ရှီကျင်းပင်၊ ပူတင်တို့နှင့်အတူ နောက်ထပ်ထိပ်သီးအစည်းအဝေးမှာ တွေ့ဆုံရန် ဘိုင်ဒန် ရည်ရွယ်ထား (ဘာသာပြန်ဆောင်းပါး)

 1221

ရောင်နီ (NP News) - ဇွန် ၂၆

ပြီးခဲ့သည့် သီတင်းပတ်က သမ္မတဂျိုးဘိုင်ဒင်သည် သူ၏ရုရှားလုပ်ဖော်ကိုင်ဖက်များနှင့် နီးကပ်စွာ စောင့်ကြည့်လေ့လာခဲ့သော ထိပ်သီးအစည်းအဝေးတွင် ခက်ခဲသောရန်သူနှင့် မျက်နှာချင်းဆိုင် ဆွေးနွေးရန် မရှိဟု ယုံကြည်ချက်ကို အတည်ပြုပြောကြားခဲ့သည်။

ယခုတွင်မူ သူနှင့် သူ၏လက်ထောက်များသည် တရုတ်သမ္မတ ရှီကျင်းပင်နှင့် တွေ့ဆုံမှု တစ်ခုဖြစ်သည့် ထိပ်သီးအစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်လာခဲ့သည်။ အိမ်ဖြူတော် အရာရှိများ၏ ပြောကြားချက်အရ ၎င်းတို့ နှစ်ဦးဟာ လာမယ့်အောက်တိုဘာလကုန်အတွင်း ရောမမှာ ကျင်းပမယ့် ၂၀ အကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲမှာ တွေ့နိုင်မည်ဟု သိရသည်။ တရုတ်က သဘောတူလျှင် တယ်လီဖုန်းခေါ်ဆိုမှုနှင့် နောက်ထပ်သီးခြားအစည်းအဝေးတစ်ခု ပြုလုပ်နိုင်မည်ဟု ယူဆရသည်။ ယခုပင်လျှင် တရုတ်သည် ဘိုင်ဒန်၏ ချဉ်းကပ်မှုကို စိတ်ဝင်စားခဲ့သည်။ ဂျီနီဗာမြို့တွင် ဗလာဒီမာပူတင်နှင့်အတူထိုင်ပြီး အစည်းအဝေး
ပြုလုပ်ခဲ့စဉ်ကတည်းက ရုရှားဘက်မှလည်း ဆွေးနွေးပွဲများအတွင်း ဖြစ်ပျက်ခဲ့ရာများကို တရုတ်နိုင်ငံသို့ ပြောကြားခဲ့သည်။ ပူတင်နှင့် ထိပ်သီးအစည်းအဝေးတွင် အိမ်ဖြူတော်၏ လက်ထောက်များက ရှီနှင့်တွေ့ဆုံဆွေးနွေးမှုကို အရှိန်အဟုန်မြှင့်လုပ်ဆောင်ရန် ပြောကြားခဲ့သည်။ ပူတင်၏ အစည်းအဝေးထိုင်ခြင်းသည် ထိုင်ဝမ် အနီးအနားရှိ ရေရှည် ပြဿနာများကို တိုက်ရိုက်ဖြေရှင်းဖို့ အခွင့်အရေးပေးခဲ့ပြီး အရေးကြီးသည့် ရည်ရွယ်ချက်နှစ်ခုကို ဆောင်ရွက်ခဲ့သည်။ အဆိုပါ ရည်ရွယ်ချက်နှစ်ခုသည် လနှင့်ချီနေသည့် ဝန်ထမ်းအဆင့် ပြဿနာများကို ဖြေရှင်းရန်နှင့် အခြားကိစ္စရပ်များထက် ပိုကြီးသည့် ပြဿနာတွေကို ရှင်းလင်းရန် အခွင့်အလမ်းဟု အရာရှိများက ရူမြင်ကြသည်။ ဘိုင်ဒန်သည် သမ္မတရာထူးရယူချိန်မှစ သမ္မတရေးရာ ချဉ်းကပ်ပုံများကို သက်ဝင်လှုပ်ရှားစေခဲ့သည်ဟု အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ ဘိုင်ဒန်-ရှီ (Biden-Xi )ထိပ်သီးအစည်းအဝေးသည် ဘိုင်ဒန်၏ သမ္မတရာထူးအတွက် အကျိုးသက်ရောက်မှုအရှိဆုံးသော နိုင်ငံခြားရေး ပေါ်လစီ လမ်းကြောင်းကို အထောက်အကူပြုနိုင်ပေသည်။ ဘိုင်ဒင်သည် ရှီ၏တရုတ်နိုင်ငံအတွင်း အာဏာမြှင့်တင်ရန် အရှိန်မြှင့်ကြိုးပမ်းမှုများတွင် တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှုသည် အလွန်အရေးကြီးသည်ဟု ယုံကြည်သည်။ " သမ္မတရှီ ကျင့်ကြံပြုမူခဲ့သော အရာအချို့မှာ တရုတ်နိုင်ငံရဲ့ ဗဟိုခေါင်းဆောင်အဖြစ် သူ့ကိုသာ နေရာချထားဖို့ ရည်ရွယ်နေတယ် " ဟု ဘိုင်ဒန်၏ အာရှပစိဖိတ်ဆိုင်ရာအကြံပေး Kurt Campbell က ပြောကြားခဲ့သည်။ " ဒီကိစ္စနဲ့ပတ်သက်ပြီး သမ္မတရှီနဲ့အတူ အလုပ်လုပ်နေတဲ့ လူနည်းစု ရှိတယ်လို့ ပြောရမယ်။ တရုတ်နိုင်ငံဟာ ကမ္ဘာ့နိုင်ငံရေးအတွက် အကောင်းဆုံးချဉ်းကပ်မှုနဲ့ ပတ်သက်ပြီး ချိန်ညှိမှုများ ပြုလုပ်နေစဉ် သမ္မတရှီ ရရှိတဲ့ သွင်းကုန်အင်အားစုများအပေါ် အကျိုးသက်ရောက်နိုင်ခြင်းရှိ၊ မရှိ မေးခွန်းတစ်ခုအမြဲတမ်း ရှိနေပါတယ် " ဟု Campbell က ပြောကြားခဲ့သည်။

