"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ထောင်ဖောက်ပြေးသူ (၄) ဦးကို သေဒဏ်ပေး

 84

စိမ့်စမ်းရေ (NP News) - မတ် ၃၀

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်တစ်ထောင်တွင် အကျဥ်းသားခေါင်းဆောင်ကိုသတ်ပြီး ထောင်ဖောက်ပြေးသည့် (၈) ဦးအနက် (၄) ဦးကို သေဒဏ်ပေးခဲ့ကြောင်း ဒေသတွင်း သတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
အဆိုပါအမှုတွင် လူသတ်မှု၊ ရဲအရာရှိများအား ကိုယ်ထိလက်ရောက်ကျူးလွန်မှု နှင့် ထောင်ဖောက်ပြေးမှုတို့ ပါဝင်ပြီး အဓိကတရားခံများအား ဥပဒေအရ အများပြည်သူရှေ့တွင် မတ်လ(၂၉)ရက်က ပန်ဆန်း (ပန်ခမ်း)၌ စီရင်ချက်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ် ဇန်နဝါရီ (၂) ရက် နံနက်ပိုင်းတွင် ဟိုပန်ခရိုင်၊ နမ့်တစ်မြို့ရှိ အကျဉ်းသား (၁၀)ဦးအား လုပ်အားပေးလုပ်ငန်းအတွက် တောထဲသို့ခေါ်ဆောင်သွားစဉ် အကျဉ်းသား (၈)ဦးက စနစ်တကျ စီမံထားသော ထောင်ဖောက်ပြေးမှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ထွက်ပြေးစဉ် အကျဉ်းသားများသည် ရဲအရာရှိတစ်ဦးကို တိုက်ခိုက်၍ မေ့မြောအောင်ပြုလုပ်ခဲ့ပြီး အကျဉ်းသားခေါင်းဆောင်အား ဓားဖြင့် ရက်စက်စွာ သတ်ဖြတ်ခဲ့ကာ လက်နက်နှင့်ယာဉ်ကို ခိုးယူ၍ ထွက်ပြေးခဲ့ပြီး သက်သေအထောက်အထားများ ဖျက်ဆီးရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။
ပြစ်ဒဏ်ချမှတ်ရာတွင် ကျူးလွန်သူ (၈)ဦးအနက် (၄)ဦးအား သေဒဏ်၊ (၂)ဦးအား တစ်သက်တစ်ကျွန်း၊ (၁)ဦးအား ထောင်ဒဏ် (၁၅) နှစ်နှင့် ကျန် (၁)ဦးအား ထောင်ဒဏ် (၄) နှစ်ချမှတ်ခဲ့ကြောင်း သိရသည်။
ကျူးလွန်သူများသည် ယခင်က ခိုးမှု၊ လုယက်မှုများ အကြိမ်ကြိမ်ကျူးလွန်ခဲ့ဖူးသည့် နှစ်ရှည်ထောင်ဒဏ်ခံရသူများဖြစ်ပြီး သေဒဏ်ခံရသူများတွင် ဗမာနှင့် ချင်းလူမျိုးများ ပါဝင်ပြီး အသက်ငယ်ရွယ်သူများလည်း ပါဝင်ကြောင်း ဒေသတွင်း သတင်းမီဒီယာများ၏ဖော်ပြချက်အရ သိရသည်။

Zawgyi Version;
"ဝ" ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသတြင္ ေထာင္ေဖာက္ေျပးသူ (၄) ဦးကို ေသဒဏ္ေပး
စိမ့္စမ္းေရ (NP News) - မတ္ ၃၀

"ဝ"ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ နမ့္တစ္ေထာင္တြင္ အက်ဥ္းသားေခါင္းေဆာင္ကိုသတ္ၿပီး ေထာင္ေဖာက္ေျပးသည့္ (၈) ဦးအနက္ (၄) ဦးကို ေသဒဏ္ေပးခဲ့ေၾကာင္း ေဒသတြင္း သတင္းမီဒီယာမ်ား၏ ေဖာ္ျပခ်က္အရ သိရသည္။
အဆိုပါအမႈတြင္ လူသတ္မႈ၊ ရဲအရာရွိမ်ားအား ကိုယ္ထိလက္ေရာက္က်ဴးလြန္မႈ ႏွင့္ ေထာင္ေဖာက္ေျပးမႈတို႔ ပါဝင္ၿပီး အဓိကတရားခံမ်ားအား ဥပေဒအရ အမ်ားျပည္သူေရွ႕တြင္ မတ္လ(၂၉)ရက္က ပန္ဆန္း (ပန္ခမ္း)၌ စီရင္ခ်က္ခ်ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ၂၀၂၆ ခုႏွစ္ ဇန္နဝါရီ (၂) ရက္ နံနက္ပိုင္းတြင္ ဟိုပန္ခ႐ိုင္၊ နမ့္တစ္ၿမိဳ႕ရွိ အက်ဥ္းသား (၁၀)ဦးအား လုပ္အားေပးလုပ္ငန္းအတြက္ ေတာထဲသို႔ေခၚေဆာင္သြားစဥ္ အက်ဥ္းသား (၈)ဦးက စနစ္တက် စီမံထားေသာ ေထာင္ေဖာက္ေျပးမႈကို လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထိုသို႔ထြက္ေျပးစဥ္ အက်ဥ္းသားမ်ားသည္ ရဲအရာရွိတစ္ဦးကို တိုက္ခိုက္၍ ေမ့ေျမာေအာင္ျပဳလုပ္ခဲ့ၿပီး အက်ဥ္းသားေခါင္းေဆာင္အား ဓားျဖင့္ ရက္စက္စြာ သတ္ျဖတ္ခဲ့ကာ လက္နက္ႏွင့္ယာဥ္ကို ခိုးယူ၍ ထြက္ေျပးခဲ့ၿပီး သက္ေသအေထာက္အထားမ်ား ဖ်က္ဆီးရန္ ႀကိဳးပမ္းခဲ့ေၾကာင္း သိရသည္။
ျပစ္ဒဏ္ခ်မွတ္ရာတြင္ က်ဴးလြန္သူ (၈)ဦးအနက္ (၄)ဦးအား ေသဒဏ္၊ (၂)ဦးအား တစ္သက္တစ္ကြၽန္း၊ (၁)ဦးအား ေထာင္ဒဏ္ (၁၅) ႏွစ္ႏွင့္ က်န္ (၁)ဦးအား ေထာင္ဒဏ္ (၄) ႏွစ္ခ်မွတ္ခဲ့ေၾကာင္း သိရသည္။
က်ဴးလြန္သူမ်ားသည္ ယခင္က ခိုးမႈ၊ လုယက္မႈမ်ား အႀကိမ္ႀကိမ္က်ဴးလြန္ခဲ့ဖူးသည့္ ႏွစ္ရွည္ေထာင္ဒဏ္ခံရသူမ်ားျဖစ္ၿပီး ေသဒဏ္ခံရသူမ်ားတြင္ ဗမာႏွင့္ ခ်င္းလူမ်ိဳးမ်ား ပါဝင္ၿပီး အသက္ငယ္႐ြယ္သူမ်ားလည္း ပါဝင္ေၾကာင္း ေဒသတြင္း သတင္းမီဒီယာမ်ား၏ေဖာ္ျပခ်က္အရ သိရသည္။

Related news

© 2021. All rights reserved.