စင်ကာပူမှာ ၂၀၂၅ ခုနှစ်အတွင်း EV ကား မီးလောင်မှု (၄) ကြိမ်ဖြစ်ပွား၊ ဗို့အားမြင့်ဘက်ထရီတွေက မီးလောင်မှုရဲ့ အဓိကတရားခံဖြစ်

 366

ရောင်နီ (NP News) - မတ် ၆

စင်ကာပူနိုင်ငံမှာ လျှပ်စစ်ကား (EV) အသုံးပြုမှု သိသိသာသာ မြင့်တက်လာခြင်းနဲ့အတူ ၂ဝ၂၅ ခုနှစ်အတွင်း EV ကား မီးလောင်မှုဖြစ်စဉ် (၄) ကြိမ်အထိ ရှိလာခဲ့တယ်လို့ စင်ကာပူအရပ်ဘက်ကာကွယ်ရေးတပ်ဖွဲ့ (SCDF) က မတ်လ (၄)ရက်က ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
အဲဒီပမာဏဟာ ၂၀၂၄ ခုနှစ် အတွင်းက မီးလောင်မှု ၁ ကြိမ်သာ ရှိခဲ့ရာမှ ၂ဝ၂၅ ခုနှစ်မှာ သိသိသာသာ မြင့်တက်လာခြင်း ဖြစ်ပါတယ်။ SCDF ရဲ့အချက်အလက်တွေအရ ပြီးခဲ့တဲ့နှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ မီးလောင်မှု ၄ ကြိမ်အနက် ဖြစ်စဉ် ၂ ခုဟာ ကားရဲ့ အဓိကစွမ်းအင်အရင်းအမြစ် ဖြစ်တဲ့ ဗို့အားမြင့်ဘက်ထရီ တွေကြောင့် ဖြစ်ပွား ခဲ့ခြင်းဖြစ်တယ်လို့ ယူဆရပါတယ်။ ကျန်ရှိတဲ့ဖြစ်စဉ် ၂ ခုအနက် တစ်ခုကတော့ ဒက်ရှ်ဘုတ်ပေါ်ရှိ လျှပ်စစ်အစိတ် အပိုင်းတစ်ခု ချို့ယွင်းမှုကြောင့်ဖြစ်ပြီး၊ နောက်တစ်ခုကတော့ EV အမှိုက်သိမ်းထရပ်ကားရဲ့ နောက်ဘက်ကွန်ပရက် တာစနစ်နဲ့ ဆက်စပ်ဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
ပြည်ပနိုင်ငံတွေရဲ့ စာရင်းအင်းတွေအရ EV မီးလောင်မှုဟာ သမားရိုးကျ အင်ဂျင်သုံးကား (ICE) တွေထက် ဖြစ်ပွားနှုန်း နည်းပါးပေမယ့် မီးလောင်မှုဖြစ်ပွားရင် ငြှိမ်းသတ်ဖို့ ပိုမိုခက်ခဲတယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြ ထားပါတယ်။ EV မီးလောင်မှုတွေဟာ သာမာန် မီးလောင်မှုထက် ပြင်းထန်ပြီး ကြာရှည် လောင်ကျွမ်းနိုင်တဲ့အပြင်၊ မီးငြှိမ်းသတ်ပြီးနောက်မှာလည်း ပြန်လည်လောင်ကျွမ်းနိုင်ခြေမြင့်မားပါတယ်။ ဒါအပြင် မီးသတ်နေစဉ်အတွင်း ရေနဲ့ထိတွေ့ရင်လည်း လျှပ်စစ်စနစ်ကြောင့် ဓာတ်လိုက်မှုအန္တရာယ်ပါရှိနိုင်တယ်လို့ SCDF က သတိပေးထားပါ တယ်။ SCDF အနေနဲ့ မီးလောင်မှုဖြစ်ပွားတဲ့ ကားအမျိုးအစား အသေးစိတ်နှင့် အားသွင်းစဉ် သို့မဟုတ် ရပ်ထားစဉ် ဖြစ်ပွားခြင်း ရှိ၊ မရှိကိုတော့ အသေးစိတ် ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။
စင်ကာပူရှိ လျှပ်စစ်နဲ့ ပလပ်အင်ဟိုက်ဘရစ်ယာဉ် အရေအတွက်ဟာ၂၀၂၃ ခုနှစ်က ၁၆,၉၂၆ စီးသာရှိခဲ့ရာမှ ၂၀၂၄ ခုနှစ်မှာ ၃၃,၅၆၁ စီး၊ ၂၀၂၅ ခုနှစ်မှယ ၅၅,၈၃၄ စီးအထိ နှစ်ဆနီးပါး ခုန်တက်လာခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
