ပြည်ပသို့ ဆန်တစ်မျိုးတည်းတင်ပို့မှုမှ နှစ်စဉ်ဒေါ်လာ(၁)ဘီလျံနီးပါး ရရှိနေ

 145

စော (NP News) - ဒီဇင်ဘာ ၃ဝ

ပြည်ပနိုင်ငံများသို့ ဆန်တစ်မျိုးတည်းတင်ပို့မှုမှ နှစ်စဉ်အမေရိကန် ဒေါ်လာ (၁)ဘီလျံနီးပါး ရရှိနေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ဥက္ကဋ္ဌဦးရဲမင်းအောင်က ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ Melia Hotel ၌ ဒီဇင်ဘာ (၂၄)ရက်ကကျင်းပသော ဆန်အကြောင်း သိကောင်းစရာ ရှင်းလင်းတင်ပြဆွေးနွေးပွဲ၌ ထည့်သွင်းပြောကြားသည်။
ဆန်သည် မြန်မာတို့၏ အစားအစာစနစ်တွင် နေ့စဉ်အခြေခံလိုအပ်ချက်ဖြစ်နေပြီး မြန်မာ ပြည်သူလူထုအတွက် အရေးပါသော အဓိကစားသောက်ကုန်စည်တစ်မျိုးဖြစ်ကာ လက်ရှိတွင် ဆန်ထုတ်လုပ် မှုအနက် (၈၀) ရာခိုင်နှုန်းကို ပြည်တွင်းတွင်စားသုံးကြောင်း သိရသည်။
‘‘မြန်မာနိုင်ငံမှာထုတ်လုပ်တဲ့ဆန်တွေရဲ့ (၈၀)ရာခိုင်နှုန်းလောက်က ပြည်တွင်းမှာစားပါတယ်။ (၂၀)ရာခိုင်နှုန်းပဲ နထစသမအ တင်ပို့ပါတယ်။ ဒါပေမဲ့ ဒီ Export တင်ပို့တာလည်း ဈေးကွက်သေးသေးလေးတော့ မဟုတ်ပါဘူး။ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း (၁)ထောင်လောက်ဝင်ပါတယ်။ အမေရိကန်ဒေါ်လာ သန်း (၈၀ဝ)၊ သန်း (၉၀ဝ)၊ သန်း (၁၀ဝဝ)ဆိုတာ နည်းတဲ့ဝင်ငွေမဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ အမေရိကန်ဒေါ်လာ သန်း (၁၀ဝဝ)လောက် ဝင်ငွေရှာဖွေ ပေးနေတဲ့သီးနှံလည်းဖြစ်တယ်”ဟု ဦးရဲမင်းအောင်က ပြောသည်။
ဆန်အကြောင်းသိကောင်းစရာ ရှင်းလင်းတင်ပြဆွေးနွေးပွဲတွင် မြို့နယ်များမှ စိစစ်ရွေးချယ် ထားသော အိမ်ရှင်မ(၂၀)ဝန်းကျင်မှ (၁) ဦးကို ရွေးချယ်၍ Rice Ambassador ခန့်အပ်ခဲ့ပြီး ခန့်အပ်ခံရ သူသည် ၎င်းနေထိုင်သော ရပ်ကွက်နှင့် အနီးအနားပတ်ဝန်းကျင်တွင် မှန်ကန်သောဆန်အကြောင်း သိကောင်းစရာ ဗဟုသုတအတွေ့အကြုံများ၊ ဆန်အမျိုးအစားများနှင့် ဈေးနှုန်းများအကြောင်းကို မျှဝေလက်ဆင့်ကမ်းပေးနိုင်ရန် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် လက်ရှိတွင် ပို့ကုန်(၂)ဆ တိုးမြှင့်ဆောင်ရွက်နိုင်ရန် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် Rice Export Zone များကို မြို့နယ် (၁၀ဝ)ခန့်တွင် ဖော်ဆောင်ရန်ဆောင်ရွက်နေပြီး ၂၀၂၅-၂၀၂၆ ခုနှစ်နွေစပါးရာသီတွင် ဧက (၂၅၀ဝဝဝ)၊ (၂၀၂၆-၂၀၂၇) မိုးစပါးရာသီတွင် ဧက (၃၅၀ဝဝဝ) ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် နှစ်စဉ်ဧရိယာဧကတိုးတက်စိုက်ပျိုးသွားရန်နှင့် (၂၀၃၀)ပြည့်နှစ်တွင် ဆန်တန်ချိန် (၅)သန်း တင်ပို့နိုင် ရေးအတွက် Export (၁)တန်လျှင် Rice Export Zone (၁)ဧက ရည်မှန်းလျက် စိုက်ဧက (၅)သန်းခန့်အထိ နှစ်စဉ်တိုးချဲ့ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ျပည္ပသို႔ ဆန္တစ္မ်ိဳးတည္းတင္ပို႔မႈမွ ႏွစ္စဥ္ေဒၚလာ(၁)ဘီလ်ံနီးပါး ရရွိေန