ယခုပင်လျှင် တရုတ်နှင့် Biden အုပ်ချုပ်မှုအကြား ဆွေးနွေးမှုများသည် အငြင်းပွားဖွယ်အစ ဖြစ်လာနေသည်။ အလက်စကာမှာ အရာရှိများနှင့်အတူ အစောပိုင်းတွေ့ဆုံ ဆွေးနွေးမှုသည် ကမ္ဘာ့အကြီးမားဆုံးစီးပွားရေးနှစ်ခုကြားရှိ နက်ရှိုင်းသော မယုံကြည်မှုအဆင့်ကိုသာ ပြသနေသည်။ အမေရိကန်အရာရှိများက ဘိုင်ဒန်အနေနှင့် ပူတင်နှင့် ဆက်ဆံရေးအတွက် သတ်မှတ်ချက်များကို ဖော်ထုတ်ရန် ကြိုးပမ်းသကဲ့သို့ တရုတ်နှင့်ဆက်ဆံရေးတွင် “ ပြောက်ကျားလမ်းများ ” တည်ဆောက်ရန်လိုအပ်ကြောင်း မကြာခဏကိုးကားပြောဆိုခဲ့သည်။ အမေရိကန်အရာရှိအချို့က အစည်းအဝေးအတွက် Anchorage မြူနီစပယ်ကို စေလွှတ်သော တရုတ်သံတမန်များ၏ သြဇာလွှမ်းမိုးမှုကိုလည်း မေးခွန်းထုတ်ခဲ့သည်။ ထိုအချိန်မှစ၍ ဆက်ဆံရေးသိသိသာသာ တိုးတက်မှုမရှိသေးပါ။ ကိုရိုနာဗိုင်းရပ်စ်ရဲ့ မူလအစနှင့်ပတ်သက်သော မေးခွန်းသစ်များနှင့် တရုတ်နိုင်ငံအနေဖြင့် ကူးစက်ရောဂါ ဖြစ်ပွားမှုကို အပြည့်အ၀ စုံစမ်းစစ်ဆေးရန် ခွင့်ပြုခြင်းမရှိသော ကိစ္စရပ်များသည် ဆက်ဆံရေး အခြေအနေကို ပိုမိုဆိုးရွားစေခဲ့သည်။

