NCA (၁၀)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို ကြီးကျယ်ခမ်းနားစွာ ကျင်းပမည် ဖြစ်ပြီး ဖိုရမ်ကိုပါ တစ်ပြိုင်တည်း ပြုလုပ်မည်

 330

သုတကျော် (NP News)
ပါဝင်သင့်၊ ပါဝင်ထိုက်သူများ အားလုံးပါဝင်သော တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်(NCA) ဆယ်နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို ကြီးကျယ်ခမ်းနားစွာ ကျင်းပမည်ဖြစ်ပြီး ငြိမ်းချမ်းရေး ဖိုရမ်ကိုပါ တစ်ပြိုင်တည်းပြု လုပ်ရန်စီစဉ်ထားကြောင်း ဇွန်လ (၂၅)ရက်မှ (၂၇) ရက်အထိ နေပြည်တော်တွင် ပြုလုပ်ခဲ့ သည့် Peace Forum 2025 မှ သိရသည်။
NCA (၉)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလ အတွင်းက အကျဉ်းရုံး သာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ NCA နှစ်ပတ်လည် အခမ်းအနားကို ကြီးကျယ်ခမ်း နားစွာပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ဖိုရမ်တစ်ခုလည်း ဆောင်ရွက်မည်ဖြစ်ကြောင်း အမျိုးသားစည်း လုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိ နှိုင်းရေးကော်မတီ (NSPNC)မှ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်က Peace Forum တွင် ပြော ကြားခဲ့သည်။ ‘NCA ဆယ်နှစ်ပြည့်ကို ကြီးကြီးမားမား လုပ်ဖို့ òန်ကြားထားတယ်။ NCA ကို တကယ်ကို ခမ်းခမ်းနားနားလုပ်ဖို့ òန်ကြား ထားတယ်။ ကျင်းပမယ့်နေရာက နေပြည်တော် MICC ဖြစ်မလား၊ တခြားနေရာဖြစ်မလား။ နေရာတော့ မသတ်မှတ်သေး ဘူး။ ဖိုရမ်အကြီးကြီးလည်းကျင်းပဖို့ လုပ်နေတယ်။ အဲဒီညီလာခံမှာ အခုတက်တာထက် လက်နက်ကိုင် ခေါင်းဆောင် တွေ တက်တာမျိုးဖြစ်လာနိုင်တယ်။ နိုင်ငံတကာက တခြားခေါင်းဆောင်တွေ တက်လာတာ လည်းဖြစ်နိုင်တယ်။ ဖိုရမ်နဲ့ ပေါင်းပြီး ကြီးမားတဲ့ ဆုံးဖြတ်ချက် တစ်စုံတစ်ရာ ထွက်လာနိုင်ခြေလည်း ရှိတယ်’ဟု နေပြည်တော်တွင်ပြုလုပ်နေသော Peace Forum သို့ တက်ရောက်ခဲ့သူတစ်ဦးက NP News သို့ ပြောသည်။
ယင်းအခမ်းအနားမှ ဆုံးဖြတ်ချက်သည် ရွေးကောက်ပွဲအတွက် အကောင်းဆုံးလမ်းပြမြေပုံ တစ်ခုဖြစ်ကာ ရွေးကောက်ပွဲအလွန် မည်သို့ရှေ့ဆက် မည်ဆိုသော အချက်အတွက်လည်း ဆုံးဖြတ်ချက် ထွက်လာနိုင်ဖွယ်ရှိကြောင်း ၎င်းကခန့်မှန်းပြောကြားသည်။ ‘တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ စုံ အောင် ဖိတ်မလားဆိုတော့ ဖြစ်နိုင်ခြေရှိတယ်။ တချို့ က တွေးလိမ့်မယ် AA ဖိတ်မှာလား၊ TNLA ဖိတ်မှာ လားဆိုတာ နစကအစိုးရဘက်ကတော့ ဖိတ်ဖို့ ဝန်မ လေးဘူး ဖိတ်ဖို့ အဆင်သင့် ဖြစ်နေပြီ’ဟု ၎င်းကပြောသည်။

