အနောက်နိုင်ငံနဲ့ မြန်မာအကြား ပေါင်းကူးတံတားက ဂျပန်ဖြစ်လာမလား (ဘာသာပြန်ဆောင်းပါး)
2053
ရောင်နီ (NP News) မေ ၂၈
ဂျပန်နိုင်ငံဟာ အနောက်နိုင်ငံ ပေါ်လစီတွေကို လျစ်လျူရှုထားတဲ့တိုင်အောင် ၎င်းကိုယ်တိုင်က မြန်မာတပ်မတော်၊ အမေရိကန်ပြည်ထောင်စုနဲ့ အခြားဒီမိုကရေစီ နိုင်ငံများအကြား ပေါင်းကူးတံတားသဖွယ် ဆောင်ရွက်နေသည်။
မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး Carlyle Japan Buyout မှ မန်နေးဂျင်းဒါရိုက်တာYusuke Watanabe က သူ့ရဲ့ထင်မြင်ယူဆချက်တွေကို အခုလိုပြောပါတယ်။ ပြောင်းလဲခြင်း မရှိသော ရွှေတိဂုံစေတီတော်သည် ၎င်း၏ ဘုန်းကျက်သရေအားလုံးနှင့်အညီ ရောင်ခြည်လင်းလက် တောက်ပနေသည်နှင့်အမျှ ကျွန်ုပ်သည် မြန်မာနိုင်ငံ၏ မြို့တော်ဟောင်း ရန်ကုန်တွင် နံနက်ခင်းကြည်နူးမှုတွေကို ခံစားကာ မြန်မာနိုင်ငံအကြောင်း အတွေးနယ်ချဲ့မိသည်။ နိုင်ငံမှာ ဆယ်စုနှစ်ဝက်ကြာ ဒီမိုကရေစီတိုးတက်မှုသည် ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက်စောစောတွင် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ ရန်ကုန်မြို့ရှိ နံနက်ခင်းနေရောင်ခြည်တွင် စစ်တပ်ယာဉ်များ ဟိုဟိုဒီဒီ တွေ့မြင်နေရသည့်အခါ မြန်မာပြည်၏ အတိတ်မြင်ကွင်း အမှတ်တရများကို တစ်မြေ့မြေ့ ပြန်မြင်ယောင်နေမိသည်။ များမကြာမီက ကျွန်ုပ်သည် မြန်မာနိုင်ငံ၏ လက်ရှိခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အဆက်မပြတ်အဆက်အသွယ်ရှိသော နိုင်ငံခြားသားအနည်းငယ်ထဲမှတစ်ဦး ဖြစ်လာခဲ့သည်။ ၎င်းနဲ့ အစဉ်အမြဲဆက်သွယ်မှုဟာ ရာစုနှစ်များစွာကြာ မြန်မာနိုင်ငံနှင့် ဂျပန်အကြား အထူးဆက်သွယ်မှုရှိခဲ့ကြောင်းကို မီးမောင်းထိုးပြနေသည်။ နိုင်ငံဒေသ ပထဝီဝင်အနေအထားနှင့် တရုတ်၏ အနာဂါတ်အပေါ် လွှမ်းမိုးနိုင်သည့် သြဇာကြောင့် ယင်းအချက်ကို မေ့လျော့နေခြင်းဖြစ်သည်။ ယနေ့မြေပုံတွင် နယ်နိမိတ်သတ်မှတ်ထားသည့် မြန်မာနိုင်ငံသည် ပထဝီနိုင်ငံရေးဆိုင်ရာ အဆိုပြုချက်တစ်ခုလည်း ဖြစ်သည်။ မြင်းခွာပုံစံ ရာဝတီမြစ်ဝှမ်းသည် ဗမာလူမျိုးအများစု ဦး ဆောင်သည့် တိုးတက်သော စိုက်ပျိုးရေးအခြေစိုက်စခန်းဖြစ်ပြီး အင်ဒိုပစိဖိတ်သို့ တဖြည်းဖြည်းကြီးထွားလာနေသော စီးပွားရေး တံခါးပေါက်တစ်ခုလည်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် မြစ်ဝှမ်းပတ်ဝန်းကျင်ရှိ ဗမာပြည်၏ ကုန်းမြင့်ဒေသ အဓိကနေရာများကို တရုတ်နှင့်အိန္ဒိယကဲ့သို့သော နိုင်ငံကြီးများက သီးခြားစီ ဖြစ်စေသော်လည်း တိုင်းရင်းသားမျိုးနွယ်(၁၃၅)ခုကို