ပိတ်ဆို့အရေးယူမှုခံထားရတဲ့ ရေနံတင်သင်္ဘောတစ်စီးကို အမေရိကန်ဖမ်းဆီးထိန်းသိမ်း

 443

Pika(NP News)-ဖေဖော်ဝါရီ ၂၆
အိန္ဒိယပင်လယ်ပြင်ထဲမှာသွားလာနေတဲ့ ပိတ်ဆို့အရေးယူမှုခံထားရတဲ့ ရေနံတင်သင်္ဘောတစ်စီးကို အမေရိကန်တပ်ဖွဲ့တွေက ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။အမေရိကန်တပ်ဖွဲ့တွေဟာ အဲ့ဒီရေနံတင်သင်္ဘောကို ကာရေဘီယံရေပြင်ကနေ ခြေရာခံလိုက်ခဲ့တာဖြစ်ပြီး အိန္ဒိယပင်လယ်ပြင်ထဲမှာ ဖမ်းဆီးမှုတွေလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။အမေရိကန်တပ်ဖွဲ့တွေဟာ Berthaရေနံတင်သင်္ဘောပေါ်ကို ချက်ချင်းတက်ပြီး ကြားဖြတ်ဟန့်တားမှုတွေ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ Cookကျွန်းစုအလံအောက်မှာ သွားလာနေတဲ့ Berthaရေနံတင်သင်္ဘောဟာ Shanghai Legendary Ship Managementကုမ္ပဏီနဲ့ ဆက်စပ်နေပြီး (၂၀၂၀)ခုနှစ် ဇန်နဝါရီလမှာ ချမှတ်ခဲ့တဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ ဆက်စပ်နေတဲ့ သင်္ဘောတစ်စီးဖြစ်တယ်လို့လည်း အမေရိကန်အစိုးရက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ပင်တဂွန်စစ်ဌာနချုပ်က”အမေရိကန်တပ်ဖွဲ့တွေဟာ ပိတ်ဆို့အရေးယူမှုခံထားရတဲ့ ရေနံတင်သင်္ဘောတစ်စီးကို အိန္ဒိယပင်လယ်ပြင်မှာ ဖမ်းဆီးထိန်းသိမ်းမှုတွေလုပ်ဆောင်ခဲ့ပါတယ်။အဲ့ဒီသင်္ဘောက အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ချိုးဖောက်ခဲ့တာပါ။”လို့ပြောဆိုခဲ့ပါတယ်။

Zawgyi Version:
ပိတ္ဆို႔အေရးယူမႈခံထားရတဲ့ ေရနံတင္သေဘၤာတစ္စီးကို အေမရိကန္ဖမ္းဆီးထိန္းသိမ္း
Pika(NP News)-ေဖေဖာ္ဝါရီ ၂၆
အိႏၵိယပင္လယ္ျပင္ထဲမွာသြားလာေနတဲ့ ပိတ္ဆို႔အေရးယူမႈခံထားရတဲ့ ေရနံတင္သေဘၤာတစ္စီးကို အေမရိကန္တပ္ဖြဲ႕ေတြက ဖမ္းဆီးထိန္းသိမ္းခဲ့တယ္လို႔ အေမရိကန္စစ္ဌာနခ်ဳပ္ပင္တဂြန္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။အေမရိကန္တပ္ဖြဲ႕ေတြဟာ အဲ့ဒီေရနံတင္သေဘၤာကို ကာေရဘီယံေရျပင္ကေန ေျခရာခံလိုက္ခဲ့တာျဖစ္ၿပီး အိႏၵိယပင္လယ္ျပင္ထဲမွာ ဖမ္းဆီးမႈေတြလုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။အေမရိကန္တပ္ဖြဲ႕ေတြဟာ Berthaေရနံတင္သေဘၤာေပၚကို ခ်က္ခ်င္းတက္ၿပီး ၾကားျဖတ္ဟန႔္တားမႈေတြ လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔လည္း ပင္တဂြန္စစ္ဌာနခ်ဳပ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ Cookကြၽန္းစုအလံေအာက္မွာ သြားလာေနတဲ့ Berthaေရနံတင္သေဘၤာဟာ Shanghai Legendary Ship Managementကုမၸဏီနဲ႔ ဆက္စပ္ေနၿပီး (၂၀၂၀)ခုႏွစ္ ဇန္နဝါရီလမွာ ခ်မွတ္ခဲ့တဲ့ ပိတ္ဆို႔အေရးယူမႈေတြနဲ႔ ဆက္စပ္ေနတဲ့ သေဘၤာတစ္စီးျဖစ္တယ္လို႔လည္း အေမရိကန္အစိုးရက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ပင္တဂြန္စစ္ဌာနခ်ဳပ္က”အေမရိကန္တပ္ဖြဲ႕ေတြဟာ ပိတ္ဆို႔အေရးယူမႈခံထားရတဲ့ ေရနံတင္သေဘၤာတစ္စီးကို အိႏၵိယပင္လယ္ျပင္မွာ ဖမ္းဆီးထိန္းသိမ္းမႈေတြလုပ္ေဆာင္ခဲ့ပါတယ္။အဲ့ဒီသေဘၤာက အေမရိကန္သမၼတေဒၚနယ္ထရမ့္ရဲ႕ ပိတ္ဆို႔အေရးယူမႈေတြကို ခ်ိဳးေဖာက္ခဲ့တာပါ။”လို႔ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.