ပြည်ထောင်စုရွေးကောက်ပွဲကို DKBA ကူညီမည်

 799

သက်ပိုင်(NP News)-ဇွန် ၂၈
ယခုနှစ် ဒီဇင်ဘာလ တတိယပတ်မှ စတင်ကာ လေးပတ်တာကာလအတွင်းတွင် ကျင်းပသွားမည့် ပြည်ထောင်စု ရွေးကောက်ပွဲကို DKBA အနေဖြင့် ပူးပေါင်းကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း DKBA အဖွဲ့မှ ဗိုလ်မှူးချုပ် စောစိန်ဝင်းက NP News သို့ ပြောသည်။
မကြာမီကာလတွင်ကျင်းပမည့် ရွေးကောက်ပွဲအပေါ် မိမိတို့ DKBA အဖွဲ့အနေဖြင့် လက်ခံပါကြောင်းနှင့် ရွေး ကောက်ပွဲကျင်းပရာတွင် အကောင်းဆုံးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ ‘ရွေးကောက် ပွဲကျင်းပတာကို ကျွန်တော်တို့အဖွဲ့အစည်းအနေနဲ့ကတော့ လက်ခံပါတယ်။ အကောင်းဆုံးလည်း ကူညီဆောင်ရွက်ပေး သွားမှာ။ ဒါပေမဲ့ တခြားအဖွဲ့အစည်းတွေကတော့ ပြောလို့မရဘူးပေါ့။ ကျွန်တော်တို့ အဖွဲ့အစည်းတွေရှိတဲ့ မြို့တွေမှာ အကောင်းဆုံး ကူညီဆောင် ရွက်သွား မှာပါ’ဟု ဗိုလ်မှူးချုပ် စောစိန်ဝင်းက ပြောသည်။
ယခုကဲ့သို့ နိုင်ငံတွင်းပဋိပက္ခများကြောင့် ပြည်သူများအခက်အခဲဖြစ်ပွားနေချိန်တွင် ပြည်ထောင်စုရွေးကောက်ပွဲ သည် ထွက်ပေါက်တစ်ခု ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲမကျင်းပမီ အားလုံး ပါဝင်သော ဆွေးနွေးပွဲတစ်ရပ် ဖော်ဆောင် နိုင်ပါက ပိုမိုကောင်းမွန်သော ရွေးကောက်ပွဲကို ဖော်ဆောင်နိုင် မည်ဖြစ်ကြောင်း ၎င်းဆိုသည်။
‘အလွှာပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံက သူတို့ကတော့ သူတို့နိုင်ငံနဲ့လူမျိုးအတွက်ဆိုပြီး ဦးတည်ကြမှာပဲ။ ဒါပေမဲ့ ဦးတည်ချက်ချင်းတူပြီး ပူးပေါင်းဆောင်ရွက်မှုက မတူဘူး၊ မလုပ်နိုင်ကြဘူးဆိုတဲ့ အနေအထားမှာ ရည်ရွယ်ချက် တူတဲ့သူတွေ အချင်းချင်း ပူးပေါင်းဆောင်ရွက်လာနိုင်အောင် အားလုံးပါဝင်တဲ့ စုဖွဲ့တွေ့ဆုံမှုလုပ်ဖို့လိုပါတယ်}ဟု ဗိုလ်မှူး ကြီး စောစိန်းဝင်းက ရှင်းပြသည်။
ယခုနှစ် ဒီဇင်ဘာလ တတိယပတ်မှစတင် ကာလေးပတ်အတွင်း ရွေးကောက်ပွဲလုပ်မည်ဖြစ် ကြောင်း နိုင်ငံ တော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နေပြည်တော်တွင် ဇွန်လ (၂၅)ရက်ကပြုလုပ်ခဲ့ သော ငြိမ်းချမ်းရေးဖိုရမ် အဖွင့်မိန့်ခွန်းတွင် ပြောဆိုထားသည်။ မကြာမီကာလ တွင်ကျင်းပမည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ နိုင်ငံအတွင်း မြို့နယ်ပေါင်း(၂၆၇)မြို့နယ်ကျော်တွင် ရွေးကောက်ပွဲကျင်းပရန်အတွက် ကနဦးလျာထား ကြောင်း သိရသည်။

