ယခင်ကာလများက မဲဆန္ဒရှင်စာရင်များသည်လည်း မှန်ကန်ခဲ့ခြင်း မရှိဟု ဦးကိုကိုကြီး ပြော

518

သက်ပိုင်(NP News) - အောက်တိုဘာ ၂၅
ယခင်ကာလများက မဲဆန္ဒရှင်စာရင်များသည်လည်း မှန်ကန်ခဲ့ခြင်း မရှိကြောင်း ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီး က ပြောသည်။
အောက်တိုဘာလ (၂၅)ရက်က ရန်ကုန်မြို့ Sky Star ဟိုတယ်တွင်ပြုလုပ်သော ပြည်သူ့ပါတီ၏တတိယ အကြိမ်မြောက် ဗဟိုကော်မတီစုံညီအစည်းအဝေးနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာတွင် မီဒီယာများ၏ မေးမြန်းချက်များကို ဖြေကြားရာတွင် ဦးကိုကိုကြီးက ယခုကဲ့သို့ပြော ကြားခဲ့ခြင်း ဖြစ်သည်။
“မဲစာရင်းကိစ္စပြောရရင် ကျွန်တော်တို့နိုင်ငံရဲ့ အားနည်းချက်လို့ပဲ ပြောရမယ်။ ကိန်းဂန်းစာရင်း ဇယားတိကျမှုက အခုမှလည်းမဟုတ်ပါဘူး။ အရင်ကလည်း မရှိပါဘူး။ မရှိတော့ ကျွန်တော်ပြောဖူးပါတယ်။ မဲစာရင်းလုပ်ရင် တစ်ခါမှ မမှန်ခဲ့ဖူးဘူး။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာလည်း မမှန်ခဲ့ဘူး။ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌအဖြစ် ဦးတင်အေး ကာလတုန်းကဆိုရင်တော့ ဦးတင်အေးက ရိုးရိုးသားသားပဲ ဝန်ခံခဲ့တယ်။ လာစစ်တဲ့အထဲမှာ (၃၀) ရာခိုင်နှုန်းလောက် အမှားယွင်းရှိတယ်ဆိုတာကို ဘယ်လောက်လဲဆိုတော့ မြို့နယ်တစ်ခုမှာ ထွေအုပ်က လူဦးရေစာရင်းနဲ့ လဝကက လူဦးရေစာရင်းနဲ့ ကော်မရှင်က လူဦးရေ စာရင်းဟာ ကွာတယ်။ ကွဲလွဲမှုရှိတယ်။ ဒါတောင် ကျွန်တော်တို့က ရယ်စရာပြောဖြစ်တယ်။ ကျန်းမာရေးမပါသေးဘူးလို့။ ဘာကြောင့်လဲဆိုရင် ဥပမာ မိသားစုတစ်ခုမှာ တစ်ယောက်ယောက်က သေဆုံးသွားပြီဆိုရင် သေစာရင်းထုတ်မှ မြေချလို့ရတယ်။ ဒီတော့ ကျန်းမာရေးဌာနမှာ သေသွားပေမယ့် လဝကမှာ မသေသေးဘူး။ဒီတော့ ဆိုလိုတာက ကိန်းဂဏန်းကွာဟမှုဟာ နေရာအနှံ့မှာ အနည်းနဲ့အများရှိနေတယ်။ အခုကာလမှာဆိုရင် ကျွန်တော်လည်းကြားသိနေရပါတယ်။ တချို့ မဲစာရင်း ကွာခြားမှုတွေပေါ့”ဟု ဦးကိုကိုကြီးက ပြောသည်။
ပြည်သူများအနေဖြင့် မဲပေးလိုမှုများရှိရန် များစွာ အရေးကြီးသည့်အတွက် ပြည်သူများ မဲစာရင်းကြည့်ရှုရာတွင် အကျိုးဆောင်ပေးရန် ပါတီဝင်များကို မှာကြားထားကြောင်းနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့်လည်း ပြည့်စုံသော မဲစာရင်းကို စီစဉ်ပေးနိုင်ရန် မျှော်လင့်မိကြောင်း ၎င်းကဆိုသည်။
