ထမံသီဘေးမဲ့တောမှ တောရိုင်းတိရစ္ဆာန်များကို ကင်မရာထောင်ချောက် (၂၄) လုံးဖြင့် ရက်ပေါင်း (၉၀) အကြာ တပ်ဆင်မှတ်တမ်းယူနေ

 517

သန့်မင်းအိမ်(NP News)-ဖေဖော်ဝါရီ ၁၆
ထမံသီဘေးမဲ့တောမှ တောရိုင်းတိရစ္ဆာန်များကို ကင်မရာထောင်ချောက် (၂၄) လုံးဖြင့် ရက်ပေါင်း (၉၀) အကြာ တပ်ဆင်မှတ်တမ်း ယူနေကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်အတွင်းတည်ရှိသည့် ထမံသီတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောရှိ ရှားပါးစာရင်းဝင် ဘင်္ဂလားကျား၊ ဝက်ဝံမျိုးစိတ်နှင့် နို့တိုက်သတ္တဝါနဲ့ ငှက်အပါအဝင် တောရိုင်းတိရစ္ဆာန်များ၏ ကျက်စားနေထိုင်မှုကို မှတ်တမ်းတင်စာရင်းပြုစုနေခြင်းဖြစ်ကြောင်း သိရသည်။
ယင်း သတ္တဝါများအား ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်နှင့် ၎င်းတို့၏ကျက်စားနေထိုင်မှုအား လေ့လာသိရှိနိုင်ရန် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလက စတင်ကာ ကင်မရာထောင်ချောက် (၂၄) လုံး တပ်ဆင်ခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီဒုတိယအပတ်အထိ မှတ်တမ်းယူခဲ့ကြောင်း သိရသည်။
ယမန်နှစ်ကလည်း ထမံသီတောရိုင်း တိရစ္ဆာန်ဘေးမဲ့တောတွင် ကင်မရာထောင်ချောက် (၂၄) လုံးတပ်ဆင်၍ တောရိုင်းတိရစ္ဆာန်များ သွားလာကျက်စားမှုကို စောင့်ကြည့်ခဲ့ရာ ဘင်္ဂလားကျား၊ မလေးရှားနှင့် ဟိမဝန္တာဝက်ဝံမျိုးစိတ်၊ ဆင်၊ အင်းကျား၊ ကြောင်မျိုးစိတ်၊ ပြောင်နှင့် ရှားပါးမျိုးစိတ် (၂၅) မျိုးကို မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။
ထမံသီ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် သဘာဝထိန်းသိမ်းရေး နယ်မြေများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး အထူးသဖြင့် ကမ္ဘာ့ရှားပါး စာရင်းဝင် ဘင်္ဂလားကျား၊ ရင်ဘတ်တွင် အဖြူရောင်ဗွီပုံသဏ္ဌာန်ရှိသည့် ဟိမဝန္တာဝက်ဝံနှင့် ရင်ဘတ်တွင် အဖြူရောင်ယူပုံသဏ္ဌာန်ရှိသည့် မလေးရှားဝက်ဝံမျိုးစိတ်နှစ်မျိုး ရှင်သန်ကျက်စားလျက်ရှိကြောင်း သိရသည်။
