Caesars Entertainment ကို ဝယ်ယူဖို့ ဘီလီယံနာ Tilman Fertitta နဲ့ Carl Icahn တို့ အပြိုင်အဆိုင် ကြိုးပမ်းနေ

 131

ရောင်နီ (NP News) - မတ် ၁၇

ကမ္ဘာကျော်ကာစီနိုနဲ့ဖျော်ဖြေရေးလုပ်ငန်းကြီးဖြစ်တဲ့ Caesars Entertainment ကို ဝယ်ယူဖို့အတွက် ဘီလီယံနာလုပ်ငန်းရှင်ကြီးတွေဖြစ်ကြတဲ့ တယ်လ်မန်ဖာတီတာ နဲ့ ကားလ်အိုင်ကာဟ် တို့က အပြိုင်အဆိုင် ကမ်းလှမ်းမှုတွေပြုလုပ်နေတယ်လို့ CNBC သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
သတင်းရင်းမြစ်တွေရဲ့အဆိုအရ Fertitta Entertainment ဟာ Caesars ကို ရှယ်ယာတစ်စုတန်ဖိုး ၃၂ ဒေါ်လာ (စုစုပေါင်း ရှယ်ယာတန်ဖိုး ၆.၅ ဘီလီယံ ဒေါ်လာ) နဲ့ ဝယ်ယူဖို့ ညှိနှိုင်းနေပါတယ်။ လုပ်ငန်းတစ်ခုလုံးရဲ့ တန်ဖိုးကတော့ အကြွေးတွေ အပါအဝင် ၃၁.၅ ဘီလီယံဒေါ်လာအထိ ရှိနိုင်တယ်လို့ သိရပါတယ်။
ယခုသီတင်းပတ်ကုန်မှာ ဖာတီတာရဲ့အမေရိကန်နိုင်ငံ၊ ဟူစတန်ရှိ Post Oak ဟိုတယ်မှာ ဆွေးနွေးပွဲတွေ ဆက်လက်ပြုလုပ်ဖို့ စီစဉ်ထားပြီး၊ သီးသန့်ညှိနှိုင်းခွင့်ကာလ ၄၅ ရက် ရရှိထားတယ်လို့ သိရပါတယ်။
အခြားတစ်ဖက်မှာလည်း ဝါရင့်ရင်းနှီးမြှုပ်နှံသူ ဘီလီယံနာ ကားလ်အိုင်ကာဟ်က ရှယ်ယာတစ်စုကို ၃၃ ဒေါ်လာ နဲ့ ကမ်းလှမ်းကာ ဖာတီတာကိုကျော်တက်ရန် ကြိုးပမ်းခဲ့တယ်လို့ The Wall Street Journal က ဖော်ပြ ချက်အရ သိရပါတယ်။ ဒါပေမယ့်လည်း ဖာတီတာ က ရှယ်ယာတစ်စုကို ၃၄ ဒေါ်လာ အထိ တိုးမြှင့် =ကမ်းလှမ်းကာ တုံ့ပြန်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
Caesars ဟာ လက်ရှိ နှစ်စဉ် အသားတင်ငွေသားစီးဆင်းမှု ဒေါ်လာ ၁ ဘီလီယံခန့် ရှိနေတဲ့ လုပ်ငန်းဖြစ်တာ ကြောင့် တွက်ခြေကိုက်တဲ့လုပ်ငန်းလို့ ကျွမ်းကျင်သူတွေက ယူဆထားပါတယ်။ လက်ရှိမှာတော့ ဖာတီတာ က ဈေးပိုပေးပြီး ရှေ့ကပြေးနေပေမဲ့ အိုင်ကာဟ်ကလည်း ရှယ်ယာတန်ဖိုးတက်အောင် ကစားကွက်တွေ ခင်းနေပါ တယ်။ ဘယ်သူက Caesars ကို ပိုင်ဆိုင်သွားမလဲ ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပဲဖြစ်ပါတယ်။

