မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် စစ်အာဏသိမ်းမှုအပေါ် ဘူဆန်ရုပ်ရှင်ပွဲတော် ပြစ်တင်ရှုတ်ချ
509
ဂျန်ဇက်(NP News) - ဇွန် ၉
တောင်ကိုရီးယားနိုင်ငံတွင် ဇွန်လ ၈ ရက်က ကျင်းပခဲ့သည့် ၁၁ ကြိမ်မြောက် ဘူဆန်ရုပ်ရှင်ပွဲတော်တွင် စစ်ကောင် စီက ဖမ်းဆီးထိန်းသိမ်းထားသည့် ရုပ်ရုပ်ထုတ်လုပ်ရေးသမား မအိမ့်ကို အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။
ဘူဆန်နိုင်ငံတကာရုပ်ရှင်ပွဲတော်ကို အဖွဲ့အစည်းပေါင်း ၁၁ ခုက ပါဝင်ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် အာ ဏာသိမ်းပြီးနောက်ဖြစ်ခဲ့သည့် အကြမ်းဖက်မှုများကို ပြစ်တင်ရှုတ်ချထားသည်။ ထို့ပြင် အရပ်သားများ ဘေးကင်းအောင်ကာကွယ်ပေးရန် နှင့် အရပ်သားအခွင့်အရေးများရစေရန် စစ်ကောင်စီကို တိုက်တွန်းတောင်းဆိုထားသည်။
ရုပ်ရှင်ထုတ်ရေးသမားဖြစ်သည့် မအိမ့်သည် ဇွန်လ ၅ ရက်က ဖမ်းဆီးခံခဲ့ရပြီး လက်ရှိအချိန်တွင် အဆက်အသွယ်မရသေးကြောင်း သိရသည်။ ၎င်းသည် ၂ဝ၂ဝ ခုနှစ် ဘူဆန်ရုပ်ရှင်ပွဲတော်တွင် ခြေလေးချောင်း ရုပ်ရှင်ကားပါဝင်ယှဉ် ပြိုင်ရန် ဖိတ်ကြားခံခဲ့ရဖူးသူဖြစ်ကြောင်း သိရသည်။ ဘူဆန်ရုပ်ရှင်ပွဲတော်က စစ်ကောင်စီကိုဆန့်ကျင်ပြီး ဒီမိုကရေစီအတွက် တောင်းဆိုတိုက်ပွဲဝင်နေသည့် မြန်မာ့ရုပ်ရှင်သမား များအပြင် မြန်မာပြည်သူများနှင့်အတူ စုစည်းညီ ညွတ်စွာရှိနေကြောင်း ပြောကြားခဲ့သည်။
#NPNews