အုပ်ချုပ်နေရသည့် ဖက်ဒရယ်အစိုးရကို တိုက်ခိုက်နေသည့် လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့(၁၀)ဖွဲ့ရှိနေသေးသည်။ ၎င်းသည် မြန်မာနိုင်ငံ၏ မပြောင်းလဲနိုင်သော ပထဝီနိုင်ငံရေးဆိုင်ရာ အကျိုးဆက်ကြောင့်ဖြစ်ပြီး တိုင်းပြည်၏ သမိုင်းကြောင်းချိန်ညှိမှုကို ချုပ်ကိုင်ခြင်းနှင့် အာဏာချုပ်ကိုင်မှုအကြား အဆက်မပြတ်တွန်းအားပေးနေသည်။ နိုင်ငံခြား သြဇာလွှမ်းမိုးမှုသည် အမြဲတစေ မြန်မာနိုင်ငံမှာ တဖြည်းဖြည်းပျံ့နှံ့နေပြီး သမိုင်းတစ်လျှောက်လုံးတွင် ပြည်တွင်းစည်းလုံးမှုမရှိခြင်းကို ပိုမိုဆိုးဝါးစေခဲ့သည်။ Eurasia နှင့် အင်ဒိုပစိဖိတ်လမ်းဆုံများ၌ မြန်မာသည် တိုက်ကြီးများနှင့် ရေကြောင်းအင်အားကြီး နိုင်ငံများမှ အင်အားကြီးမားသော စက်ယန္တရားများနှင့် တိုက်ခိုက်မှုများတွင် သားကောင်အဖြစ် ကြုံတွေ့ခဲ့ရသော်လည်း ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၏ နယ်နိမိတ် ပွင့်လင်းမှုကြောင့် ရေကြောင်းဗြိတိသျှအင်ပါယာတစ်ခုတည်းနဲ့ နယ်မြေတစ်ခုလုံးကိုသိမ်းပိုက်နိုင်ခဲ့တဲ့ ဖြစ်ရပ်ရှိခဲ့သည်။ အထူးသဖြင့်ဗြိတိသျှနယ်ချဲ့၏ ခွဲခြမ်းမှုနှင့် အုပ်ချုပ်မှုမူဝါဒသည် မြန်မာနိုင်ငံ၏ အနာဂတ်တွင် ဆက်လက်ဖြစ်ပွားနေသော နိုင်ငံတွင်း ကွဲပြားမှုများကို မျိုးစေ့ကြဲခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်ရာစုနှစ်များစွာ ဗြိတိသျှအုပ်ချုပ်မှုအောက်တွင် အရှက်တကွဲအကျိုးနည်းမှု ဖြစ်ခဲ့ရခြင်းသည် မြန်မာနိုင်ငံ၏ အမျိုးသားစိတ်ဓာတ်နှင့် လွတ်လပ်ရေးအနာဂါတ်အတွက် စိတ်ထိခိုက်စရာဖြစ်ခဲ့ရသည်။
ဒီနေရာမှာ မြန်မာနိုင်ငံ၏ သမိုင်းကြောင်းအရ ဖြေရှင်းမှုကတော့ တိုင်းပြည်၏ လက်နက်ကိုင်တပ်များဖြစ်သည့် တပ်မတော်ကို ဦးဆောင်သော စစ်အစိုးရဖြစ်သည်။ ထို့ကြောင့်ဒီမိုကရက်တစ် မြန်မာနိုင်ငံအတွက် စစ်အစိုးရ၏လုံခြုံရေးကို ခြိမ်းခြောက်မှုတစ်ခုအဖြစ်ရှုမြင်ပြီး အနောက်တိုင်းနိုင်ငံများသည် တိုင်းရင်းသားသောင်းကျန်းမှုများကို နိုင်ငံခြားစစ်ရေးအထောက်အပံ့နှင့် တူညီခဲ့သည်။ အုပ်ချုပ်ရေးနှင့် ပတ်သက်၍ ထိုသို့သော သိမ်မွေ့နက်နဲစွာ ချဉ်းကပ်မှုသည် ကမ္ဘာ့အာဏာရှင်နိုင်ငံများကြားတွင် အဆန်းမဟုတ်သော်လည်း တပ်မတော် ဦးဆောင်သော စစ်အစိုးရဧ။် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအနာဂတ်အပေါ် မျှော်လင့်ချက်များမှာတော့ ခြွင်းချက်တစ်ခုဖြစ်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း မြန်မာရဲ့ သွေးထွက်သံယို လှုပ်ရှားမှုအပြီးတွင် ဂျပန်စစ်တပ်မှဗိုလ်မှူးကြီးကီဂျီဆူဇူကီးသည် ရဲဘော်သုံးကျိပ်ကို