ထို့ပြင် ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် နို့တိုက်သတ္တဝါ ၅၇ မျိုး၊ ငှက်မျိုးစိတ် ၃၃၂ မျိုး၊ ငါးမျိုးစိတ် ၆၇ မျိုး၊ ကုန်းနေရေနေနှင့် တွားသွားသတ္တဝါ ၇၇ မျိုး၊ အပင်မျိုးစိတ် ၄၃၂ မျိုး၊ ဆေးဖက်ဝင်အပင် ၁၉ မျိုး၊ ဝါး ၁၄ မျိုး၊ ကြိမ်ရှစ်မျိုး၊ ရေနေပင် ၂၃ မျိုး၊ မြက် ၁၈ မျိုးနှင့် သစ်ခွမျိုးစိတ် ၁၆ မျိုး တည်ရှိနေသည့်အပြင် တိုက်လိပ်အပါအဝင် မြန်မာနိုင်ငံတွင်သာတွေ့ရှိရသည့် ရှားပါးတောရိုင်းတိရစ္ဆာန် မျိုးစိတ်များလည်း ရှိနေကြောင်း သိရသည်။
ထမံသီ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအဖြစ် ၁၉၇၄ ခုနှစ် မေလတွင် သတ်မှတ်ခဲ့ပြီး ၁၉၉၄ ခုနှစ် စက်တင်ဘာ ၁ ရက်တွင် ဟုမ္မလင်းမြို့၌ အုပ်ချုပ်ရေးမှူးရုံးဖွင့်လှစ်၍ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် ၂၀၁၉ ခုနှစ် အောက်တိုဘာ ၈ ရက်တွင် အာဆီယံအမွေအနှစ် ဥယျာဉ်ကြီးအဖြစ် သတ်မှတ်ခံခဲ့ရကြောင်း သိရသည်။

Zawgyi Version:
ထမံသီေဘးမဲ့ေတာမွ ေတာ႐ိုင္းတိရစာၦန္မ်ားကို ကင္မရာေထာင္ေခ်ာက္ (၂၄) လုံးျဖင့္ ရက္ေပါင္း (၉၀) အၾကာ တပ္ဆင္မွတ္တမ္းယူေန
သန႔္မင္းအိမ္(NP News)-ေဖေဖာ္ဝါရီ ၁၆
ထမံသီေဘးမဲ့ေတာမွ ေတာ႐ိုင္းတိရစာၦန္မ်ားကို ကင္မရာေထာင္ေခ်ာက္ (၂၄) လုံးျဖင့္ ရက္ေပါင္း (၉၀) အၾကာ တပ္ဆင္မွတ္တမ္း ယူေနေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။
စစ္ကိုင္းတိုင္းေဒသႀကီး ခႏၲီးၿမိဳ႕နယ္ႏွင့္ ဟုမၼလင္းၿမိဳ႕နယ္အတြင္းတည္ရွိသည့္ ထမံသီေတာ႐ိုင္းတိရစာၦန္ ေဘးမဲ့ေတာရွိ ရွားပါးစာရင္းဝင္ ဘဂၤလားက်ား၊ ဝက္ဝံမ်ိဳးစိတ္ႏွင့္ ႏို႔တိုက္သတၱဝါနဲ႔ ငွက္အပါအဝင္ ေတာ႐ိုင္းတိရစာၦန္မ်ား၏ က်က္စားေနထိုင္မႈကို မွတ္တမ္းတင္စာရင္းျပဳစုေနျခင္းျဖစ္ေၾကာင္း သိရသည္။
ယင္း သတၱဝါမ်ားအား ထိန္းသိမ္းေစာင့္ေရွာက္ႏိုင္ရန္ႏွင့္ ၎တို႔၏က်က္စားေနထိုင္မႈအား ေလ့လာသိရွိႏိုင္ရန္ ၿပီးခဲ့သည့္ ၂၀၂၅ ခုႏွစ္ ဒီဇင္ဘာလက စတင္ကာ ကင္မရာေထာင္ေခ်ာက္ (၂၄) လုံး တပ္ဆင္ခဲ့ျခင္းျဖစ္ၿပီး ေဖေဖာ္ဝါရီဒုတိယအပတ္အထိ မွတ္တမ္းယူခဲ့ေၾကာင္း သိရသည္။
