ရန်ကုန်-မန္တလေးအမြန်လမ်း၌ ယာဉ်တိုက်မှု တစ်ဦးသေ၊ ၁၂ ဦးဒဏ်ရာရ

 997

ကိုဖြိုး(NP News)- ဖေဖေါ်ဝါရီ ၁၄

ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်(၁၄၂) တွင် ယနေ့ (ဖေဖော်ဝါရီ ၁၄ ရက်) နံနက် (၁) နာရီ (၄၅) မိနစ်တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံခဲ့ကာ (၁၂) ဦးဒဏ်ရာရရှိခဲ့ကြောင်းအမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှသတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ရန်ကုန်မှ‌ နေပြည်တော်သို့ မောင်းနှင်လာသော TOWNACE လိုက်ထရပ်အမျိုးအစား အဖြူရောင်ယာဉ်မှာ လက်ယာဘက်ယာဉ်ကြောအတိုင်း မောင်းနှင်နေစဉ် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်(၁၄၂/၁-၁၄၂/၂) ကြားအရောက်၌ လားရာတူ နောက်မှလိုက်ပါလာသည့် SUZUKI SOLIO အမျိုးအစားအဖြူ‌ရောင်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ နောက်က ဝင်တိုက်မိသဖြင့် TOWNACE လိုက်ထရပ်ယာဉ်မှာ လမ်းယာဘက် မြေသားလမ်းပေါ်သို့ ရောက်ရှိတိမ်းမှောက်ခဲ့ ကြောင်းသိရသည်။

" SUZUKI SOLIO ယာဉ်ကအရှိန်မထိန်းနိုင်ပဲ နောက်ကဝင်တိုက်တာပါ။ TOWNACE လိုက်ထရပ်ယာဉ် ကတော့ကား ပေါ်မှာအမျိုးသားက လေးဦး၊ အမျိုးသမီးကကိုးဦး စုစုပေါင်း (၁၃) ဦးလိုက်ပါလာတာပါ။ ယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသားတစ်ဦးကတော့ နေရာမှာပဲ သေဆုံးခဲ့တာပါ။ ကျန် (၁၂) ဦးကတော့ဒဏ်ရာရရှိခဲ့ပါတယ်"ဟု ဗောဓိကုန်အမြန်လမ်း မီးသတ်စခန်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။

ယာဉ်တိုက်မှုကြောင့် သေဆုံးသူနှင့် ဒဏ်ရာရရှိခဲ့သူများကို လူမှုကူညီရေးအသင်းကားများဖြင့်တောင်ငူပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

Zawgyi version:

ရန္ကုန္-မႏၲေလးအျမန္လမ္း မိုင္တိုင္(၁၄၂) တြင္ ယေန႔ (ေဖေဖာ္ဝါရီ ၁၄ ရက္) နံနက္ (၁) နာရီ (၄၅) မိနစ္တြင္ ယာဥ္တိုက္မႈျဖစ္ပြားခဲ့ၿပီး အမ်ိဳးသားတစ္ဦး ေသဆုံခဲ့ကာ (၁၂) ဦးဒဏ္ရာရရွိခဲ့ေၾကာင္းအျမန္လမ္းမႀကီးထိန္းသိမ္းျပဳျပင္ေရးႏွင့္ ႀကီးၾကပ္ေရးအဖြဲ႕မွသတင္းထုတ္ျပန္ထားသည္။
ျဖစ္စဥ္မွာ ရန္ကုန္မွ‌ ေနျပည္ေတာ္သို႔ ေမာင္းႏွင္လာေသာ TOWNACE လိုက္ထရပ္အမ်ိဳးအစား အျဖဴေရာင္ယာဥ္မွာ လက္ယာဘက္ယာဥ္ေၾကာအတိုင္း ေမာင္းႏွင္ေနစဥ္ ရန္ကုန္-မႏၲေလးအျမန္လမ္း မိုင္တိုင္(၁၄၂/၁-၁၄၂/၂) ၾကားအေရာက္၌ လားရာတူ ေနာက္မွလိုက္ပါလာသည့္ SUZUKI SOLIO အမ်ိဳးအစားအျဖဴ‌ေရာင္ယာဥ္မွာ အရွိန္မထိန္းႏိုင္ဘဲ ေနာက္က ဝင္တိုက္မိသျဖင့္ TOWNACE လိုက္ထရပ္ယာဥ္မွာ လမ္းယာဘက္ ေျမသားလမ္းေပၚသို႔ ေရာက္ရွိတိမ္းေမွာက္ခဲ့ ေၾကာင္းသိရသည္။
" SUZUKI SOLIO ယာဥ္ကအရွိန္မထိန္းႏိုင္ပဲ ေနာက္ကဝင္တိုက္တာပါ။ TOWNACE လိုက္ထရပ္ယာဥ္ ကေတာ့ကား ေပၚမွာအမ်ိဳးသားက ေလးဦး၊ အမ်ိဳးသမီးကကိုးဦး စုစုေပါင္း (၁၃) ဦးလိုက္ပါလာတာပါ။ ယာဥ္တိမ္းေမွာက္မႈေၾကာင့္ အမ်ိဳးသားတစ္ဦးကေတာ့ ေနရာမွာပဲ ေသဆုံးခဲ့တာပါ။ က်န္ (၁၂) ဦးကေတာ့ဒဏ္ရာရရွိခဲ့ပါတယ္"ဟု ေဗာဓိကုန္အျမန္လမ္း မီးသတ္စခန္းမွတာဝန္ရွိသူတစ္ဦးကေျပာသည္။
ယာဥ္တိုက္မႈေၾကာင့္ ေသဆုံးသူႏွင့္ ဒဏ္ရာရရွိခဲ့သူမ်ားကို လူမႈကူညီေရးအသင္းကားမ်ားျဖင့္ေတာင္ငူျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.