထက္ေက်ာ္လြန္၍ ပူးေပါင္းအဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္းပါဝင္ခဲ့သျဖင့္ အဖြဲ႕အစည္း မွ အၿပီးအပိုင္ ထုတ္ပယ္လိုက္ျခင္း ျဖစ္သည္ဟုလည္း ေဖာ္ျပထားသည္။
“ၾကားရသေလာက္က KNU နဲ႔ ပူးေပါင္းသြားတာလို႔ ေျပာတယ္။ ဒါေၾကာင့္ အေရးယူတာေပါ့။ ဒီထုတ္ျပန္ခ်က္က DKBA အေနနဲ႔ NCA လမ္းေၾကာင္းေပၚ ေျဖာင့္ေျဖာင့္တန္းတန္း ဆက္ေလွ်ာက္ေနတယ္ဆိုတာကို ျပသရာလည္း ေရာက္တယ္” ဟု DKBA ႏွင့္ နီးစပ္သူ သတင္းရင္းျမစ္တစ္ဦးက ဆိုသည္။

Related news

© 2021. All rights reserved.