ယမန္ႏွစ္ကလည္း ထမံသီေတာ႐ိုင္း တိရစာၦန္ေဘးမဲ့ေတာတြင္ ကင္မရာေထာင္ေခ်ာက္ (၂၄) လုံးတပ္ဆင္၍ ေတာ႐ိုင္းတိရစာၦန္မ်ား သြားလာက်က္စားမႈကို ေစာင့္ၾကည့္ခဲ့ရာ ဘဂၤလားက်ား၊ မေလးရွားႏွင့္ ဟိမဝႏၲာဝက္ဝံမ်ိဳးစိတ္၊ ဆင္၊ အင္းက်ား၊ ေၾကာင္မ်ိဳးစိတ္၊ ေျပာင္ႏွင့္ ရွားပါးမ်ိဳးစိတ္ (၂၅) မ်ိဳးကို မွတ္တမ္းတင္ႏိုင္ခဲ့ေၾကာင္း သိရသည္။
ထမံသီ ေတာ႐ိုင္းတိရစာၦန္ေဘးမဲ့ေတာသည္ သဘာဝထိန္းသိမ္းေရး နယ္ေျမမ်ားတြင္ တစ္ခုအပါအဝင္ျဖစ္ၿပီး အထူးသျဖင့္ ကမာၻ႔ရွားပါး စာရင္းဝင္ ဘဂၤလားက်ား၊ ရင္ဘတ္တြင္ အျဖဴေရာင္ဗြီပုံသဏၭာန္ရွိသည့္ ဟိမဝႏၲာဝက္ဝံႏွင့္ ရင္ဘတ္တြင္ အျဖဴေရာင္ယူပုံသဏၭာန္ရွိသည့္ မေလးရွားဝက္ဝံမ်ိဳးစိတ္ႏွစ္မ်ိဳး ရွင္သန္က်က္စားလ်က္ရွိေၾကာင္း သိရသည္။
ထို႔ျပင္ ထမံသီေတာ႐ိုင္းတိရစာၦန္ေဘးမဲ့ေတာတြင္ ႏို႔တိုက္သတၱဝါ ၅၇ မ်ိဳး၊ ငွက္မ်ိဳးစိတ္ ၃၃၂ မ်ိဳး၊ ငါးမ်ိဳးစိတ္ ၆၇ မ်ိဳး၊ ကုန္းေနေရေနႏွင့္ တြားသြားသတၱဝါ ၇၇ မ်ိဳး၊ အပင္မ်ိဳးစိတ္ ၄၃၂ မ်ိဳး၊ ေဆးဖက္ဝင္အပင္ ၁၉ မ်ိဳး၊ ဝါး ၁၄ မ်ိဳး၊ ႀကိမ္ရွစ္မ်ိဳး၊ ေရေနပင္ ၂၃ မ်ိဳး၊ ျမက္ ၁၈ မ်ိဳးႏွင့္ သစ္ခြမ်ိဳးစိတ္ ၁၆ မ်ိဳး တည္ရွိေနသည့္အျပင္ တိုက္လိပ္အပါအဝင္ ျမန္မာႏိုင္ငံတြင္သာေတြ႕ရွိရသည့္ ရွားပါးေတာ႐ိုင္းတိရစာၦန္ မ်ိဳးစိတ္မ်ားလည္း ရွိေနေၾကာင္း သိရသည္။
ထမံသီ ေတာ႐ိုင္းတိရစာၦန္ေဘးမဲ့ေတာအျဖစ္ ၁၉၇၄ ခုႏွစ္ ေမလတြင္ သတ္မွတ္ခဲ့ၿပီး ၁၉၉၄ ခုႏွစ္ စက္တင္ဘာ ၁ ရက္တြင္ ဟုမၼလင္းၿမိဳ႕၌ အုပ္ခ်ဳပ္ေရးမႉး႐ုံးဖြင့္လွစ္၍ ေတာ႐ိုင္းတိရစာၦန္ ထိန္းသိမ္းေရးလုပ္ငန္းမ်ားကို စတင္ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ေနာက္ ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာ ၈ ရက္တြင္ အာဆီယံအေမြအႏွစ္ ဥယ်ာဥ္ႀကီးအျဖစ္ သတ္မွတ္ခံခဲ့ရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.