ထောက်ခံခဲ့သည်။ ခေတ်သစ်မြန်မာနိုင်ငံကိုတည်ထောင်သူမှာ ထင်ရှားကျော်ကြားသော မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူ ဒေါ်အောင်ဆန်းစုကြည်၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်းဖြစ်သည်။ ဆူဇူကီးသည်ဗမာ့လွတ်လပ်ရေးတပ်မတော်ကိုရဲဘော်သုံးကျိပ် ၃၀ နှင့်အတူဗြိတိသျှတို့အားဆန့်ကျင်ခဲ့သည်။ လွတ်လပ်သော အရပ်သားဦးဆောင်သည့် အစိုးရသည် ၁၉၄၃ ခုနှစ်တွင် စတင်ခဲ့သည်။ သို့ပေမယ့် ရာစုနှစ်တစ်လျှောက် ဗြိတိသျှကိုလိုနီစနစ်မှ ပြန်လည်ရယူခဲ့တဲ့ မြန်မာနိုင်ငံ၏ ခဏတာလွတ်လပ်ရေးနှင့် အရပ်ဖက်အုပ်ချုပ်မှုသည် ခေတ်သစ်ဒီမိုကရေစီနိုင်ငံအတွက် ကိုလိုနီခေတ်အလွန် စိတ်အားထက်သန်မှုကိုဖြစ်ပေါ်စေခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဒုတိယကမ္ဘာစစ်၏ နောက်ဆုံးရက်များအတွင်း စိတ်ပျက်အားလျော့နေသော ဂျပန်စစ်တပ်ကိုပုန်ကန်ရန် ဦး ဆောင်နေစဉ် ပြည်ထောင်စုမြန်မာနိုင်ငံသည်စစ်ပြီးခေတ် ယခင်အာဏာရှင်များနှင့် ဆက်သွယ်မှုရှိတဲ့ ပထမဦးဆုံးအာရှနိုင်ငံဖြစ်လာခဲ့ပြီး ဒီမိုကရေစီစမ်းသပ်မှုကို နိုင်ငံအတွင်း စီမံနိုင်ခဲ့သည်။
ပထဝီဗျူဟာကျကျ ငါးပွတ်ရာငါးစာချမှုသည် စစ်အပြီးတွင် မြန်မာ - ဂျပန်
အထူးဆက်ဆံရေးကို ဖြစ်ပေါ်စေခဲ့ပြီး ပုဂ္ဂိုလ်ရေးဆက်နွယ်မှုများနှင့် လည်ပတ်စေခဲ့သည်။ အမှန်စင်စစ် မြန်မာနိုင်ငံသည် လွတ်လပ်ရေး ရသည်ဆိုသော်လည်း အင်ဒို - ပစိဖိတ်ဒေသတွင် မရှိမဖြစ်လိုအပ်သော ကျောက်ဆူးတစ်ခုအဖြစ် ဂျပန်၏တည်မြဲသော ဒေသဆိုင်ရာအကျိုးစီးပွားများအတွက် ရှိနေခဲ့သည်။ သို့ပေမယ့် ၁၉၄၅ ခုနှစ်အစောပိုင်းတွင် ၎င်း၏ပျက်စီးခြင်း ဖြစ်ခဲ့သည်။ ဂျပန်နိုင်ငံရဲ့ စစ်အပြီး မြန်မာနှင့် အထူးဆက်ဆံရေး ချက်ခြင်းပြန်လည် စတင်ခြင်းသည် အင်ဒို - ပစိဖိတ်ဒေသတွင် ရှုံးနိမ့်ခဲ့သော အင်ပါယာကို ဒေသ၏ စီးပွားရေး ဦးဆောင်သူအဖြစ် ဖြစ်စေခဲ့ပြီး ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်နေဝင်း၏ စစ်အစိုးရပေါ်ပေါက်လာပြီးနောက်တွင် တိုကျိုသည် စီးပွားရေးခေါင်းဆောင်များနှင့်အတူ မြန်မာဆိုရှယ်လစ်နိုင်ငံနှင့် မဟာဗျူဟာမြောက် ဆက်ဆံရေးကိုတိုးမြှင့်ရန်အတွက် သြဇာသက်ရောက်ခဲ့သည်။ ဂျပန် - မြန်မာအထူးဆက်ဆံရေးသစ်သည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှစစ်တပ်အာဏာသိမ်းမှုအထိ၊ မြန်မာနိုင်ငံ၏ပြည်တွင်းအသွင်ပြောင်းမှုများ၏နောက်ဆက်တွဲဆိုးကျိုးများကိုကြံ့ကြံ့ခံနိုင်ခဲ့သည်။ ထို့ကြောင့် ဂျပန်သည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ကျွန်ုပ်၏ ပုဂ္ဂိုလ်ရေးဆက်ဆံရေးအပါအဝင် အရှေ့တောင်အာရှနိုင်ငံ၏ ခေါင်းဆောင်မှုအတွက်သီးသန့်လမ်းကြောင်းကို တသမတ်တည်း ဆက်လက်ထိန်းသိမ်းထားနိုင်သည်။ ဆန့်ကျင်ဘက်အနေနှင့် အနောက်နိုင်ငံများသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအနာဂတ်အတွက်ဟု ထင်မြင်ယူဆရစေသည့် စစ်အစိုးရ၏ ဖြစ်နိုင်ချေရှိတဲ့ နည်းဗျူဟာကို ထိခိုက်နစ်နာစေရန်ကြိုးပမ်းနေကြသည်။ထိုကဲ့သို့သော ချဉ်းကပ်မှုသည် မြန်မာနိုင်ငံ၏သမိုင်းကြောင်းကို အကောင်းဆုံးတာဝန်မဲ့စွာလျစ်လျူရှုခြင်းနှင့် အဆိုးဆုံးမဟာဗျူဟာကျသည့် မိုက်မဲမှုကို ထင်ဟပ်ပြသသည်။
စင်စစ်အားဖြင့်ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကြိုးပမ်းမှုများသည် တိုင်းပြည်၏ လူမျိုးရေးတင်းမာမှုများ ပိုမိုပြင်းထန်စေခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် လေးနက်တဲ့ ဆက်ဆံရေးကြောင့် တရုတ်သည် ၎င်း၏သြဇာကို မြန်မာနိုင်ငံမှာ တိုးချဲနိုင်ခဲ့သည်။ အမှန်စင်စစ် တရုတ်သည် ဒေါ်အောင်ဆန်းစုကြည်၏ စောင့်ကြည့်မှုအောက်တွင် တရုတ် - မြန်မာစီးပွားရေးစင်္ကြံ (CMEC)ကို ကျယ်ကျယ်ပြန့်ပြန့် ခင်းကျင်းခဲ့ပြီး၊ အင်ဒို - ပစိဖိတ်သို့တိုင် အရှိန်မြှင့်နိုင်ခဲ့သည်။ သို့ပေမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်က နေပြည်တော်မှာ အာဏာသိမ်းလိုက်ခြင်းသည် တရုတ်၏ပထဝီစီးပွားရေးစီမံကိန်းများ၏ အနာဂတ်ကို အကန့်အသတ်ဖြင့်ဖြစ်စေခဲ့သည်။
ဆက်လက်ဖြစ်ပွားနေသော နိုင်ငံတော် အရေးပေါ်အခြေအနေအောက်တွင် မြန်မာအစိုးရနှင့် ဂျပန်နိုင်ငံ၏ ရင်းနှီးသောဆက်ဆံရေးသည် တိုင်းပြည်၏ ဒီမိုကရေစီအနာဂတ်အတွက် အနောက်နိုင်ငံတို့၏ဆန္ဒကို လုံးဝဆန့်ကျင်သည်မဟုတ်ပါ။ ယင်းအစား ၎င်းတို့သည်တစ် ဦး နှင့်တစ်ဦး အပြန်အလှန်အားဖြည့်ပေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုသည် လက်ရှိပထဝီနိုင်ငံရေးအခြေအနေနဲ့အညီ ပြန်လည်စဉ်းစားသုံးသပ်သင့်သည်။ ဂျပန်သည်မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် တည်မြဲသော ဒီမိုကရေစီအသွင်ကူးပြောင်းမှု၏ အခြေခံအုတ်မြစ်အဖြစ်ဆက်လက်တည်ရှိနေသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ကျွန်ုပ်မကြာသေးမီက တွေ့ဆုံဆွေးနွေးမှုတွင် အရပ်ဘက် အစိုးရအား ပြန်လည်ထူထောင်ဖို့ ဗိုလ်ချုပ်က ကတိကဝတ်ပြုခဲ့သည်။ အမှန်မှာ ဖေဖော်ဝါရီ ၁ ရက်တွင် ၎င်း၏အာဏာသိမ်းခဲ့တဲ့ အငြင်းပွားဖွယ်လုပ်ဆောင်မှုသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များကို ထင်ဟပ်စေပြီး