မကြာခင်အချိန်အတွင်း ကျူးဘားနဲ့သဘောတူညီချက်တစ်ခုကို ရရှိသွားနိုင်တယ်လို့ ဒေါ်နယ်ထရမ့်ပြော

 104

Pika (NP News) - မတ် ၁၇

မကြာခင်အချိန်အတွင်း အမေရိကန်က ကျူးဘားနဲ့ သဘောတူညီချက်တစ်ခုရရှိသွားနိုင်တယ် ဒါမှမဟုတ် အခြား အရေးယူမှုတွေကို အမေရိကန်ကလုပ်ဆောင်သွားနိုင်တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း အမေရိကန်နဲ့ကျူးဘားကြား ကြာရှည်စွာတင်းမာနေခဲ့တဲ့ဆက်ဆံရေးမှာ ဖွံ့ဖြိုး တိုးတက်မှုတွေ ရှိလာနိုင်တာကိုလည်း ဒေါ်နယ်ထရမ့်က အချက်ပြခဲ့တယ်လို့ သိရပါတယ်။
ဒေါ်နယ်ထရမ့်က “ကျူးဘားကလည်း သဘောတူညီချက်တစ်ခုပြုလုပ်လိုနေပါတယ်။ မကြာခင်အချိန်အတွင်းမှာ သဘောတူညီချက်တစ်ခုကို ချုပ်ဆိုနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ ကျူးဘားနဲ့ စကားပြောဆိုနေ ပေမယ့်လည်း ကျူးဘားထက်အရင် အီရန်ကိစ္စကို ဆွေးနွေးသွားမှာပါ” လို့ ပြောခဲ့ပါတယ်။
အမေရိကန် နဲ့ ကျူးဘားတို့ကြား ပိတ်ဆို့အရေးယူမှုတွေ၊သံတမန်ရေးဆိုင်ရာပွတ်တိုက်မှုတွေနဲ့ ရွှေ့ပြောင်းနေထိုင် မှုနဲ့လုံခြုံရေးဆိုင်ရာ အငြင်းပွားမှုတွေကြောင့် တင်းမာမှုတွေ မြင့်တက်နေချိန်မှာပဲ ဒေါ်နယ်ထရမ့်ရဲ့မှတ်ချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ စွမ်းအင်အကျပ်အတည်းရှိနေပေမယ့်လည်း အမေရိကန်နဲ့ဆွေးနွေးမှုတွေကို စတင် လုပ်ဆောင်နေပြီလို့ ကျူးဘားသမ္မတ Miguel Díaz-Canel က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ဒေါ်နယ်ထရမ့်က ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။

Zawgyi Version;
မၾကာခင္အခ်ိန္အတြင္း က်ဴးဘားနဲ႔သေဘာတူညီခ်က္တစ္ခုကို ရရွိသြားႏိုင္တယ္လို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - မတ္ ၁၇
မၾကာခင္အခ်ိန္အတြင္း အေမရိကန္က က်ဴးဘားနဲ႔ သေဘာတူညီခ်က္တစ္ခုရရွိသြားႏိုင္တယ္ ဒါမွမဟုတ္ အျခား အေရးယူမႈေတြကို အေမရိကန္ကလုပ္ေဆာင္သြားႏိုင္တယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။ ဒါေပမယ့္လည္း အေမရိကန္နဲ႔က်ဴးဘားၾကား ၾကာရွည္စြာတင္းမာေနခဲ့တဲ့ဆက္ဆံေရးမွာ ဖြံ႕ၿဖိဳး တိုးတက္မႈေတြ ရွိလာႏိုင္တာကိုလည္း ေဒၚနယ္ထရမ့္က အခ်က္ျပခဲ့တယ္လို႔ သိရပါတယ္။
ေဒၚနယ္ထရမ့္က “က်ဴးဘားကလည္း သေဘာတူညီခ်က္တစ္ခုျပဳလုပ္လိုေနပါတယ္။ မၾကာခင္အခ်ိန္အတြင္းမွာ သေဘာတူညီခ်က္တစ္ခုကို ခ်ဳပ္ဆိုႏိုင္မယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။ ကြၽန္ေတာ္တို႔ က်ဴးဘားနဲ႔ စကားေျပာဆိုေန ေပမယ့္လည္း က်ဴးဘားထက္အရင္ အီရန္ကိစၥကို ေဆြးေႏြးသြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။
အေမရိကန္ နဲ႔ က်ဴးဘားတို႔ၾကား ပိတ္ဆို႔အေရးယူမႈေတြ၊သံတမန္ေရးဆိုင္ရာပြတ္တိုက္မႈေတြနဲ႔ ေ႐ႊ႕ေျပာင္းေနထိုင္ မႈနဲ႔လုံၿခဳံေရးဆိုင္ရာ အျငင္းပြားမႈေတြေၾကာင့္ တင္းမာမႈေတြ ျမင့္တက္ေနခ်ိန္မွာပဲ ေဒၚနယ္ထရမ့္ရဲ႕မွတ္ခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ စြမ္းအင္အက်ပ္အတည္းရွိေနေပမယ့္လည္း အေမရိကန္နဲ႔ေဆြးေႏြးမႈေတြကို စတင္ လုပ္ေဆာင္ေနၿပီလို႔ က်ဴးဘားသမၼတ Miguel Díaz-Canel က ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ ေဒၚနယ္ထရမ့္က ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာပဲျဖစ္ပါတယ္။

Related news

© 2021. All rights reserved.