မြန်မာနိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားနေခြင်းကို စိုးရိမ်မိကြောင်း ထိုင်းအစိုးရပြော

 534

ဂျန်ဇက် (NP News) - ဇွန် ၆
မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုဖြစ်ပွားခဲ့သည့် ဖေဖော်ဝါရီ၁ရက်နေ့နောက်ပိုင်း နေရာအများအ ပြားတွင် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားနေခြင်းအပေါ် စိုးရိမ်မိကြောင်း၊ မြန်မာစစ်အစိုးရနှင့် အာဆီယံအဖွဲ့ကြား ရရှိထားသည့် သဘောတူညီမှုအချက်များကို လက်တွေ့အကောင်ထည်ဖော်ဆောင် ရွက်မှုမျိုးတွေ့မြင်လိုကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားလိုက်ကြောင်း ရိုက်တာသတင်းဖော်ပြချက်အရသိရသည်။

စစ်ကောင်စီက ဧပြီလကကျင်းပခဲ့သည့် ထိပ်သီးအစည်းအဝေးတွင် အာဆီယံအဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံကာ အကြမ်းဖက်တိုက်ခိုက်မှုများရပ်တန့်ရေး၊ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးနေရေး၊ အာဆီယံ မှ အထူးကိုယ်စားလှယ်ခန့်အပ်ရေးစသည့် အချက်များအပါအဝင်အ ချက်ငါးချက်ကိုသဘောတူညီခဲ့ကြသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တာနီဆန်ဂရက်က "မြန်မာနိုင်ငံမှာ အာဏာသိမ်းမှု ဖြစ်ပြီးနောက်ပိုင်း နေရာအများအပြားမှာ အကြမ်းဖက်တွေဖြစ်နေတာကို စိုးရိမ်မိပါတယ်"ဟု ပြော သည်။ အဆိုပါအကြမ်းဖက်မှုများကို အမြန်ဆုံးရပ်တန့်စေလိုသည့်အပြင် ဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးစေလိုကြောင်း၊ အာဆီယံတွင်သဘောတူညီထားသည့် အချက်များကို အကောင်အထည် ဖော်စေလိုကြောင်းကိုလည်း ဆန်ဂရက်က ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း လူပေါင်း ၄၅ဝဝ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ၈၄၇ဦး သေဆုံးခဲ့ကြောင်း AAPP က ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် ရက်ပိုင်းကအာဆီယံအဖွဲ့ ကိုယ်စားလှယ်နှစ်ဦးက စစ်ကောင်စီဥက္ကဋ္ဌနှင့်တွေ့ဆုံဆွေးနွေးခဲ့ခြင်းသည် စစ်ကောင်စီကို တရားဝင်အ စိုးရအဖြစ် အသိအမှတ်ပြုသကဲ့သို့ ဖြစ်သွားကြောင်း ဝေဖန်မှုများလည်းရှိခဲ့သည်။
#NPNews

Related news

© 2021. All rights reserved.