လက်ရှိအရေးပေါ်အခြေအနေကို မြင်သာစေခဲ့သည်။ တစ်နည်းဆိုရသော် မြန်မာနိုင်ငံ၏ အနာဂတ်အတွက်သူ၏အမြင်သည် စဉ်ဆက်မပြတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့ ပါဝင်သော တိုင်းပြည်သို့ ပြောင်းလဲခြင်းဖြစ်ပြီး ဂျပန်၏ ရိုးရာချဉ်းကပ်မှုနှင့် အပြည့်အဝကိုက်ညီသည်။ ထို့ကြောင့်ဂျပန်သည် မြန်မာနိုင်ငံ၏ မုန်တိုင်းထန်သော သမိုင်းကြောင်းလမ်းဆုံတွင် ထပ်မံရောက်ရှိလာခဲ့သည်။ ပြီးခဲ့သည့် နှစ်များတစ်လျှောက် မြန်မာ - ဂျပန်အထူးဆက်ဆံရေးကို ညွှန်ကြားခဲ့သည့် ဂျပန်မြန်မာအစည်းအရုံး၏အထွေထွေအတွင်းရေးမှူးတစ်ယောက်အနေဖြင့် ဂျပန်သည်တပ်မတော်၊ အမေရိကန်ပြည်ထောင်စုနှင့် အခြားဒီမိုကရေစီနိုင်ငံများအကြား ပေါင်းကူးတံတားအဖြစ် ရပ်တည်သင့်သည်သာ ဖြစ်သည်ဟု ယူဆသည်။
အမှန်စင်စစ် မြန်မာသည် ရုရှားနှင့်မဟာဗျူဟာကျသော အနေအထားအတွက် အခြားအာဏာရှင်အင်အားကြီးနိုင်ငံများနှင့် ပိုမိုနီးကပ်စွာ ချိတ်ဆက်နေသောကြောင့် ဂျပန်သည် မြန်မာနိုင်ငံ၏ စစ်အစိုးရနှင့် သမိုင်းကြောင်းအရ ဆက်နွယ်နေမှုကို ထိန်းသိမ်းထားနိုင်သည့်တစ်ခုတည်းသော ဒီမိုကရေစီနိုင်ငံဖြစ်နေသည်။ နှစ်ပေါင်းများစွာကြာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ပေးနေသော ဂျပန်သည် ၀ ါရှင်တန်၏အင်ဒို - ပစိဖိတ်မဟာဗျူဟာ၏ ဝန်ဆောင်မှုအတွက် မဟာဗျူဟာအခြေခံအဆောက်အအုံစီမံကိန်းများဖြစ်သော ဆိပ်ကမ်းများဆောက်လုပ်ခြင်း စတဲ့ စီမံကိန်းတွေကိုထောက်ပံ့ပေးခြင်းဖြင့် တရုတ်၏ပထဝီ စီးပွားရေးသြဇာကို ပြောင်းပြန်လှန်ပစ်ရန် တပ်မတော်နှင့် တိုက်ရိုက်ဆက်သွယ်နိုင်သည်။ ၁၉၁၉ ခုနှစ် “ ဒီမိုကရက်တစ်စံနမူနာနှင့် လက်တွေ့ဖြစ်ရပ် - ပြန်လည်တည်ဆောက်ရေး၏ နိုင်ငံရေးကိုလေ့လာခြင်း ” စာအုပ်တွင် Sir Hanford Mackinder က စစ်ပြီးခေတ် ဥရောပပြန်လည်ထူထောင်ရေးကို ဦးဆောင်ရာ၌ ပထဝီမဟာဗျူဟာကျသော အလေ့အကျင့်ကို တင်ပြခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း တည်မြဲသော ဂျပန် - မြန်မာအထူးဆက်ဆံရေးသည် တပ်မတော်၏ နှစ်ပေါင်းများစွာကြာအောင် ဂျပန်နှင့်ဒီမိုကရေစီအပေါ် မြန်မာနိုင်ငံ၏ အုပ်ချုပ်မှုပုံစံအဖြစ် ထင်ရှားစွာသက်သေထူသည်။ လွန်ခဲ့သော ရာစုနှစ်တစ်ခုက နိုင်ငံတကာအသိုင်းအဝိုင်းမှ တုန့်ပြန်မှုမဖြစ်ခဲ့လျှင် ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ၏ လက်ရှိအကျပ်အတည်းတွင် စံပြဦးဆောင်မှုကို ပြသနိုင်မည်ဖြစ်သည်။
The Diplomat ၏ On Myanmar, Japan Must Lead by Example ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။