စင္ကာပူမွာ ၂၀၂၅ ခုႏွစ္အတြင္း EV ကား မီးေလာင္မႈ (၄) ႀကိမ္ျဖစ္ပြား၊ ဗို႔အားျမင့္ဘက္ထရီေတြက မီးေလာင္မႈရဲ႕ အဓိကတရားခံျဖစ္
ေရာင္နီ (NP News) - မတ္ ၆
စင္ကာပူႏိုင္ငံမွာ လွ်ပ္စစ္ကား (EV) အသုံးျပဳမႈ သိသိသာသာ ျမင့္တက္လာျခင္းနဲ႔အတူ ၂ဝ၂၅ ခုႏွစ္အတြင္း EV ကား မီးေလာင္မႈျဖစ္စဥ္ (၄) ႀကိမ္အထိ ရွိလာခဲ့တယ္လို႔ စင္ကာပူအရပ္ဘက္ကာကြယ္ေရးတပ္ဖြဲ႕ (SCDF) က မတ္လ (၄)ရက္က ထုတ္ျပန္ေျပာၾကားလိုက္ပါတယ္။
အဲဒီပမာဏဟာ ၂၀၂၄ ခုႏွစ္ အတြင္းက မီးေလာင္မႈ ၁ ႀကိမ္သာ ရွိခဲ့ရာမွ ၂ဝ၂၅ ခုႏွစ္မွာ သိသိသာသာ ျမင့္တက္လာျခင္း ျဖစ္ပါတယ္။ SCDF ရဲ႕အခ်က္အလက္ေတြအရ ၿပီးခဲ့တဲ့ႏွစ္အတြင္း ျဖစ္ပြားခဲ့တဲ့ မီးေလာင္မႈ ၄ ႀကိမ္အနက္ ျဖစ္စဥ္ ၂ ခုဟာ ကားရဲ႕ အဓိကစြမ္းအင္အရင္းအျမစ္ ျဖစ္တဲ့ ဗို႔အားျမင့္ဘက္ထရီ ေတြေၾကာင့္ ျဖစ္ပြား ခဲ့ျခင္းျဖစ္တယ္လို႔ ယူဆရပါတယ္။ က်န္ရွိတဲ့ျဖစ္စဥ္ ၂ ခုအနက္ တစ္ခုကေတာ့ ဒက္ရွ္ဘုတ္ေပၚရွိ လွ်ပ္စစ္အစိတ္ အပိုင္းတစ္ခု ခ်ိဳ႕ယြင္းမႈေၾကာင့္ျဖစ္ၿပီး၊ ေနာက္တစ္ခုကေတာ့ EV အမႈိက္သိမ္းထရပ္ကားရဲ႕ ေနာက္ဘက္ကြန္ပရက္ တာစနစ္နဲ႔ ဆက္စပ္ျဖစ္ပြားခဲ့ျခင္းျဖစ္တယ္လို႔ သိရပါတယ္။
ျပည္ပႏိုင္ငံေတြရဲ႕ စာရင္းအင္းေတြအရ EV မီးေလာင္မႈဟာ သမား႐ိုးက် အင္ဂ်င္သုံးကား (ICE) ေတြထက္ ျဖစ္ပြားႏႈန္း နည္းပါးေပမယ့္ မီးေလာင္မႈျဖစ္ပြားရင္ ျငႇိမ္းသတ္ဖို႔ ပိုမိုခက္ခဲတယ္လို႔ ကြၽမ္းက်င္သူေတြက ေထာက္ျပ ထားပါတယ္။ EV မီးေလာင္မႈေတြဟာ သာမာန္ မီးေလာင္မႈထက္ ျပင္းထန္ၿပီး ၾကာရွည္ ေလာင္ကြၽမ္းႏိုင္တဲ့အျပင္၊ မီးျငႇိမ္းသတ္ၿပီးေနာက္မွာလည္း ျပန္လည္ေလာင္ကြၽမ္းႏိုင္ေျချမင့္မားပါတယ္။ ဒါအျပင္ မီးသတ္ေနစဥ္အတြင္း ေရနဲ႔ထိေတြ႕ရင္လည္း လွ်ပ္စစ္စနစ္ေၾကာင့္ ဓာတ္လိုက္မႈအႏၲရာယ္ပါရွိႏိုင္တယ္လို႔ SCDF က သတိေပးထားပါ တယ္။ SCDF အေနနဲ႔ မီးေလာင္မႈျဖစ္ပြားတဲ့ ကားအမ်ိဳးအစား အေသးစိတ္ႏွင့္ အားသြင္းစဥ္ သို႔မဟုတ္ ရပ္ထားစဥ္ ျဖစ္ပြားျခင္း ရွိ၊ မရွိကိုေတာ့ အေသးစိတ္ ထုတ္ေဖာ္ေျပာၾကားျခင္း မရွိေသးပါဘူး။
စင္ကာပူရွိ လွ်ပ္စစ္နဲ႔ ပလပ္အင္ဟိုက္ဘရစ္ယာဥ္ အေရအတြက္ဟာ၂၀၂၃ ခုႏွစ္က ၁၆,၉၂၆ စီးသာရွိခဲ့ရာမွ ၂၀၂၄ ခုႏွစ္မွာ ၃၃,၅၆၁ စီး၊ ၂၀၂၅ ခုႏွစ္မွယ ၅၅,၈၃၄ စီးအထိ ႏွစ္ဆနီးပါး ခုန္တက္လာခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.