ရေနံမြေအဟောင်းများတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် တွင်းစားစနစ် (Well by Well Basic) ဆောင်ရွက်မည့် လုပ်ငန်းများအတွက် လက်မှတ်ရေးထိုးပြီးဟုဆို

639

သန့်ဇင်(NP News)-ဖေဖော်ဝါရီ ၂၅
ရေနံမြေအဟောင်းများတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် တွင်းစားစနစ် (Well by Well Basic) ဆောင်ရွက်မည့် လုပ်ငန်းများအတွက် လက်မှတ်ရေးထိုးပြီး ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဦးတင် အောင်စန်းက ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းက ယမန်နေ့ (ဖေဖော်ဝါရီ ၂၄ ရက်) မွန်လွဲပိုင်းက နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသော လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်း အဝေးတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စွမ်းအင်ကဏ္ဍတွင် AI နည်းပညာအသုံးပြုပြီး ပါးလွှာသဲကြောများမှ သဘာဝဓာတ်ငွေ့ တိုးမြှင့်ထုတ်လုပ်နိုင်ရေး Pilot Project လုပ်ငန်း များ စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ထို့ပြင် ရေနံမြေအဟောင်းများတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် အကျိုးတူပူးပေါင်းပြီး တွင်းစားစနစ် (Well by Well Basic) နှင့် ဆောင်ရွက်မည့် လုပ်ငန်းများအတွက် လက်မှတ်ရေးထိုးပြီး လုပ်ငန်းများဆောင်ရွက်နေကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်တို့တွင် 2 D Seismic လုပ်ငန်းများဆောင်ရွက်ပြီး တူးဖော်ထုတ်လုပ်ရေးအတွက် လုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။
မုတ္တမကမ်းလွန်လုပ်ကွက် M – 10 (မင်းရဲသူစီမံကိန်း)အတွက် Production Sharing Contract ကို ချုပ်ဆိုပြီးဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ထို့နောက် အမှတ်(၁) ရေနံချက်စက်ရုံ(သန်လျင်)၏ စက်ရုံသစ်စီမံကိန်း Phase I ကိုလည်း မကြာမီစတင်လည်ပတ်နိုင်မည်ဖြစ်၍ ၁၉၈၂ ခုနှစ်တွင် နောက်ဆုံးဖွင့်လှစ်ခဲ့သည့် သံပရာကန်ရေနံချက်စက်ရုံပြီးနောက် ပထမ ဆုံးဖွင့်လှစ်နိုင်သည့် ရေနံချက်စက်ရုံကြီး ဖြစ်ကြောင်းကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
အနာဂတ်စွမ်းအင်ကဏ္ဍအတွက် အရေးကြီးသည့် ကမ်းလွန်စီမံကိန်းအသစ်များကို သတ်မှတ်ချိန်အတိုင်း အကောင်အထည်ဖော်ဆောင် နိုင်ရေး ကြိုးပမ်း ဆောင်ရွက်သွားရန်လည်း ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောကြားခဲ့သည်။

