ငရုတ်တင်ပို့မည့်ကုမ္ပဏီများ အရည်အသွေးဓာတ်ခွဲစမ်းသပ်ပြီးမှသာ တင်ပို့ခွင့်ပြုမည်

 159

ပြည့်ဖြိုး (NP News) - ဒီဇင်ဘာလ ၁၁

ထိုင်းနိုင်ငံသို့ ငရုတ်ထပ်မံတင်ပို့မည့် ကုမ္ပဏီများအနေဖြင့် အရည်အသွေး ဓာတ်ခွဲစမ်း သပ် ပြီးမှသာတင်ပို့ခွင့်ပြုတော့မည်ဟု မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း မှသိရ သည်။
" တင်ပို့မယ့်ကုမ္ပဏီတွေဟာ မတင်ပို့မီ ငရုတ်သီးနမူနာကို စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံ ကာကွယ်ရေးဌာနခွဲ(ရုံးချုပ်မှ) ISO 17025 လက် မှတ်ရရှိထားတဲ့ စိုက်ပျိုးရေးထွက်ကုန်များ အရည် အသွေးစစ်ဆေးရေးဓာတ်ခွဲခန်းကို ပေးပို့စစ်ဆေး ပြီးမှသာ တင်ပို့ခွင့်ပြုမှာဖြစ်ပါတယ်။ အခုလိုသိရှိရ တဲ့အတွက် ကုမ္ပဏီတွေနဲ့ငရုတ်တောင်သူတွေ သိ ရှိစေဖို့အသိပေးလိုပါတယ်}}ဟု မြန်မာနိုင်ငံ သစ် သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းက ပြော သည်။
ထိုင်းနိုင်ငံသို့တင်ပို့ခဲ့သည့် ငရုတ်သီး (အခြောက်)နှင့် ငရုတ်သီး(အစို)များတွင် Chlor­pyrifos နှင့် Triazophos ပိုးသတ်ဆေး၊ Gly­phosate ပေါင်းသတ်ဆေး၊ Aflatoxin အဆိပ် ဓာတ်ကြွင်းများတွေ့ရှိရကြောင်းသိရသည်။ ထို့ ကြောင့် ထပ်မံတင်ပို့မည့်ကုမ္ပဏီများအနေဖြင့် စိုက် ပျိုးရေးထွက်ကုန်များ အရည်အသွေးစစ်ဆေးရေး ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးပြီးမှသာ တင်ပို့ခွင့်ပြု သွားမည်ဖြစ်ကြောင်းသိရအသည်။
" မြန်မာပြည်က စိုက်ပျိုးရေးထုတ်ကုန် တွေ မဆုံးရှုံးစေဖို့အတွက် တောင်သူတွေကြား သိ ရှိလိုက်နာဆောင်ရွက်နိုင်ကြဖို့လည်းလိုပါတယ်"ဟု စိုက်ပျိုးထုတ်လုပ်သူတစ်ဦးကပြောသည်။
ငရုတ်နှင့်ပတ်သက်သော ဓာတ်ခွဲခန်း စစ်ဆေးမှုများကို ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန် မြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာန ဓာတ်ခွဲခန်း၊ လမ်းမ တော်မြို့နယ်ရှိ Food Industries Development Supporting Laboratory ၊ ဒဂုံမြို့နယ်ရှိ FDA Laboratory၊ လှိုင်မြို့နယ်ရှိSGS Myanmar၊ မန္တလေးမြို့ စက်မှုဇုန် (၁) ရှိU Kar Ka (lumu) Food Testing Laboratory နှင့် နေပြည်တော် ဆေးဝါးဇေယျာသီရိရပ်ကွက်ရှိ FDA Laboratory တို့တွင် အသီးသီး ဓာတ်ခွဲ စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်သွားနိုင်ကြောင်းသိရသည်။

