MSME ပြပွဲတွင် FDA ရရှိထားသော ဆီစက် များ၏ ထုတ်ကုန်များကို ပါဝင်ပြသရောင်းချမည့်အပြင် ဌာနအရောက်လည်း မှာယူနိုင်

 126

Pearl (NP News) - ဖေဖော်ဝါရီ ၄

MSME ပြပွဲတွင် FDA လက်မှတ်ရရှိထားသော ဆီစက် များ၏ ထုတ်ကုန် (မြေပဲဆီ၊ ပဲပုတ်ဆီ၊ နှမ်းဆီ) များကို ပါဝင်ပြသရောင်းချမည်ဖြစ်သည့်အပြင် ဌာနအရောက် လည်းမှာယူနိုင်ကြောင်း မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းမှ အသိပေးထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းမှ နေပြည်တော်တွင်ကျင်းပမည့် MSME ပြည်ထောင်စု အဆင့် ထုတ်ကုန်ပြပွဲတွင် တိုင်းဒေသပြည်နယ်အသီးသီးရှိ FDA လက်မှတ်ရရှိထားသော ဆီစက်များ၏ ထုတ်ကုန်(မြေပဲဆီ၊ ပဲပုတ်ဆီ၊ နှမ်းဆီ) များကို ပါဝင်ပြသရောင်းချမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပြည်တွင်းထုတ် ကျန်းမာရေးနှင့်ညီညွတ်ပြီး စားသုံးရန်သင့်တော်သောဆီများကို အမှတ်တံဆိပ်များမှ သင့်တော်သောနှုန်းထားဖြင့် ဌာနများအရောက် ပေးပို့ရောင်ချပေးမည်ဖြစ်ကြောင်း လည်း သိရသည်။
ထို့ကြောင့် ကြိုက်နှစ်သက်ရာ တံဆိပ်ကိုရွေးချယ်၍ ဖေဖော်ဝါရီလ (၄) ရက်မှစတင်၍ ဖေဖော်ဝါရီလ (၁၃) ရက်အထိ ကြိုတင်ဆက်သွယ် မှာယူနိုင်ကြောင်း မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းက အသိပေးထားသည်။
(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် (နေပြည်တော်) ကို နေပြည်တော်ရင်ပြင်၌ ဖေဖော်ဝါရီ ၈ ရက်မှ ၁၃ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။

Zawgyi Version:
MSME ျပပြဲတြင္ FDA ရရွိထားေသာ ဆီစက္ မ်ား၏ ထုတ္ကုန္မ်ားကို ပါဝင္ျပသေရာင္းခ်မည့္အျပင္ ဌာနအေရာက္လည္း မွာယူႏိုင္
Pearl (NP News) - ေဖေဖာ္ဝါရီ ၄
MSME ျပပြဲတြင္ FDA လက္မွတ္ရရွိထားေသာ ဆီစက္ မ်ား၏ ထုတ္ကုန္ (ေျမပဲဆီ၊ ပဲပုတ္ဆီ၊ ႏွမ္းဆီ) မ်ားကို ပါဝင္ျပသေရာင္းခ်မည္ျဖစ္သည့္အျပင္ ဌာနအေရာက္ လည္းမွာယူႏိုင္ေၾကာင္း ျမန္မာႏိုင္ငံဆီစက္ပိုင္ရွင္မ်ားအသင္းမွ အသိေပးထုတ္ျပန္ထားသည္။
ျမန္မာႏိုင္ငံ ဆီစက္ပိုင္ရွင္မ်ားအသင္းမွ ေနျပည္ေတာ္တြင္က်င္းပမည့္ MSME ျပည္ေထာင္စု အဆင့္ ထုတ္ကုန္ျပပြဲတြင္ တိုင္းေဒသျပည္နယ္အသီးသီးရွိ FDA လက္မွတ္ရရွိထားေသာ ဆီစက္မ်ား၏ ထုတ္ကုန္(ေျမပဲဆီ၊ ပဲပုတ္ဆီ၊ ႏွမ္းဆီ) မ်ားကို ပါဝင္ျပသေရာင္းခ်မည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ျပည္တြင္းထုတ္ က်န္းမာေရးႏွင့္ညီၫြတ္ၿပီး စားသုံးရန္သင့္ေတာ္ေသာဆီမ်ားကို အမွတ္တံဆိပ္မ်ားမွ သင့္ေတာ္ေသာႏႈန္းထားျဖင့္ ဌာနမ်ားအေရာက္ ေပးပို႔ေရာင္ခ်ေပးမည္ျဖစ္ေၾကာင္း လည္း သိရသည္။
ထို႔ေၾကာင့္ ႀကိဳက္ႏွစ္သက္ရာ တံဆိပ္ကိုေ႐ြးခ်ယ္၍ ေဖေဖာ္ဝါရီလ (၄) ရက္မွစတင္၍ ေဖေဖာ္ဝါရီလ (၁၃) ရက္အထိ ႀကိဳတင္ဆက္သြယ္ မွာယူႏိုင္ေၾကာင္း ျမန္မာႏိုင္ငံဆီစက္ပိုင္ရွင္မ်ားအသင္းက အသိေပးထားသည္။
(၇၉)ႏွစ္ေျမာက္ ျပည္ေထာင္စုေန႔ကို ႀကိဳဆိုဂုဏ္ျပဳေသာအားျဖင့္ ျပည္ေထာင္စုအဆင့္ MSME ထုတ္ကုန္ျပပြဲႏွင့္ ေဈးေရာင္းပြဲေတာ္ (ေနျပည္ေတာ္) ကို ေနျပည္ေတာ္ရင္ျပင္၌ ေဖေဖာ္ဝါရီ ၈ ရက္မွ ၁၃ ရက္အထိ က်င္းပသြားမည္ျဖစ္သည္။

Related news

© 2021. All rights reserved.