ေစာ (NP News) - ဒီဇင္ဘာ ၃ဝ
ျပည္ပႏိုင္ငံမ်ားသို႔ ဆန္တစ္မ်ိဳးတည္းတင္ပို႔မႈမွ ႏွစ္စဥ္အေမရိကန္ ေဒၚလာ (၁)ဘီလ်ံနီးပါး ရရွိေနေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္၏ ဥကၠ႒ဦးရဲမင္းေအာင္က ရန္ကုန္ၿမိဳ႕ ဗဟန္းၿမိဳ႕နယ္ ကမာၻေအးဘုရားလမ္းေပၚရွိ Melia Hotel ၌ ဒီဇင္ဘာ (၂၄)ရက္ကက်င္းပေသာ ဆန္အေၾကာင္း သိေကာင္းစရာ ရွင္းလင္းတင္ျပေဆြးေႏြးပြဲ၌ ထည့္သြင္းေျပာၾကားသည္။
ဆန္သည္ ျမန္မာတို႔၏ အစားအစာစနစ္တြင္ ေန႔စဥ္အေျခခံလိုအပ္ခ်က္ျဖစ္ေနၿပီး ျမန္မာ ျပည္သူလူထုအတြက္ အေရးပါေသာ အဓိကစားေသာက္ကုန္စည္တစ္မ်ိဳးျဖစ္ကာ လက္ရွိတြင္ ဆန္ထုတ္လုပ္ မႈအနက္ (၈၀) ရာခိုင္ႏႈန္းကို ျပည္တြင္းတြင္စားသုံးေၾကာင္း သိရသည္။
‘‘ျမန္မာႏိုင္ငံမွာထုတ္လုပ္တဲ့ဆန္ေတြရဲ႕ (၈၀)ရာခိုင္ႏႈန္းေလာက္က ျပည္တြင္းမွာစားပါတယ္။ (၂၀)ရာခိုင္ႏႈန္းပဲ နထစသမအ တင္ပို႔ပါတယ္။ ဒါေပမဲ့ ဒီ Export တင္ပို႔တာလည္း ေဈးကြက္ေသးေသးေလးေတာ့ မဟုတ္ပါဘူး။ ႏွစ္စဥ္ အေမရိကန္ေဒၚလာ သန္း (၁)ေထာင္ေလာက္ဝင္ပါတယ္။ အေမရိကန္ေဒၚလာ သန္း (၈၀ဝ)၊ သန္း (၉၀ဝ)၊ သန္း (၁၀ဝဝ)ဆိုတာ နည္းတဲ့ဝင္ေငြမဟုတ္ပါဘူး။ ဒါေၾကာင့္မို႔လို႔ အေမရိကန္ေဒၚလာ သန္း (၁၀ဝဝ)ေလာက္ ဝင္ေငြရွာေဖြ ေပးေနတဲ့သီးႏွံလည္းျဖစ္တယ္”ဟု ဦးရဲမင္းေအာင္က ေျပာသည္။
ဆန္အေၾကာင္းသိေကာင္းစရာ ရွင္းလင္းတင္ျပေဆြးေႏြးပြဲတြင္ ၿမိဳ႕နယ္မ်ားမွ စိစစ္ေ႐ြးခ်ယ္ ထားေသာ အိမ္ရွင္မ(၂၀)ဝန္းက်င္မွ (၁) ဦးကို ေ႐ြးခ်ယ္၍ Rice Ambassador ခန႔္အပ္ခဲ့ၿပီး ခန႔္အပ္ခံရ သူသည္ ၎ေနထိုင္ေသာ ရပ္ကြက္ႏွင့္ အနီးအနားပတ္ဝန္းက်င္တြင္ မွန္ကန္ေသာဆန္အေၾကာင္း သိေကာင္းစရာ ဗဟုသုတအေတြ႕အႀကဳံမ်ား၊ ဆန္အမ်ိဳးအစားမ်ားႏွင့္ ေဈးႏႈန္းမ်ားအေၾကာင္းကို မွ်ေဝလက္ဆင့္ကမ္းေပးႏိုင္ရန္ ျဖစ္ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္အေနျဖင့္ လက္ရွိတြင္ ပို႔ကုန္(၂)ဆ တိုးျမႇင့္ေဆာင္႐ြက္ႏိုင္ရန္ စိုက္ပ်ိဳးေရး ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန၏ ဦးေဆာင္မႈျဖင့္ Rice Export Zone မ်ားကို ၿမိဳ႕နယ္ (၁၀ဝ)ခန႔္တြင္ ေဖာ္ေဆာင္ရန္ေဆာင္႐ြက္ေနၿပီး ၂၀၂၅-၂၀၂၆ ခုႏွစ္ေႏြစပါးရာသီတြင္ ဧက (၂၅၀ဝဝဝ)၊ (၂၀၂၆-၂၀၂၇) မိုးစပါးရာသီတြင္ ဧက (၃၅၀ဝဝဝ) ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ႏွစ္စဥ္ဧရိယာဧကတိုးတက္စိုက္ပ်ိဳးသြားရန္ႏွင့္ (၂၀၃၀)ျပည့္ႏွစ္တြင္ ဆန္တန္ခ်ိန္ (၅)သန္း တင္ပို႔ႏိုင္ ေရးအတြက္ Export (၁)တန္လွ်င္ Rice Export Zone (၁)ဧက ရည္မွန္းလ်က္ စိုက္ဧက (၅)သန္းခန႔္အထိ ႏွစ္စဥ္တိုးခ်ဲ႕ ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.