သီရိလင်္ကာမှာ ရေကြီးမြေပြိုမှုများကြောင့် လူ ၃၁ ဦးထက်မနည်း သေဆုံး

 70

ရောင်နီ (NP News) - နိုဝင်ဘာ ၂၈

သီရိလင်္ကာနိုင်ငံတစ်ဝှမ်းမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေကြောင့် လူ ၃၁ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၄ ဦး ပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေက ကြသပတေးနေ့ (နိုဝင်ဘာ ၂၇ ရက်) မှာ ပြောကြားပါတယ်။
သေဆုံးမှုအများစုဟာ လက်ဖက်စိုက်ပျိုးရာ အလယ်ပိုင်း ဘာဒူလာခရိုင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ညတွင်းချင်း တောင်စောင်းမြေ ပြိုကျမှုကြောင့် လူ ၁၆ ဦး အရှင်လတ်လတ် မြှုပ်နှံခံခဲ့ရသလိုဖြစ်ခဲ့တယ်လို့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာန (DMC)က ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အဲဒီအနီးတဝိုက် နူဝါရာအီလီယာခရိုင်မှာလည်း အလားတူပုံစံနဲ့ နောက်ထပ်လေးဦး သေဆုံးခဲ့ပြီး ကျန်တဲ့ သေဆုံးမှုတွေကတော့ အခြားနေရာတွေမှ ဖြစ်တယ်လို့ သိရပါတယ်။
ရွှံ့နွံပြိုကျမှုကြောင့် အိမ်ခြေ ၄၀၀ နီးပါး ပျက်စီးခဲ့ပြီး မိသားစု ၁၁၀၀ ကျော် ယာယီခိုလှုံရာနေရာတွေကို ရွှေ့ပြောင်းခဲ့ရပါတယ်။ သီရိလင်္ကာတစ်ဝှမ်း မြစ်ရေ မြင့်တက်လာနေတာကြောင့် မြေနိမ့်ဒေသ နေထိုင်သူတွေ ပြောင်းရွှေ့ကြဖို့လည်း DMC က သတိပေးတိုက်တွန်းထားပါတယ်။
သီရိလင်္ကာနိုင်ငံဟာ လက်ရှိ အရှေ့မြောက်မုတ်သုံရာသီနဲ့ ကြုံတွေ့နေရပြီး အရှေ့ဘက် လေဖိအားနည်းရပ်ဝန်းကြောင့် မိုးရွာသွန်းမှု ပိုမိုဆိုးရွားလာနေတယ်လို့ သိရပါတယ်။ ရာသီဥတုကြောင့် အစိုးရက တစ်နိုင်ငံလုံးက ကျောင်းစာမေးပွဲတွေကို နှစ်ရက်ကြာ ရပ်ဆိုင်းထားခဲ့ပါတယ်။
သီရိလင်္ကာတစ်ဝှမ်း မိုးရေချိန် ၁၀၀ မီလီမီတာကျော် ရွာသွန်းမယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

Zawgyi Version:
သီရိလကၤာမွာ ေရႀကီးေျမၿပိဳမႈမ်ားေၾကာင့္ လူ ၃၁ ဦးထက္မနည္း ေသဆုံး
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၂၈
သီရိလကၤာႏိုင္ငံတစ္ဝွမ္းမွာ မိုးသည္းထန္စြာ႐ြာသြန္းၿပီး ေရႀကီးေရလွ်ံမႈနဲ႔ ေျမၿပိဳမႈေတြေၾကာင့္ လူ ၃၁ ဦးထက္မနည္း ေသဆုံးခဲ့ၿပီး ၁၄ ဦး ေပ်ာက္ဆုံးေနတယ္လို႔ အာဏာပိုင္ေတြက ၾကသပေတးေန႔ (ႏိုဝင္ဘာ ၂၇ ရက္) မွာ ေျပာၾကားပါတယ္။
ေသဆုံးမႈအမ်ားစုဟာ လက္ဖက္စိုက္ပ်ိဳးရာ အလယ္ပိုင္း ဘာဒူလာခ႐ိုင္မွာ ျဖစ္ပြားခဲ့တာျဖစ္ၿပီး ညတြင္းခ်င္း ေတာင္ေစာင္းေျမ ၿပိဳက်မႈေၾကာင့္ လူ ၁၆ ဦး အရွင္လတ္လတ္ ျမႇဳပ္ႏွံခံခဲ့ရသလိုျဖစ္ခဲ့တယ္လို႔ သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲေရးဌာန (DMC)က ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။ အဲဒီအနီးတဝိုက္ ႏူဝါရာအီလီယာခ႐ိုင္မွာလည္း အလားတူပုံစံနဲ႔ ေနာက္ထပ္ေလးဦး ေသဆုံးခဲ့ၿပီး က်န္တဲ့ ေသဆုံးမႈေတြကေတာ့ အျခားေနရာေတြမွ ျဖစ္တယ္လို႔ သိရပါတယ္။
႐ႊံ႕ႏြံၿပိဳက်မႈေၾကာင့္ အိမ္ေျခ ၄၀၀ နီးပါး ပ်က္စီးခဲ့ၿပီး မိသားစု ၁၁၀၀ ေက်ာ္ ယာယီခိုလႈံရာေနရာေတြကို ေ႐ႊ႕ေျပာင္းခဲ့ရပါတယ္။ သီရိလကၤာတစ္ဝွမ္း ျမစ္ေရ ျမင့္တက္လာေနတာေၾကာင့္ ေျမနိမ့္ေဒသ ေနထိုင္သူေတြ ေျပာင္းေ႐ႊ႕ၾကဖို႔လည္း DMC က သတိေပးတိုက္တြန္းထားပါတယ္။
သီရိလကၤာႏိုင္ငံဟာ လက္ရွိ အေရွ႕ေျမာက္မုတ္သုံရာသီနဲ႔ ႀကဳံေတြ႕ေနရၿပီး အေရွ႕ဘက္ ေလဖိအားနည္းရပ္ဝန္းေၾကာင့္ မိုး႐ြာသြန္းမႈ ပိုမိုဆိုး႐ြားလာေနတယ္လို႔ သိရပါတယ္။ ရာသီဥတုေၾကာင့္ အစိုးရက တစ္ႏိုင္ငံလုံးက ေက်ာင္းစာေမးပြဲေတြကို ႏွစ္ရက္ၾကာ ရပ္ဆိုင္းထားခဲ့ပါတယ္။
သီရိလကၤာတစ္ဝွမ္း မိုးေရခ်ိန္ ၁၀၀ မီလီမီတာေက်ာ္ ႐ြာသြန္းမယ္လို႔ မိုးဇလက ခန႔္မွန္းထားပါတယ္။

Related news

© 2021. All rights reserved.