Zawgyi Version:
NCA (၁၀)ႏွစ္ေျမာက္ ႏွစ္ပတ္လည္အခမ္းအနားကို ႀကီးက်ယ္ခမ္းနားစြာ က်င္းပမည္ ျဖစ္ၿပီး ဖိုရမ္ကိုပါ တစ္ၿပိဳင္တည္း ျပဳလုပ္မည္
သုတေက်ာ္ (NP News)
ပါဝင္သင့္၊ ပါဝင္ထိုက္သူမ်ား အားလုံးပါဝင္ေသာ တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူ စာခ်ဳပ္(NCA) ဆယ္ႏွစ္ေျမာက္ ႏွစ္ပတ္လည္အခမ္းအနားကို ႀကီးက်ယ္ခမ္းနားစြာ က်င္းပမည္ျဖစ္ၿပီး ၿငိမ္းခ်မ္းေရး ဖိုရမ္ကိုပါ တစ္ၿပိဳင္တည္းျပဳ လုပ္ရန္စီစဥ္ထားေၾကာင္း ဇြန္လ (၂၅)ရက္မွ (၂၇) ရက္အထိ ေနျပည္ေတာ္တြင္ ျပဳလုပ္ခဲ့ သည့္ Peace Forum 2025 မွ သိရသည္။
NCA (၉)ႏွစ္ေျမာက္ ႏွစ္ပတ္လည္ေန႔ အခမ္းအနားကို ၿပီးခဲ့သည့္ႏွစ္ ေအာက္တိုဘာလ အတြင္းက အက်ဥ္း႐ုံး သာ ျပဳလုပ္ခဲ့ျခင္းျဖစ္သည္။ NCA ႏွစ္ပတ္လည္ အခမ္းအနားကို ႀကီးက်ယ္ခမ္း နားစြာျပဳလုပ္သြားမည္ျဖစ္ေၾကာင္းႏွင့္ ဖိုရမ္တစ္ခုလည္း ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း အမ်ိဳးသားစည္း လုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈညႇိ ႏႈိင္းေရးေကာ္မတီ (NSPNC)မွ အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီးမင္းႏိုင္က Peace Forum တြင္ ေျပာ ၾကားခဲ့သည္။ ‘NCA ဆယ္ႏွစ္ျပည့္ကို ႀကီးႀကီးမားမား လုပ္ဖို႔ òန္ၾကားထားတယ္။ NCA ကို တကယ္ကို ခမ္းခမ္းနားနားလုပ္ဖို႔ òန္ၾကား ထားတယ္။ က်င္းပမယ့္ေနရာက ေနျပည္ေတာ္ MICC ျဖစ္မလား၊ တျခားေနရာျဖစ္မလား။ ေနရာေတာ့ မသတ္မွတ္ေသး ဘူး။ ဖိုရမ္အႀကီးႀကီးလည္းက်င္းပဖို႔ လုပ္ေနတယ္။ အဲဒီညီလာခံမွာ အခုတက္တာထက္ လက္နက္ကိုင္ ေခါင္းေဆာင္ ေတြ တက္တာမ်ိဳးျဖစ္လာႏိုင္တယ္။ ႏိုင္ငံတကာက တျခားေခါင္းေဆာင္ေတြ တက္လာတာ လည္းျဖစ္ႏိုင္တယ္။ ဖိုရမ္နဲ႔ ေပါင္းၿပီး ႀကီးမားတဲ့ ဆုံးျဖတ္ခ်က္ တစ္စုံတစ္ရာ ထြက္လာႏိုင္ေျခလည္း ရွိတယ္’ဟု ေနျပည္ေတာ္တြင္ျပဳလုပ္ေနေသာ Peace Forum သို႔ တက္ေရာက္ခဲ့သူတစ္ဦးက NP News သို႔ ေျပာသည္။
ယင္းအခမ္းအနားမွ ဆုံးျဖတ္ခ်က္သည္ ေ႐ြးေကာက္ပြဲအတြက္ အေကာင္းဆုံးလမ္းျပေျမပုံ တစ္ခုျဖစ္ကာ ေ႐ြးေကာက္ပြဲအလြန္ မည္သို႔ေရွ႕ဆက္ မည္ဆိုေသာ အခ်က္အတြက္လည္း ဆုံးျဖတ္ခ်က္ ထြက္လာႏိုင္ဖြယ္ရွိေၾကာင္း ၎ကခန႔္မွန္းေျပာၾကားသည္။ ‘တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ေတြ စုံ ေအာင္ ဖိတ္မလားဆိုေတာ့ ျဖစ္ႏိုင္ေျခရွိတယ္။ တခ်ိဳ႕ က ေတြးလိမ့္မယ္ AA ဖိတ္မွာလား၊ TNLA ဖိတ္မွာ လားဆိုတာ နစကအစိုးရဘက္ကေတာ့ ဖိတ္ဖို႔ ဝန္မ ေလးဘူး ဖိတ္ဖို႔ အဆင္သင့္ ျဖစ္ေနၿပီ’ဟု ၎ကေျပာသည္။

Related news

© 2021. All rights reserved.