စံချိန်တင် ဝင်ငွေများလာပေမယ့် အရှုံးပေါ်နေတဲ့ Webtoon Entertainment

 227

ရောင်နီ (NP News) - မတ် ၆

ကမ္ဘာကျော် ဒစ်ဂျစ်တယ်ကာတွန်းလုပ်ငန်းစုကြီးဖြစ်တဲ့ Webtoon Entertainment ဟာ ၂၀၂၅ ခုနှစ်အတွက် နှစ်ပတ်လည် ဝင်ငွေ အမေရိကန်ဒေါ်လာ ၂ ဘီလီယံနီးပါးအထိ စံချိန်တင် ရရှိခဲ့ပေမယ့် လုပ်ငန်းလည်ပတ်မှုပိုင်းမှာ ဒေါ်လာ ၉၀၂ သန်းခန့် အရှုံးပေါ်ခဲ့တယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ကုမ္ပဏီရဲ့ အစီရင်ခံစာအရ ပြီးခဲ့တဲ့ နှစ်အတွင်း စုစုပေါင်းဝင်ငွေ သိသိသာသာမြင့်တက်လာခဲ့ပြီး အမာခံ ပရိသတ်တည်ဆောက်မှုကို အောင်မြင်စွာ တိုးချဲ့နိုင်ခဲ့ခြင်းကြောင့် ဝင်ငွေတိုးလာတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လည်း လုပ်ငန်းချဲ့ထွင်မှုအတွက် ရင်းနှီးမြှုပ်နှံမှုစရိတ်တွေ၊ နည်းပညာပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှုတွေနဲ့ ဈေးကွက် ရှာဖွေရေးအသုံးစရိတ်တွေကြောင့် လုပ်ငန်းလည်ပတ်မှု အရှုံးပမာဏဟာလည်း မြင့်မားနေခဲ့တယ်လို့ ဆိုပါတယ်။
Webtoon Entertainment ရဲ့အမှုဆောင်အရာရှိချုပ်ဖြစ်သူ ကင်ဂျန်ကူက ယခုလက်ရှိ ကုမ္ပဏီအနေနဲ့ ရေတို အမြတ်ထက် ရေရှည်ခိုင်မာတဲ့ ဂေဟစနစ်တစ်ခု တည်ဆောက်ဖို့နဲ့ ပရိသတ်တွေ အားပေးမှုကိုအခြေခံတဲ့ စီးပွားရေး ပုံစံကို ဖန်တီးဖို့ ပိုမိုအာရုံစိုက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
ဒါအပြင် ၎င်းတို့ရဲ့နာမည်ကြီး ဇာတ်လမ်းတွေကို ရုပ်ရှင်နဲ့ ဗီဒီယိုဂိမ်းတွေအဖြစ် ပြောင်းလဲဖန်တီးခြင်းနဲ့လည်း ဝင်ငွေလမ်းကြောင်းသစ်တွေ ရှာဖွေသွားမယ်လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
လက်ရှိမှာတော့ ကုမ္ပဏီဟာ ကမ္ဘာလုံးဆိုင်ရာဈေးကွက်အတွင်း ပြိုင်ဘက်တွေကို ကျော်တက်နိုင်ဖို့နဲ့ အသုံးပြုသူအသစ်တွေ ရရှိစေဖို့အတွက် ငွေကြေးအမြောက်အမြား ဆက်လက်ရင်းနှီးမြှုပ်နှံနေဆဲဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version;
စံခ်ိန္တင္ ဝင္ေငြမ်ားလာေပမယ့္ အရႈံးေပၚေနတဲ့ Webtoon Entertainment
ေရာင္နီ (NP News) - မတ္ ၆
ကမာၻေက်ာ္ ဒစ္ဂ်စ္တယ္ကာတြန္းလုပ္ငန္းစုႀကီးျဖစ္တဲ့ Webtoon Entertainment ဟာ ၂၀၂၅ ခုႏွစ္အတြက္ ႏွစ္ပတ္လည္ ဝင္ေငြ အေမရိကန္ေဒၚလာ ၂ ဘီလီယံနီးပါးအထိ စံခ်ိန္တင္ ရရွိခဲ့ေပမယ့္ လုပ္ငန္းလည္ပတ္မႈပိုင္းမွာ ေဒၚလာ ၉၀၂ သန္းခန႔္ အရႈံးေပၚခဲ့တယ္လို႔ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။
ကုမၸဏီရဲ႕ အစီရင္ခံစာအရ ၿပီးခဲ့တဲ့ ႏွစ္အတြင္း စုစုေပါင္းဝင္ေငြ သိသိသာသာျမင့္တက္လာခဲ့ၿပီး အမာခံ ပရိသတ္တည္ေဆာက္မႈကို ေအာင္ျမင္စြာ တိုးခ်ဲ႕ႏိုင္ခဲ့ျခင္းေၾကာင့္ ဝင္ေငြတိုးလာတယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္ လည္း လုပ္ငန္းခ်ဲ႕ထြင္မႈအတြက္ ရင္းႏွီးျမႇဳပ္ႏွံမႈစရိတ္ေတြ၊ နည္းပညာပိုင္းဆိုင္ရာ အဆင့္ျမႇင့္တင္မႈေတြနဲ႔ ေဈးကြက္ ရွာေဖြေရးအသုံးစရိတ္ေတြေၾကာင့္ လုပ္ငန္းလည္ပတ္မႈ အရႈံးပမာဏဟာလည္း ျမင့္မားေနခဲ့တယ္လို႔ ဆိုပါတယ္။
Webtoon Entertainment ရဲ႕အမႈေဆာင္အရာရွိခ်ဳပ္ျဖစ္သူ ကင္ဂ်န္ကူက ယခုလက္ရွိ ကုမၸဏီအေနနဲ႔ ေရတို အျမတ္ထက္ ေရရွည္ခိုင္မာတဲ့ ေဂဟစနစ္တစ္ခု တည္ေဆာက္ဖို႔နဲ႔ ပရိသတ္ေတြ အားေပးမႈကိုအေျခခံတဲ့ စီးပြားေရး ပုံစံကို ဖန္တီးဖို႔ ပိုမိုအာ႐ုံစိုက္ေနတယ္လို႔ ေျပာၾကားခဲ့ပါတယ္။
ဒါအျပင္ ၎တို႔ရဲ႕နာမည္ႀကီး ဇာတ္လမ္းေတြကို ႐ုပ္ရွင္နဲ႔ ဗီဒီယိုဂိမ္းေတြအျဖစ္ ေျပာင္းလဲဖန္တီးျခင္းနဲ႔လည္း ဝင္ေငြလမ္းေၾကာင္းသစ္ေတြ ရွာေဖြသြားမယ္လို႔ ျဖည့္စြက္ေျပာၾကားခဲ့ပါတယ္။
လက္ရွိမွာေတာ့ ကုမၸဏီဟာ ကမာၻလုံးဆိုင္ရာေဈးကြက္အတြင္း ၿပိဳင္ဘက္ေတြကို ေက်ာ္တက္ႏိုင္ဖို႔နဲ႔ အသုံးျပဳသူအသစ္ေတြ ရရွိေစဖို႔အတြက္ ေငြေၾကးအေျမာက္အျမား ဆက္လက္ရင္းႏွီးျမႇဳပ္ႏွံေနဆဲျဖစ္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.