Zawgyi Version:
င႐ုတ္တင္ပို႔မည့္ကုမၸဏီမ်ား အရည္အေသြးဓာတ္ခြဲစမ္းသပ္ၿပီးမွသာ တင္ပို႔ခြင့္ျပဳမည္
ျပည့္ၿဖိဳး (NP News) - ဒီဇင္ဘာလ ၁၁
ထိုင္းႏိုင္ငံသို႔ င႐ုတ္ထပ္မံတင္ပို႔မည့္ ကုမၸဏီမ်ားအေနျဖင့္ အရည္အေသြး ဓာတ္ခြဲစမ္း သပ္ ၿပီးမွသာတင္ပို႔ခြင့္ျပဳေတာ့မည္ဟု ျမန္မာႏိုင္ငံ သစ္သီးဝလံ၊ ပန္းမန္ႏွင့္ ဟင္းသီးဟင္း႐ြက္ စိုက္ပ်ိဳးထုတ္လုပ္တင္ပို႔ေရာင္းခ်သူမ်ားအသင္း မွသိရ သည္။
" တင္ပို႔မယ့္ကုမၸဏီေတြဟာ မတင္ပို႔မီ င႐ုတ္သီးနမူနာကို စိုက္ပ်ိဳးေရးဦးစီးဌာန၊ သီးႏွံ ကာကြယ္ေရးဌာနခြဲ(႐ုံးခ်ဳပ္မွ) ISO 17025 လက္ မွတ္ရရွိထားတဲ့ စိုက္ပ်ိဳးေရးထြက္ကုန္မ်ား အရည္ အေသြးစစ္ေဆးေရးဓာတ္ခြဲခန္းကို ေပးပို႔စစ္ေဆး ၿပီးမွသာ တင္ပို႔ခြင့္ျပဳမွာျဖစ္ပါတယ္။ အခုလိုသိရွိရ တဲ့အတြက္ ကုမၸဏီေတြနဲ႔င႐ုတ္ေတာင္သူေတြ သိ ရွိေစဖို႔အသိေပးလိုပါတယ္}}ဟု ျမန္မာႏိုင္ငံ သစ္ သီးဝလံ၊ ပန္းမန္ႏွင့္ ဟင္းသီးဟင္း႐ြက္ စိုက္ပ်ိဳး ထုတ္လုပ္တင္ပို႔ေရာင္းခ်သူမ်ားအသင္းက ေျပာ သည္။
ထိုင္းႏိုင္ငံသို႔တင္ပို႔ခဲ့သည့္ င႐ုတ္သီး (အေျခာက္)ႏွင့္ င႐ုတ္သီး(အစို)မ်ားတြင္ Chlor­pyrifos ႏွင့္ Triazophos ပိုးသတ္ေဆး၊ Gly­phosate ေပါင္းသတ္ေဆး၊ Aflatoxin အဆိပ္ ဓာတ္ႂကြင္းမ်ားေတြ႕ရွိရေၾကာင္းသိရသည္။ ထို႔ ေၾကာင့္ ထပ္မံတင္ပို႔မည့္ကုမၸဏီမ်ားအေနျဖင့္ စိုက္ ပ်ိဳးေရးထြက္ကုန္မ်ား အရည္အေသြးစစ္ေဆးေရး ဓာတ္ခြဲခန္းသို႔ ေပးပို႔စစ္ေဆးၿပီးမွသာ တင္ပို႔ခြင့္ျပဳ သြားမည္ျဖစ္ေၾကာင္းသိရအသည္။
" ျမန္မာျပည္က စိုက္ပ်ိဳးေရးထုတ္ကုန္ ေတြ မဆုံးရႈံးေစဖို႔အတြက္ ေတာင္သူေတြၾကား သိ ရွိလိုက္နာေဆာင္႐ြက္ႏိုင္ၾကဖို႔လည္းလိုပါတယ္"ဟု စိုက္ပ်ိဳးထုတ္လုပ္သူတစ္ဦးကေျပာသည္။
င႐ုတ္ႏွင့္ပတ္သက္ေသာ ဓာတ္ခြဲခန္း စစ္ေဆးမႈမ်ားကို ရန္ကုန္တိုင္းေဒသႀကီး၊ အင္းစိန္ ၿမိဳ႕နယ္ရွိ စိုက္ပ်ိဳးေရးဦးစီးဌာန ဓာတ္ခြဲခန္း၊ လမ္းမ ေတာ္ၿမိဳ႕နယ္ရွိ Food Industries Development Supporting Laboratory ၊ ဒဂုံၿမိဳ႕နယ္ရွိ FDA Laboratory၊ လႈိင္ၿမိဳ႕နယ္ရွိSGS Myanmar၊ မႏၲေလးၿမိဳ႕ စက္မႈဇုန္ (၁) ရွိU Kar Ka (lumu) Food Testing Laboratory ႏွင့္ ေနျပည္ေတာ္ ေဆးဝါးေဇယ်ာသီရိရပ္ကြက္ရွိ FDA Laboratory တို႔တြင္ အသီးသီး ဓာတ္ခြဲ စမ္းသပ္စစ္ေဆးျခင္းမ်ား ျပဳလုပ္သြားႏိုင္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.