နယ်စပ်တိုက်ပွဲတွေကိုရှောင်ရှားဖို့အတွက် မြောက်ကိုရီးယားနဲ့ဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ တောင်ကိုရီးယားစစ်တပ်အဆိုပြု

 67

Pika (NP News) - နိုဝင်ဘာ ၁၈

နယ်စပ်တိုက်ပွဲများကို ရှောင်ရှားရန်အတွက် မြောက်ကိုရီးယားနှင့် ဆွေးနွေးမှုများလုပ်ဆောင်ရန် တောင်ကိုရီးယား စစ်တပ်က အဆိုပြုခဲ့ကြောင်း သိရသည်။ မကြာသေးခင်ဖြစ်ပွားလာခဲ့တဲ့ မြောက်ကိုရီးယားစစ်သားတွေရဲ့ ကျူးကျော်မှုတွေကို ကိုးကားပြီး တောင်ကိုရီးယားစစ်တပ်က ယခုလိုအဆိုပြုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ တောင်ကိုရီးယား အမျိုးသားကာကွယ်ရေးမူဝါဒဆိုင်ရာ ဒုဝန်ကြီး Kim Hong-cheol က “မတော်တဆတိုက်ပွဲတွေနဲ့ စစ်ရေးတင်းမာမှုတွေကို လျှော့ချဖို့အတွက် စစ်ရေးနယ်နိမိတ်မျဉ်းမှာ ရှင်းလင်းတဲ့ရည်ညွှန်းမျဉ်းတစ်ခု တည်ထောင် ရေးကို ဆွေးနွေးဖို့ နှစ်နိုင်ငံကြားစစ်ရေးဆွေးနွေးပွဲတွေလုပ်ဆောင်ဖို့ ကျွန်တော်တို့စစ်တပ်က အဆိုပြုထားပါ တယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် တောင်ကိုရီးယားက မဟာဗျူဟာမြောက်လမ်းတွေ၊ခြံစည်းရိုးတွေနဲ့ မြေမြှုပ်မိုင်းတွေ ထောင်ထားပေမယ့် လည်း မြောက်ကိုရီးယားစစ်သားတွေက နယ်နိမိတ်မျဉ်းကို အကြိမ်ကြိမ်ဖြတ်ကျော်ခဲ့တယ်လို့ Kim Hong-cheol က ပြောကြားခဲ့ပါတယ်။ စစ်ရေးနယ်နိမိတ်မျဉ်းဟာ ကိုရီးယားကျွန်းဆွယ်တစ်လျှောက် (၂၅၀)ကီလိုမီတာ ရှည်လျားပြီး အကျယ်(၄)ကီလိုမီတာရှိတဲ့ စစ်မဲ့ဇုန်(DMZ) အတွင်းမှာ တည်ရှိတာလည်းဖြစ်ပါတယ်။

Zawgyi Version:
နယ္စပ္တိုက္ပြဲေတြကိုေရွာင္ရွားဖို႔အတြက္ ေျမာက္ကိုရီးယားနဲ႔ေဆြးေႏြးမႈေတြလုပ္ေဆာင္ဖို႔ ေတာင္ကိုရီးယား စစ္တပ္အဆိုျပဳ
Pika (NP News) - ႏိုဝင္ဘာ ၁၈
နယ္စပ္တိုက္ပြဲမ်ားကို ေရွာင္ရွားရန္အတြက္ ေျမာက္ကိုရီးယားႏွင့္ ေဆြးေႏြးမႈမ်ားလုပ္ေဆာင္ရန္ ေတာင္ကိုရီးယား စစ္တပ္က အဆိုျပဳခဲ့ေၾကာင္း သိရသည္။ မၾကာေသးခင္ျဖစ္ပြားလာခဲ့တဲ့ ေျမာက္ကိုရီးယားစစ္သားေတြရဲ႕ က်ဴးေက်ာ္မႈေတြကို ကိုးကားၿပီး ေတာင္ကိုရီးယားစစ္တပ္က ယခုလိုအဆိုျပဳခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ေတာင္ကိုရီးယား အမ်ိဳးသားကာကြယ္ေရးမူဝါဒဆိုင္ရာ ဒုဝန္ႀကီး Kim Hong-cheol က “မေတာ္တဆတိုက္ပြဲေတြနဲ႔ စစ္ေရးတင္းမာမႈေတြကို ေလွ်ာ့ခ်ဖို႔အတြက္ စစ္ေရးနယ္နိမိတ္မ်ဥ္းမွာ ရွင္းလင္းတဲ့ရည္ၫႊန္းမ်ဥ္းတစ္ခု တည္ေထာင္ ေရးကို ေဆြးေႏြးဖို႔ ႏွစ္ႏိုင္ငံၾကားစစ္ေရးေဆြးေႏြးပြဲေတြလုပ္ေဆာင္ဖို႔ ကြၽန္ေတာ္တို႔စစ္တပ္က အဆိုျပဳထားပါ တယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ေတာင္ကိုရီးယားက မဟာဗ်ဴဟာေျမာက္လမ္းေတြ၊ၿခံစည္း႐ိုးေတြနဲ႔ ေျမျမႇဳပ္မိုင္းေတြ ေထာင္ထားေပမယ့္ လည္း ေျမာက္ကိုရီးယားစစ္သားေတြက နယ္နိမိတ္မ်ဥ္းကို အႀကိမ္ႀကိမ္ျဖတ္ေက်ာ္ခဲ့တယ္လို႔ Kim Hong-cheol က ေျပာၾကားခဲ့ပါတယ္။ စစ္ေရးနယ္နိမိတ္မ်ဥ္းဟာ ကိုရီးယားကြၽန္းဆြယ္တစ္ေလွ်ာက္ (၂၅၀)ကီလိုမီတာ ရွည္လ်ားၿပီး အက်ယ္(၄)ကီလိုမီတာရွိတဲ့ စစ္မဲ့ဇုန္(DMZ) အတြင္းမွာ တည္ရွိတာလည္းျဖစ္ပါတယ္။

Related news

© 2021. All rights reserved.