ပျဉ်းမနားမြို့ အာဟာရသုခဈေး မီးလောင်မှုဖြစ်ပွား၊ ဆိုင်ခန်း (၂၀၀) ကျော် ပျက်စီးဆုံးရှုံး၊ဖေဖော်ဝါရီလအတွင်းတစ်နိုင်ငံလုံးတွင် မီးလောင်မှု စုစုပေါင်း (၁၁၁) ကြိမ်ဖြစ်ပွား

 394

သန့်မင်းအိမ်(NP News)ဖေဖော်ဝါရီ ၂၆
နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ကင်ပွန်းတန်းကျေးရွာအုပ်စုရှိ အာဟာရသုခဈေး၌ ယမန်နေ(့ ဖေဖော်ဝါရီ ၂၅) ရက် ညပိုင်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ဈေးအတွင်းရှိ ဆိုင်ခန်းအများအပြား မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
မီးလောင်မှုမှာ ဖေဖော်ဝါရီ (၂၅) ရက် ည( ၈) နာရီ (၄၀) မိနစ်ခန့်တွင် အာဟာရသုခဈေးရုံ၏ ရုံအမှတ် (ဂ) မှ စတင်၍ မီးလောင်ခဲ့ခြင်းဖြစ်ကြောင်းထုတ်ပြန်ချက်အရသိရသည်။
အဆိုပါမီးလောင်သည့်နေရာသို့ ပျဉ်းမနားမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မီးသတ်ယာဉ် (၈) စီးတို့ဖြင့် ချက်ချင်းသွားရောက်ငြှိမ်းသတ်ခဲ့ကြကြောင်းသိရသည်။
မီးလောင်အား ပြင်းထန်လွန်းသည့်အတွက် ည (၈) နာရီ (၅၄) မိနစ်တွင် Level 2 အဆင့် သတ်မှတ်ကာ မီးသတ်ယာဉ်အုပ်စုများဖြင့် အရှိန်အဟုန်မြှင့် ငြှိမ်းသတ်ခဲ့ရသည်။ ထိုသို့ ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် ည (၉) နာရီ (၅) မိနစ်တွင်် မီးကို စတင်ထိန်းချုပ်နိုင်ခဲ့ပြီးည (၉) နာရီ (၃၁) မိနစ်တွင် မီးလုံးဝငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။
အဆိုပါ မီးလောင်မှုကြောင့် လူအသေအပျောက်နှင့် ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့သော်လည်း ဈေးအတွင်းရှိ သွပ်မိုး၊ မြေစိုက်တစ်ထပ်ဆိုင်ခန်းပေါင်း (၂၄၀) ခန့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရကြောင်းထုတ်ပြန်ချက်အရသိရသည်။
မီးလောင်မှုဖြစ်ပွားခဲ့သည့် အာဟာရသုခဈေးသည် ပျဉ်းမနားမြို့နယ်၏ အဓိကဈေးကြီးတစ်ခုဖြစ်သည့်အပြင် ကုန်စည်ဂိုဒေါင်များ အများဆုံးတည်ရှိရာ အချက်အချာကျသည့် နေရာတစ်ခုလည်း ဖြစ်သည်။
လတ်တလောတွင် မီးစတင်လောင်ကျွမ်းရသည့် အကြောင်းရင်းအမှန်နှင့် အသေးစိတ် ပျက်စီးဆုံးရှုံးမှု တန်ဖိုးအတိအကျကို သိရှိနိုင်ရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများက အသေးစိတ်ဆက်လက်စစ်ဆေး ဖော်ထုတ်ဆောင်ရွက်လျက်ရှိကြောင်းသိ ရှိရသည်။

