ဆန္ဒပြပွဲများတွင် ပါဝင်သည့် ဂျပန်ရောက်မြန်မာနိုင်ငံသားများ ဖိအားပေးခြိမ်းခြောက်မှုများဖြင့် ရင်ဆိုင်နေရ

1170

ဂျန်ဇက် (NP News) - ဇွန် ၇
ဂျပန်နိုင်ငံတွင် နေထိုင်သည့် မြန်မာနိုင်ငံသားများသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ကာလအတွင်း ဂျပန်နိုင်ငံတွင် ပြုလုပ်သည့် ဆန္ဒပြပွဲများတွင် ပါဝင်နေသည့်အတွက် ပြစ်တင်ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည့်အပြင် အလုပ် သမားများကလည်း ဆန္ဒပြပွဲများတွင် မပါဝင်ရန် ဖိအားပေးခံရခြင်းနှင့် ရင်ဆိုင်နေရကြောင်း Mainichi Japan သတင်းဖော်ပြချက်အရသိရသည်။
မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် ပြည်တွင်း၌သာမက ပြည်ပနိုင်ငံများတွင်လည်း ဆန္ဒထုတ်ဖော်ပွဲများလုပ်ဆောင်ခဲ့ကြပြီး ဂျပန်နိုင်ငံတွင်ပြုလုပ်သည့် ဆန္ဒပြပွဲများကို ဂျပန်ရောက်မြန်မာများက တက်ရောက်ခဲ့ကြသည်။
ဂျပန်နိုင်ငံတွင်ပြုလုပ်သည့်ဆန္ဒပြပွဲများ၌ပါဝင်သည့် Myanmar Kansai အုပ်စုမှမြန်မာနိုင်ငံသားတစ်ဦးက ဆန္ဒပြပွဲများတွင် ပါဝင်ရန်အခက်အခဲများရှိနေပြီး မလုပ်ဆောင်ရန်စဉ်းစားရတော့မည်ဖြစ်ကာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများကို တားဆီးနိုင်ရန်လူအများနှင့်လုပ်ဆောင်မည့် ဆန္ဒပြပွဲများကို ပါဝင်သင့်မသင့် စဉ်းစားရတော့မည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားများအနေဖြင့် ဆန္ဒပြမှုများလုပ်ဆောင်လိုပါက မိခင်မြန်မာနိုင်ငံကို ပြန်ကာသွားရောက်လုပ်ဆောင်သင့်ကြောင်း ဝေဖန်မှုများရှိနေပြီး ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်နေသူများ အနေဖြင့် ဆန္ဒပြပွဲတွင် ထပ်မံပါဝင်နေပါက အလုပ်ဖြုတ်ခံရခြင်း၊ အလုပ်ဆိုင်းငံ့ခံရခြင်းများ ကြုံတွေ့ရမည်ဟု ခြိမ်းခြောက်ခံရခြင်းရှိနေကြောင်း သိရသည်။
ဂျပန်နိုင်ငံ Kinkiမြို့အနောက်ပိုင်းတွင် အလုပ်လုပ်နေသည့် အသက်၂ဝ အရွယ်ရှိ မြန်မာအမျိုးသမီးတစ်ဦးက "ကျွန်မတို့ကိုဆန္ဒပြပွဲတွေမှာပါဝင်လုပ်ဆောင်လိုရင် မြန်မာနိုင်ငံပြန်ပြီးလုပ်ဆောင်ဖို့ ပြောဆိုတာမျိုးတွေရှိနေတယ်။ ကျွန်မကို ဆန္ဒပြပွဲတွေမှာပါဝင်မှုနဲ့ပတ်သက်လို့ စီနီယာတွေကသတိပေးတာမျိုး တွေရှိခဲ့တယ်။ ဆန္ဒပြပွဲတွေကိုထပ်မံပါဝင်မယ်ဆိုရင်အလုပ်ကထွက်ဖို့ပြောဆိုတာတွေလည်းရှိတယ်" ဟု ၎င်း၏ကြုံတွေ့ရသည့်အခြေအ နေကို ပြန်လည်ပြောဆိုခဲ့သည်။
လက်ရှိအချိန်တွင် ဂျပန်နိုင်ငံရှိ မြန်မာနိုင်ငံသားများသည် လွတ်လပ်စွာစုရုံးဆန္ဒပြရန် အကြပ်အတည်းများနှင့် ရင်ဆိုင်နေရကြောင်းသိရသည်။
#NPNews