“ တချို့ကျတော့လည်း ပြည်သူတွေရဲ့ စိတ်ဝင်စားမှု မြင့်တက်လာရင် မဲပေးချင်ရင် မဲပေးချင်လွန်းလို့ကို လိုက်စုံစမ်းတာပေါ့နော်။ အခုကကျတော့ တဖက်က ခြိမ်းခြောက်မှုတွေရှိနေတော့ မပါလည်း ဘာဖြစ်လဲ။ မပါလည်းမပေးယုံပေါ့ဆိုတာမျိုး ဖြစ်လာရင် ဒါမျိုးတွေက အန္တရာယ်ရှိတယ်။ ဒါကြောင့် ကျွန်တော်တိုက်တွန်းချင်တာက ပြည်သူတွေအနေနဲ့ သွားစစ်ပါ။ မဲစာရင်းမပါခဲ့ရင် အကျိုးဆောင်ပေးဖို့ အတွက်လည်း ကိုယ်စားလှယ်တွေကိုလည်း ပြောထားတယ်။ ဒီတော့ တစ်ခုက ကျွန်တော်တို့ ပါတီတွေဘက်ကရော အားလုံးကြိုးစားသလို ကော်မရှင်ဘက်ကလည်း ဒုတိယအကြိမ်မှာ လာတိုင်မှ အကြောင်းကြားမှ ဖြည့်ပေးတာမျိုးမဟုတ်ဘဲနဲ့ ကိုကိုယ်တိုင်စစ်ဆေးတွေ့ရှိတဲ့ ကျန်တဲ့ သူမဲစာရင်းတွေကို ထပ်မံဖြည့်စွက်ခြင်းဖြင့် ပြီးပြည့်စုံတဲ့ မဲစာရင်းတွေ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတာ့ ဒီလာမယ့်ရွေးကောက်ပွဲဟာ အင်မတန်အရေးကြီးလို့ပါ။ဒီတော့ အားလုံးက အတက်နိုင်ဆုံးပူးပေါင်းဆောင်ရွက်ကြဖို့ ကျွန်တော်တိုက်တွန်းပါတယ်”ဟု ၎င်းကဆိုသည်။
Zawgyi
======
သက္ပိုင္(NP News) - ေအာက္တိုဘာ ၂၅
ယခင္ကာလမ်ားက မဲဆႏၵရွင္စာရင္မ်ားသည္လည္း မွန္ကန္ခဲ့ျခင္း မရွိေၾကာင္း ျပည္သူ႔ပါတီ ဥကၠဌ ဦးကိုကိုႀကီး က ေျပာသည္။
ေအာက္တိုဘာလ (၂၅)ရက္က ရန္ကုန္ၿမိဳ႕ Sky Star ဟိုတယ္တြင္ျပဳလုပ္ေသာ ျပည္သူ႔ပါတီ၏တတိယ အႀကိမ္ေျမာက္ ဗဟိုေကာ္မတီစုံညီအစည္းအေဝးႏွင့္ ပတ္သက္၍ သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ရာတြင္ မီဒီယာမ်ား၏ ေမးျမန္းခ်က္မ်ားကို ေျဖၾကားရာတြင္ ဦးကိုကိုႀကီးက ယခုကဲ့သို႔ေျပာ ၾကားခဲ့ျခင္း ျဖစ္သည္။
“မဲစာရင္းကိစၥေျပာရရင္ ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ အားနည္းခ်က္လို႔ပဲ ေျပာရမယ္။ ကိန္းဂန္းစာရင္း ဇယားတိက်မႈက အခုမွလည္းမဟုတ္ပါဘူး။ အရင္ကလည္း မရွိပါဘူး။ မရွိေတာ့ ကြၽန္ေတာ္ေျပာဖူးပါတယ္။ မဲစာရင္းလုပ္ရင္ တစ္ခါမွ မမွန္ခဲ့ဖူးဘူး။ ၿပီးခဲ့တဲ့ ေ႐ြးေကာက္ပြဲေတြမွာလည္း မမွန္ခဲ့ဘူး။ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ ဥကၠဌအျဖစ္ ဦးတင္ေအး ကာလတုန္းကဆိုရင္ေတာ့ ဦးတင္ေအးက ႐ိုး႐ိုးသားသားပဲ ဝန္ခံခဲ့တယ္။ လာစစ္တဲ့အထဲမွာ (၃၀) ရာခိုင္ႏႈန္းေလာက္ အမွားယြင္းရွိတယ္ဆိုတာကို ဘယ္ေလာက္လဲဆိုေတာ့ ၿမိဳ႕နယ္တစ္ခုမွာ ေထြအုပ္က လူဦးေရစာရင္းနဲ႔ လဝကက လူဦးေရစာရင္းနဲ႔ ေကာ္မရွင္က လူဦးေရ စာရင္းဟာ ကြာတယ္။ ကြဲလြဲမႈရွိတယ္။ ဒါေတာင္ ကြၽန္ေတာ္တို႔က ရယ္စရာေျပာျဖစ္တယ္။ က်န္းမာေရးမပါေသးဘူးလို႔။ ဘာေၾကာင့္လဲဆိုရင္ ဥပမာ မိသားစုတစ္ခုမွာ တစ္ေယာက္ေယာက္က ေသဆုံးသြားၿပီဆိုရင္ ေသစာရင္းထုတ္မွ ေျမခ်လို႔ရတယ္။ ဒီေတာ့ က်န္းမာေရးဌာနမွာ ေသသြားေပမယ့္ လဝကမွာ မေသေသးဘူး။ဒီေတာ့ ဆိုလိုတာက ကိန္းဂဏန္းကြာဟမႈဟာ ေနရာအႏွံ႔မွာ အနည္းနဲ႔အမ်ားရွိေနတယ္။ အခုကာလမွာဆိုရင္ ကြၽန္ေတာ္လည္းၾကားသိေနရပါတယ္။ တခ်ိဳ႕ မဲစာရင္း ကြာျခားမႈေတြေပါ့”ဟု ဦးကိုကိုႀကီးက ေျပာသည္။
ျပည္သူမ်ားအေနျဖင့္ မဲေပးလိုမႈမ်ားရွိရန္ မ်ားစြာ အေရးႀကီးသည့္အတြက္ ျပည္သူမ်ား မဲစာရင္းၾကည့္ရႈရာတြင္ အက်ိဳးေဆာင္ေပးရန္ ပါတီဝင္မ်ားကို မွာၾကားထားေၾကာင္းႏွင့္ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္အေနျဖင့္လည္း ျပည့္စုံေသာ မဲစာရင္းကို စီစဥ္ေပးႏိုင္ရန္ ေမွ်ာ္လင့္မိေၾကာင္း ၎ကဆိုသည္။
“ တခ်ိဳ႕က်ေတာ့လည္း ျပည္သူေတြရဲ႕ စိတ္ဝင္စားမႈ ျမင့္တက္လာရင္ မဲေပးခ်င္ရင္ မဲေပးခ်င္လြန္းလို႔ကို လိုက္စုံစမ္းတာေပါ့ေနာ္။ အခုကက်ေတာ့ တဖက္က ၿခိမ္းေျခာက္မႈေတြရွိေနေတာ့ မပါလည္း ဘာျဖစ္လဲ။ မပါလည္းမေပးယုံေပါ့ဆိုတာမ်ိဳး ျဖစ္လာရင္ ဒါမ်ိဳးေတြက အႏၲရာယ္ရွိတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္တိုက္တြန္းခ်င္တာက ျပည္သူေတြအေနနဲ႔ သြားစစ္ပါ။ မဲစာရင္းမပါခဲ့ရင္ အက်ိဳးေဆာင္ေပးဖို႔ အတြက္လည္း ကိုယ္စားလွယ္ေတြကိုလည္း ေျပာထားတယ္။ ဒီေတာ့ တစ္ခုက ကြၽန္ေတာ္တို႔ ပါတီေတြဘက္ကေရာ အားလုံးႀကိဳးစားသလို ေကာ္မရွင္ဘက္ကလည္း ဒုတိယအႀကိမ္မွာ လာတိုင္မွ အေၾကာင္းၾကားမွ ျဖည့္ေပးတာမ်ိဳးမဟုတ္ဘဲနဲ႔ ကိုကိုယ္တိုင္စစ္ေဆးေတြ႕ရွိတဲ့ က်န္တဲ့ သူမဲစာရင္းေတြကို ထပ္မံျဖည့္စြက္ျခင္းျဖင့္ ၿပီးျပည့္စုံတဲ့ မဲစာရင္းေတြ ျဖစ္လာလိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ဘာလို႔လဲဆိုတာ့ ဒီလာမယ့္ေ႐ြးေကာက္ပြဲဟာ အင္မတန္အေရးႀကီးလို႔ပါ။ဒီေတာ့ အားလုံးက အတက္ႏိုင္ဆုံးပူးေပါင္းေဆာင္႐ြက္ၾကဖို႔ ကြၽန္ေတာ္တိုက္တြန္းပါတယ္”ဟု ၎ကဆိုသည္။