Zawgyi Version:
ပ်ဥ္းမနားၿမိဳ႕ အာဟာရသုခေဈး မီးေလာင္မႈျဖစ္ပြား၊ ဆိုင္ခန္း (၂၀၀) ေက်ာ္ ပ်က္စီးဆုံးရႈံး၊ေဖေဖာ္ဝါရီလအတြင္းတစ္ႏိုင္ငံလုံးတြင္ မီးေလာင္မႈ စုစုေပါင္း (၁၁၁) ႀကိမ္ျဖစ္ပြား
သန႔္မင္းအိမ္(NP News)ေဖေဖာ္ဝါရီ ၂၆
ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ပ်ဥ္းမနားၿမိဳ႕နယ္၊ ကင္ပြန္းတန္းေက်း႐ြာအုပ္စုရွိ အာဟာရသုခေဈး၌ ယမန္ေန(့ ေဖေဖာ္ဝါရီ ၂၅) ရက္ ညပိုင္းတြင္ မီးေလာင္မႈျဖစ္ပြားခဲ့ရာ ေဈးအတြင္းရွိ ဆိုင္ခန္းအမ်ားအျပား မီးေလာင္ပ်က္စီးခဲ့ေၾကာင္း သိရသည္။
မီးေလာင္မႈမွာ ေဖေဖာ္ဝါရီ (၂၅) ရက္ ည( ၈) နာရီ (၄၀) မိနစ္ခန႔္တြင္ အာဟာရသုခေဈး႐ုံ၏ ႐ုံအမွတ္ (ဂ) မွ စတင္၍ မီးေလာင္ခဲ့ျခင္းျဖစ္ေၾကာင္းထုတ္ျပန္ခ်က္အရသိရသည္။
အဆိုပါမီးေလာင္သည့္ေနရာသို႔ ပ်ဥ္းမနားၿမိဳ႕နယ္မီးသတ္စခန္းမွ မီးသတ္တပ္ဖြဲ႕ဝင္မ်ားႏွင့္ မီးသတ္ယာဥ္ (၈) စီးတို႔ျဖင့္ ခ်က္ခ်င္းသြားေရာက္ျငႇိမ္းသတ္ခဲ့ၾကေၾကာင္းသိရသည္။
မီးေလာင္အား ျပင္းထန္လြန္းသည့္အတြက္ ည (၈) နာရီ (၅၄) မိနစ္တြင္ Level 2 အဆင့္ သတ္မွတ္ကာ မီးသတ္ယာဥ္အုပ္စုမ်ားျဖင့္ အရွိန္အဟုန္ျမႇင့္ ျငႇိမ္းသတ္ခဲ့ရသည္။ ထိုသို႔ ဝိုင္းဝန္းျငႇိမ္းသတ္မႈေၾကာင့္ ည (၉) နာရီ (၅) မိနစ္တြင္္ မီးကို စတင္ထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီးည (၉) နာရီ (၃၁) မိနစ္တြင္ မီးလုံးဝၿငိမ္းသတ္ႏိုင္ခဲ့ေၾကာင္းသိရသည္။
အဆိုပါ မီးေလာင္မႈေၾကာင့္ လူအေသအေပ်ာက္ႏွင့္ ထိခိုက္ဒဏ္ရာရရွိမႈ မရွိခဲ့ေသာ္လည္း ေဈးအတြင္းရွိ သြပ္မိုး၊ ေျမစိုက္တစ္ထပ္ဆိုင္ခန္းေပါင္း (၂၄၀) ခန႔္ မီးေလာင္ပ်က္စီးဆုံးရႈံးခဲ့ရေၾကာင္းထုတ္ျပန္ခ်က္အရသိရသည္။
မီးေလာင္မႈျဖစ္ပြားခဲ့သည့္ အာဟာရသုခေဈးသည္ ပ်ဥ္းမနားၿမိဳ႕နယ္၏ အဓိကေဈးႀကီးတစ္ခုျဖစ္သည့္အျပင္ ကုန္စည္ဂိုေဒါင္မ်ား အမ်ားဆုံးတည္ရွိရာ အခ်က္အခ်ာက်သည့္ ေနရာတစ္ခုလည္း ျဖစ္သည္။
လတ္တေလာတြင္ မီးစတင္ေလာင္ကြၽမ္းရသည့္ အေၾကာင္းရင္းအမွန္ႏွင့္ အေသးစိတ္ ပ်က္စီးဆုံးရႈံးမႈ တန္ဖိုးအတိအက်ကို သိရွိႏိုင္ရန္အတြက္ သက္ဆိုင္ရာတာဝန္ရွိသူမ်ားက အေသးစိတ္ဆက္လက္စစ္ေဆး ေဖာ္ထုတ္ေဆာင္႐ြက္လ်က္ရွိေၾကာင္းသိ ရွိရသည္။

Related news

© 2021. All rights reserved.