Zawgyi Version:
ေရနံေျမအေဟာင္းမ်ားတြင္ ပုဂၢလိကလုပ္ငန္းရွင္မ်ားႏွင့္ တြင္းစားစနစ္ (Well by Well Basic) ေဆာင္႐ြက္မည့္ လုပ္ငန္းမ်ားအတြက္ လက္မွတ္ေရးထိုးၿပီးဟုဆို
သန႔္ဇင္(NP News)-ေဖေဖာ္ဝါရီ ၂၅
ေရနံေျမအေဟာင္းမ်ားတြင္ ပုဂၢလိကလုပ္ငန္းရွင္မ်ားႏွင့္ တြင္းစားစနစ္ (Well by Well Basic) ေဆာင္႐ြက္မည့္ လုပ္ငန္းမ်ားအတြက္ လက္မွတ္ေရးထိုးၿပီး ျဖစ္ေၾကာင္း လွ်ပ္စစ္ႏွင့္စြမ္းအင္ဖြံ႕ၿဖိဳးေရးေကာ္မရွင္ဥကၠ႒ ႏိုင္ငံေတာ္သမၼတ႐ုံးဝန္ႀကီးဌာန(၁) ျပည္ေထာင္စုဝန္ႀကီး ဦးတင္ ေအာင္စန္းက ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ျပည္ေထာင္စုဝန္ႀကီး ဦးတင္ေအာင္စန္းက ယမန္ေန႔ (ေဖေဖာ္ဝါရီ ၂၄ ရက္) မြန္လြဲပိုင္းက ေနျပည္ေတာ္ရွိ အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီ႐ုံး အစည္းအေဝးခန္းမ၌ က်င္းပေသာ လွ်ပ္စစ္ႏွင့္စြမ္းအင္ဖြံ႕ၿဖိဳးေရးေကာ္မရွင္၏ ပၪၥမအႀကိမ္ လုပ္ငန္းညႇိႏႈိင္းအစည္း အေဝးတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
စြမ္းအင္က႑တြင္ AI နည္းပညာအသုံးျပဳၿပီး ပါးလႊာသဲေၾကာမ်ားမွ သဘာဝဓာတ္ေငြ႕ တိုးျမႇင့္ထုတ္လုပ္ႏိုင္ေရး Pilot Project လုပ္ငန္း မ်ား စတင္ေဆာင္႐ြက္ေနၿပီ ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
ထို႔ျပင္ ေရနံေျမအေဟာင္းမ်ားတြင္ ပုဂၢလိကလုပ္ငန္းရွင္မ်ားႏွင့္ အက်ိဳးတူပူးေပါင္းၿပီး တြင္းစားစနစ္ (Well by Well Basic) ႏွင့္ ေဆာင္႐ြက္မည့္ လုပ္ငန္းမ်ားအတြက္ လက္မွတ္ေရးထိုးၿပီး လုပ္ငန္းမ်ားေဆာင္႐ြက္ေနေၾကာင္းလည္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
ဧရာဝတီတိုင္းေဒသႀကီး က်ိဳက္လတ္ၿမိဳ႕နယ္ႏွင့္ ရန္ကုန္တိုင္းေဒသႀကီး တြံေတးၿမိဳ႕နယ္ႏွင့္ ကြမ္းၿခံကုန္းၿမိဳ႕နယ္တို႔တြင္ 2 D Seismic လုပ္ငန္းမ်ားေဆာင္႐ြက္ၿပီး တူးေဖာ္ထုတ္လုပ္ေရးအတြက္ လုပ္ငန္းစဥ္မ်ား ေဆာင္႐ြက္လ်က္ရွိေၾကာင္းလည္း ျပည္ေထာင္စုဝန္ႀကီးက ထည့္သြင္းေျပာၾကားခဲ့သည္။
မုတၱမကမ္းလြန္လုပ္ကြက္ M – 10 (မင္းရဲသူစီမံကိန္း)အတြက္ Production Sharing Contract ကို ခ်ဳပ္ဆိုၿပီးျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
ထို႔ေနာက္ အမွတ္(၁) ေရနံခ်က္စက္႐ုံ(သန္လ်င္)၏ စက္႐ုံသစ္စီမံကိန္း Phase I ကိုလည္း မၾကာမီစတင္လည္ပတ္ႏိုင္မည္ျဖစ္၍ ၁၉၈၂ ခုႏွစ္တြင္ ေနာက္ဆုံးဖြင့္လွစ္ခဲ့သည့္ သံပရာကန္ေရနံခ်က္စက္႐ုံၿပီးေနာက္ ပထမ ဆုံးဖြင့္လွစ္ႏိုင္သည့္ ေရနံခ်က္စက္႐ုံႀကီး ျဖစ္ေၾကာင္းေၾကာင္းလည္း ျပည္ေထာင္စုဝန္ႀကီးက ေျပာၾကားခဲ့သည္။
အနာဂတ္စြမ္းအင္က႑အတြက္ အေရးႀကီးသည့္ ကမ္းလြန္စီမံကိန္းအသစ္မ်ားကို သတ္မွတ္ခ်ိန္အတိုင္း အေကာင္အထည္ေဖာ္ေဆာင္ ႏိုင္ေရး ႀကိဳးပမ္း ေဆာင္႐ြက္သြားရန္လည္း ျပည္ေထာင္စုဝန္ႀကီးက တိုက္တြန္းေျပာၾကားခဲ့သည္။