မဟာအောင်မြေမြို့နယ်ရှိ နေအိမ် တစ်ခုအတွင်း မီးလောင်ရာမှ တစ်ဦးသေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရ

158

စိမ့်စမ်းရေ (NP News) - မတ် ၂၆
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်ရှိ နေအိမ် တစ်ခုအတွင်း မီးလောင်ရာမှ အမျိုးသားတစ်ဦးသေဆုံး၍ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရကြောင်း မဟာအောင်မြေမီးသတ်မှ တာဝန်ရှိသူတစ်ဦးက NP Newsသို့ ပြောသည်။
ဖြစ်စဉ်မှာ ယနေ့ (မတ် ၂၆ရက်) နံနက် ၉နာရီ ၄၅ ခန့်တွင် မဟာအောင်မြေမြို့နယ်၊ ရှမ်းဝိုင်းရပ်ကွက် ၊ ၈၇လမ်း ၊၃၇ လမ်းကြားရှိ နေအိမ်တစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးသွေးမီးဖိုမှ မီးပွားစင်၍ စတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။
“သူတို့နေအိမ်အဆောက်အဦးအောက်ထပ်အတွင်း မီးသွေးမီးဖို မီးမွှေးထားရာမှတဆင့် မီးပွားလွင့်ပြီး ဘေးမှာရှိတဲ့ ထီးပေါ့ ထီးရွက်ပေါ့ အဲဒီကနေစပြီးကူးတာခင်ဗျာ။ ဆီပန့်ကနေစလောင်တာ မဟုတ်ဘူးဗျာ။ အဲဒီအိမ်မှာ ဆီပန့်မရှိပါဘူး။ ဆီကတော့ အခုကာလတော့ သိတဲ့အတိုင်းပဲ။ အိမ်တွေမှာ နည်းနည်းကျဉ်းကတော့ရှိတယ်လေ။ ဆီရောင်းတဲ့အိမ်တော့ မဟုတ်ဘူး။ သူတို့အပြင်မှာ ရောင်းမရောင်းတော့ မသိဘူး။ ဒီမှာတော့ မဟုတ်ဘူး။ မီးမွှေးတာကနေ လောင်တာ”ဟု မဟာအောင်မြေမီးသတ်မှ တာဝန်ရှိသူတစ်ဦးက NP Newsသို့ ပြောသည်။
အဆိုပါ မီးလောင်မှုကြောင့် အသက် (၁၈) နှစ်အရွယ် သားဖြစ်သူသေဆုံးကာ အသက် (၅၁)နှစ်အရွယ် မိခင်ဖြစ်သူမှာ မီးလောင်ဒဏ်ရာများ ရရှိကြောင်း သိရသည်။
လက်ရှိတွင် ဒဏ်ရာရရှိသည့် ဒဏ်ရာရရှိသူအမျိုးသမီးကို မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်၍ ကုသနေပြီး စိုးရိမ်စရာ မရှိကြောင်း သိရကာ မီးလောင်မှုအတွင်း သေဆုံးသွားသော အမျိုးသား၏ရုပ်အလောင်းကိုလည်း မန္တလေးပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ပို့ထားကြောင်း သိရသည်။

Zawgyi Version:
မဟာေအာင္ေျမၿမိဳ႕နယ္ရွိ ေနအိမ္ တစ္ခုအတြင္း မီးေလာင္ရာမွ တစ္ဦးေသဆုံး ၿပီး တစ္ဦး ထိခိုက္ဒဏ္ရာရ
စိမ့္စမ္းေရ (NP News) - မတ္ ၂၆
မႏၲေလးတိုင္းေဒသႀကီး၊ မဟာေအာင္ေျမၿမိဳ႕နယ္ရွိ ေနအိမ္ တစ္ခုအတြင္း မီးေလာင္ရာမွ အမ်ိဳးသားတစ္ဦးေသဆုံး၍ အမ်ိဳးသမီးတစ္ဦး ထိခိုက္ဒဏ္ရာရေၾကာင္း မဟာေအာင္ေျမမီးသတ္မွ တာဝန္ရွိသူတစ္ဦးက NP Newsသို႔ ေျပာသည္။
ျဖစ္စဥ္မွာ ယေန႔ (မတ္ ၂၆ရက္) နံနက္ ၉နာရီ ၄၅ ခန႔္တြင္ မဟာေအာင္ေျမၿမိဳ႕နယ္၊ ရွမ္းဝိုင္းရပ္ကြက္ ၊ ၈၇လမ္း ၊၃၇ လမ္းၾကားရွိ ေနအိမ္တစ္ခုတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး မီးေသြးမီးဖိုမွ မီးပြားစင္၍ စတင္ေလာင္ကြၽမ္းျခင္းျဖစ္ေၾကာင္း သိရသည္။
“သူတို႔ေနအိမ္အေဆာက္အဦးေအာက္ထပ္အတြင္း မီးေသြးမီးဖို မီးေမႊးထားရာမွတဆင့္ မီးပြားလြင့္ၿပီး ေဘးမွာရွိတဲ့ ထီးေပါ့ ထီး႐ြက္ေပါ့ အဲဒီကေနစၿပီးကူးတာခင္ဗ်ာ။ ဆီပန႔္ကေနစေလာင္တာ မဟုတ္ဘူးဗ်ာ။ အဲဒီအိမ္မွာ ဆီပန႔္မရွိပါဘူး။ ဆီကေတာ့ အခုကာလေတာ့ သိတဲ့အတိုင္းပဲ။ အိမ္ေတြမွာ နည္းနည္းက်ဥ္းကေတာ့ရွိတယ္ေလ။ ဆီေရာင္းတဲ့အိမ္ေတာ့ မဟုတ္ဘူး။ သူတို႔အျပင္မွာ ေရာင္းမေရာင္းေတာ့ မသိဘူး။ ဒီမွာေတာ့ မဟုတ္ဘူး။ မီးေမႊးတာကေန ေလာင္တာ”ဟု မဟာေအာင္ေျမမီးသတ္မွ တာဝန္ရွိသူတစ္ဦးက NP Newsသို႔ ေျပာသည္။
အဆိုပါ မီးေလာင္မႈေၾကာင့္ အသက္ (၁၈) ႏွစ္အ႐ြယ္ သားျဖစ္သူေသဆုံးကာ အသက္ (၅၁)ႏွစ္အ႐ြယ္ မိခင္ျဖစ္သူမွာ မီးေလာင္ဒဏ္ရာမ်ား ရရွိေၾကာင္း သိရသည္။
လက္ရွိတြင္ ဒဏ္ရာရရွိသည့္ ဒဏ္ရာရရွိသူအမ်ိဳးသမီးကို မႏၲေလးျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို့ေဆာင္၍ ကုသေနၿပီး စိုးရိမ္စရာ မရွိေၾကာင္း သိရကာ မီးေလာင္မႈအတြင္း ေသဆုံးသြားေသာ အမ်ိဳးသား၏႐ုပ္အေလာင္းကိုလည္း မႏၲေလးျပည္သူ႔ေဆး႐ုံႀကီးရွိ ရင္ခြဲ႐ုံသို႔ ပို႔ထားေၾကာင္း သိရသည္။