ကရင်ပြည်နယ်အတွင်းရှိ အာဇာနည်ဗိမ္မာန်များအား စစ်ကောင်စီအဖွဲ့က ဖြိုချဖျက်ဆီး
578
ဇွဲပြည့် (NPNews) - ဇွန် ၇
ကရင်ပြည်နယ်အတွင်းရှိ အာဇာနည်ဗိမ္မာန်များအား စစ်ကောင်စီအဖွဲ့က ဇွန်လ ၆ ရက် ညပိုင်းတွင် ဘူဒိုဇာများ အသုံးပြုကာဖြိုချဖျက်ဆီးခဲ့သည်။
ဇွန်လ ၆ ရက် ည ၉ နာရီအချိန်ခန့်မှစ၍ ကရင်ပြည်နယ် ဖားအံမြို၊ မြဝတီမြို၊ ကော့ကရိတ်မြို နှင့် ကြာအင်းဆိပ်ကြီးမြိုတို့ရှိ အာဇာနည်ဗိမ္မာန်များကို စစ်ကောင်စီ၏ အဖွဲ့က ဘူဒိုဇာများဖြင့် ည တွင်းချင်း အင်အားသုံးဖြိုချဖျက်ဆီးခဲ့ကြခြင်းဖြစ်သည်ဟု ဒေသခံပြည်သူများက ပြောဆိုနေကြသည်။
အာဇာနည်ဗိမ္မာန်များ ဖြိုချဖျက်ဆီးမှုနှင့် ပတ်သက်၍ စစ်ကောင်စီ၏ လုပ်ရပ်အပေါ် ဒေသခံပြည်သူများက ဝေဖန်မှုနေကြပြီး အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းများက မည်သည့်အတွက်ကြောင့် ဖြိုဖျက်ရခြင်းကို အသိပေးပြောဆိုခြင်းမရှိသေးပေ။
photo: KIC
ပုံစာ- ဇွန်လ ၆ရက်နေ့ညပိုင်းကဖြိုချခြင်းခံခဲ့ရသည့် မြဝတီမြို့ အာဇာနည်ကျောက်တိုင်ကွင်းနေရာကို မြင်တွေ့ရစဉ်