ကျောက်မဲမြို့ နောင်ပိန်ဈေးတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

453
NP News - ဇွန် ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ နောင်ပိန်ဈေး၏ တောင်ဘက်ထွက်ပေါက်အနီးတွင် အမျိုးသားတစ်ဦး ယနေ့(ဇွန်လ ၂၆ရက်) နံနက် ၇ နာရီ ၃ဝမိနစ်အချိန်ခန့်က သေနတ်ဖြင့် ပစ်သတ်ခံရကြောင်းသတင်းရရှိသည်။
သေဆုံးသူသည် ကျောက်မဲမြို့နယ်အတွင်း၊ နမ့်ဝရွာတွင် နေထိုင်သူ စိုင်းယုံဆိုသူဖြစ်ပြီး အမည်မသိသူများက ဆိုင်ကယ်စီးလာ၍ ၎င်းအမျိုးသားတစ်ဦးကို သေနတ်ဖြင့် (၃) ချက်တိတိ လမ်းပေါ်တင် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း သိရသည်။ ဦးခေါင်း နှင့် ဘယ်ဘက်လက်မောင်းတို့တွင် ကျည်ထိမှန်ကာ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ရပြီး ၎င်း၏ ဘေးဘက်တွင်ရပ်ထားသည့် ယာဉ်တံခါးမှန်လည်း ကျည်(၁)ချက် ထိမှန်ခဲ့ကြောင်း သိရသည်။
သေဆုံးသူ ဦးစိုင်းယုံ(အသက် ၄၈ ) နှစ်၏ ရုပ်အလောင်းကို ကျောက်မဲပြည်သူ့ဆေးရုံ၏ ရင်ခွဲရုံသို့ ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း (နောင်ပိန်)က ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Photo: ကမ်းလင့်လက်များလူမှုကူညီရေးအသင်း(နောင်ပိန်)
#NPNews