Zawgyi Version;
Caesars Entertainment ကို ဝယ္ယူဖို႔ ဘီလီယံနာ Tilman Fertitta နဲ႔ Carl Icahn တို႔ အၿပိဳင္အဆိုင္ ႀကိဳးပမ္းေန
ေရာင္နီ (NP News) - မတ္ ၁၇
ကမာၻေက်ာ္ကာစီႏိုနဲ႔ေဖ်ာ္ေျဖေရးလုပ္ငန္းႀကီးျဖစ္တဲ့ Caesars Entertainment ကို ဝယ္ယူဖို႔အတြက္ ဘီလီယံနာလုပ္ငန္းရွင္ႀကီးေတြျဖစ္ၾကတဲ့ တယ္လ္မန္ဖာတီတာ နဲ႔ ကားလ္အိုင္ကာဟ္ တို႔က အၿပိဳင္အဆိုင္ ကမ္းလွမ္းမႈေတြျပဳလုပ္ေနတယ္လို႔ CNBC သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။
သတင္းရင္းျမစ္ေတြရဲ႕အဆိုအရ Fertitta Entertainment ဟာ Caesars ကို ရွယ္ယာတစ္စုတန္ဖိုး ၃၂ ေဒၚလာ (စုစုေပါင္း ရွယ္ယာတန္ဖိုး ၆.၅ ဘီလီယံ ေဒၚလာ) နဲ႔ ဝယ္ယူဖို႔ ညႇိႏႈိင္းေနပါတယ္။ လုပ္ငန္းတစ္ခုလုံးရဲ႕ တန္ဖိုးကေတာ့ အေႂကြးေတြ အပါအဝင္ ၃၁.၅ ဘီလီယံေဒၚလာအထိ ရွိႏိုင္တယ္လို႔ သိရပါတယ္။
ယခုသီတင္းပတ္ကုန္မွာ ဖာတီတာရဲ႕အေမရိကန္ႏိုင္ငံ၊ ဟူစတန္ရွိ Post Oak ဟိုတယ္မွာ ေဆြးေႏြးပြဲေတြ ဆက္လက္ျပဳလုပ္ဖို႔ စီစဥ္ထားၿပီး၊ သီးသန႔္ညႇိႏႈိင္းခြင့္ကာလ ၄၅ ရက္ ရရွိထားတယ္လို႔ သိရပါတယ္။
အျခားတစ္ဖက္မွာလည္း ဝါရင့္ရင္းႏွီးျမႇဳပ္ႏွံသူ ဘီလီယံနာ ကားလ္အိုင္ကာဟ္က ရွယ္ယာတစ္စုကို ၃၃ ေဒၚလာ နဲ႔ ကမ္းလွမ္းကာ ဖာတီတာကိုေက်ာ္တက္ရန္ ႀကိဳးပမ္းခဲ့တယ္လို႔ The Wall Street Journal က ေဖာ္ျပ ခ်က္အရ သိရပါတယ္။ ဒါေပမယ့္လည္း ဖာတီတာ က ရွယ္ယာတစ္စုကို ၃၄ ေဒၚလာ အထိ တိုးျမႇင့္ =ကမ္းလွမ္းကာ တုံ႔ျပန္ခဲ့တယ္လို႔ သတင္းေတြ ထြက္ေပၚေနပါတယ္။
Caesars ဟာ လက္ရွိ ႏွစ္စဥ္ အသားတင္ေငြသားစီးဆင္းမႈ ေဒၚလာ ၁ ဘီလီယံခန႔္ ရွိေနတဲ့ လုပ္ငန္းျဖစ္တာ ေၾကာင့္ တြက္ေျခကိုက္တဲ့လုပ္ငန္းလို႔ ကြၽမ္းက်င္သူေတြက ယူဆထားပါတယ္။ လက္ရွိမွာေတာ့ ဖာတီတာ က ေဈးပိုေပးၿပီး ေရွ႕ကေျပးေနေပမဲ့ အိုင္ကာဟ္ကလည္း ရွယ္ယာတန္ဖိုးတက္ေအာင္ ကစားကြက္ေတြ ခင္းေနပါ တယ္။ ဘယ္သူက Caesars ကို ပိုင္ဆိုင္သြားမလဲ ဆိုတာကိုေတာ့ ေစာင့္ၾကည့္ရဦးမွာပဲျဖစ္ပါတယ္။

Related news

© 2021. All rights reserved.