Zawgyi Version:
ျပည္ေထာင္စုေ႐ြးေကာက္ပြဲကို DKBA ကူညီမည္
သက္ပိုင္(NP News)-ဇြန္ ၂၈
ယခုႏွစ္ ဒီဇင္ဘာလ တတိယပတ္မွ စတင္ကာ ေလးပတ္တာကာလအတြင္းတြင္ က်င္းပသြားမည့္ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲကို DKBA အေနျဖင့္ ပူးေပါင္းကူညီေဆာင္႐ြက္ေပးသြားမည္ ျဖစ္ေၾကာင္း DKBA အဖြဲ႕မွ ဗိုလ္မႉးခ်ဳပ္ ေစာစိန္ဝင္းက NP News သို႔ ေျပာသည္။
မၾကာမီကာလတြင္က်င္းပမည့္ ေ႐ြးေကာက္ပြဲအေပၚ မိမိတို႔ DKBA အဖြဲ႕အေနျဖင့္ လက္ခံပါေၾကာင္းႏွင့္ ေ႐ြး ေကာက္ပြဲက်င္းပရာတြင္ အေကာင္းဆုံးကူညီေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း ၎ကဆိုသည္။ ‘ေ႐ြးေကာက္ ပြဲက်င္းပတာကို ကြၽန္ေတာ္တို႔အဖြဲ႕အစည္းအေနနဲ႔ကေတာ့ လက္ခံပါတယ္။ အေကာင္းဆုံးလည္း ကူညီေဆာင္႐ြက္ေပး သြားမွာ။ ဒါေပမဲ့ တျခားအဖြဲ႕အစည္းေတြကေတာ့ ေျပာလို႔မရဘူးေပါ့။ ကြၽန္ေတာ္တို႔ အဖြဲ႕အစည္းေတြရွိတဲ့ ၿမိဳ႕ေတြမွာ အေကာင္းဆုံး ကူညီေဆာင္ ႐ြက္သြား မွာပါ’ဟု ဗိုလ္မႉးခ်ဳပ္ ေစာစိန္ဝင္းက ေျပာသည္။
ယခုကဲ့သို႔ ႏိုင္ငံတြင္းပဋိပကၡမ်ားေၾကာင့္ ျပည္သူမ်ားအခက္အခဲျဖစ္ပြားေနခ်ိန္တြင္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲ သည္ ထြက္ေပါက္တစ္ခု ျဖစ္ေၾကာင္းႏွင့္ ေ႐ြးေကာက္ပြဲမက်င္းပမီ အားလုံး ပါဝင္ေသာ ေဆြးေႏြးပြဲတစ္ရပ္ ေဖာ္ေဆာင္ ႏိုင္ပါက ပိုမိုေကာင္းမြန္ေသာ ေ႐ြးေကာက္ပြဲကို ေဖာ္ေဆာင္ႏိုင္ မည္ျဖစ္ေၾကာင္း ၎ဆိုသည္။
‘အလႊာေပါင္းစုံ၊ အဖြဲ႕အစည္းေပါင္းစုံက သူတို႔ကေတာ့ သူတို႔ႏိုင္ငံနဲ႔လူမ်ိဳးအတြက္ဆိုၿပီး ဦးတည္ၾကမွာပဲ။ ဒါေပမဲ့ ဦးတည္ခ်က္ခ်င္းတူၿပီး ပူးေပါင္းေဆာင္႐ြက္မႈက မတူဘူး၊ မလုပ္ႏိုင္ၾကဘူးဆိုတဲ့ အေနအထားမွာ ရည္႐ြယ္ခ်က္ တူတဲ့သူေတြ အခ်င္းခ်င္း ပူးေပါင္းေဆာင္႐ြက္လာႏိုင္ေအာင္ အားလုံးပါဝင္တဲ့ စုဖြဲ႕ေတြ႕ဆုံမႈလုပ္ဖို႔လိုပါတယ္}ဟု ဗိုလ္မႉး ႀကီး ေစာစိန္းဝင္းက ရွင္းျပသည္။
ယခုႏွစ္ ဒီဇင္ဘာလ တတိယပတ္မွစတင္ ကာေလးပတ္အတြင္း ေ႐ြးေကာက္ပြဲလုပ္မည္ျဖစ္ ေၾကာင္း ႏိုင္ငံ ေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒၊ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေနျပည္ေတာ္တြင္ ဇြန္လ (၂၅)ရက္ကျပဳလုပ္ခဲ့ ေသာ ၿငိမ္းခ်မ္းေရးဖိုရမ္ အဖြင့္မိန႔္ခြန္းတြင္ ေျပာဆိုထားသည္။ မၾကာမီကာလ တြင္က်င္းပမည့္ ေ႐ြးေကာက္ပြဲႏွင့္ ပတ္သက္၍ ႏိုင္ငံအတြင္း ၿမိဳ႕နယ္ေပါင္း(၂၆၇)ၿမိဳ႕နယ္ေက်ာ္တြင္ ေ႐ြးေကာက္ပြဲက်င္းပရန္အတြက္ ကနဦးလ်ာထား ေၾကာင္း သိရသည္။

© 2021. All rights reserved.