အရာရှိများက ဘိုင်ဒန်နှင့် ရှီ၏ ရည်ရွယ်ချက်များသည် ဆွစ်ဇာလန်နိုင်ငံတွင် ပူတင်နှင့် သုံးနာရီဆွေးနွေးမှု ရလဒ်နှင့် အတူတူပင် ဖြစ်နိုင်သည်ဟု ဆိုသည်။ Biden သည်ပူတင်နှင့် တွေ့ဆုံမှုမတိုင်မီ အနောက်တိုင်းမဟာမိတ်များနှင့် တိုင်ပင်သကဲ့သို့ တရုတ်၏ကျူးကျော်မှုကို တိုက်ဖျက်ရန် ချဉ်းကပ်မှု နောက်ကွယ်မှ မဟာမိတ်များကို စုစည်းရန် အလားတူနည်းဗျူဟာကိုအသုံးပြုခဲ့သည်။ အမေရိကန်တာဝန်ရှိသူများသည် ယခုနှစ်နွေဦး ရာသီအတွက် Quad အုပ်စုမှ ခေါင်းဆောင်များနှင့် ပုဂ္ဂိုလ်ရေးတွေ့ဆုံဆွေးနွေးမှု ပြုလုပ်ဖို့ စီစဉ်ခဲ့ကြပြီး ရှီနှင့် တွေ့ဆုံဆွေးနွေးမှု မတိုင်မှ ဝါရှင်တန်တွင် ပြုလုပ်သွားမည်ဖြစ်သည်ဟု သိရသည်။ သို့ရာတွင် ဘိုင်တန်နှင့် ပူတင်၏ ဆက်ဆံရေးသည် ရှီထက် ပိုမိုကောင်းမွန်နေပြီး လူ့အခွင့်အရေး၊ ဆိုက်ဘာစစ်ပွဲများနှင့်ပတ်သက်၍ ပူတင်နှင့် ခိုင်မာသည့် ဆက်ဆံရေးရှိသော်လည်း တရုတ်နှင့်အငြင်းပွားမှုများမှာ ပို၍ ကျယ်ပြန့်စွာရှိသည်။ ကုန်သွယ်ရေး၊ ထိုင်ဝမ်တွင် စစ်ရေးအရကျူးကျော် ဝင်ရောက်မှုများနှင့် မူဆလင်များအပေါ် လူမျိုးတုံးသတ်ဖြတ်မှုများကျူးလွန်မှုများနှင့် ပတ်သက်ပြီး နှစ်နိုင်ငံလုံးသည် ဆန့်ကျင်ဘက်ဖြစ်နေသည်။ ဘိုင်တန်က ရုရှားဟာ အမေရိကန်၏ တည်ငြိမ်မှုကို ခြိမ်းခြောက်မှုတစ်ခုဟု ယူမှတ်နေသည်ဟု ထင်မြင်ကာ တရုတ်ကိုတော့ ပိုမိုသည့် ပြဿနာတစ်ခုအဖြစ် ရှုမြင်နေကြောင်း ဘိုင်တန်ရဲ့ အနီးကပ်နေထိုင်သူများက ဆိုသည်။ ဖေဖော်ဝါရီလက ဘိုင်ဒန်ဟာ ရှီနှင့် တယ်လီဖုန်းဖြင့် တစ်ကြိမ် စကားပြောဆိုခဲ့သည်။ စကားပြောဆိုမှုသည် နှစ်နာရီကြာခဲ့ပြီး ဘိုင်ဒန်က ပုန်ကန်ရန် ကြိုးပမ်းမှုကဲ့သို့သော အဖြစ်အပျက်များအပေါ် အခြေခံ၍ အမေရိကန်ပြည်ထောင်စုပျက်စီးခြင်းကို ကြိုတင်ခန့်မှန်းခြင်းသည် မှားယွင်းကြောင်း ရှီအား သတိပေးခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်က ဥရောပ၌ပင် တရုတ်သည် G7 နှင့် NATO အဖွဲ့အတူ အစည်းအဝေး ပြုလုပ်ခဲ့သည်။

ဘိုင်ဒန်သည် ဗြိတိန်နှင့် ဘရပ်ဆဲလ်တွင် ပေကျင်း၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ စီးပွားရေး လုပ်ထုံးလုပ်နည်းများနှင့် စစ်တပ်၏ ကျူးကျော်မှုများကို ပိုမို၍ တင်းတင်းကျပ်ကျပ်ရပ်တန့်ရန် ဥရောပခေါင်းဆောင်များအား တိုက်တွန်းခဲ့သည်။ ၎င်းတွင် ဂျာမနီ ဝန်ကြီးချုပ် Angela Merkel နှင့် အီတလီ ဝန်ကြီးချုပ် Mario Draghi တို့၏ ဆန့်ကျင်မှုအချို့ကို တွေ့ခဲ့ရပြီး တရုတ်လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရည်ရွယ်သော ထုတ်ပြန်ချက်များသည် အမေရိကန်မျှော်လင့်ထားသည့် အတိုင်းအတာထက် နည်းနေသည်။ သို့သော် ဘိုင်ဒန်အနေနှင့် ယခင်ကတစ်ခါမှ မဖြစ်ဖူးသည့်နည်းများဖြင့် တရုတ်အား ၎င်းရဲ့ အစီအစဉ်တွင် အောင်မြင်စွာ ထည့်သွင်းနိုင်ခဲ့သည်။ G7 ခေါင်းဆောင်များသည် Xinjiang ပြည်နယ်ရှိ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှုနှင့် ဟောင်ကောင်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ပတ်သက်၍ စိုးရိမ်မှုများကို ထုတ်ဖော်ပြောဆိုခဲ့သည်။ ၎င်းတို့ဟာ တရုတ်နိုင်ငံ၏ Belt and Road Initiative ကို တန်ပြန်ရန် ဒီဇိုင်းရေးဆွဲထားသော ကမ္ဘာလုံးဆိုင်ရာ အခြေခံအဆောက်အအုံ အစီအစဉ်ကို စတင်ရန် သဘောတူခဲ့သည်။ ထို့အပြင်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှ ကနဦး စုံစမ်းစစ်ဆေးမှုအပြီးတွင် တရုတ်နိုင်ငံတွင် Covid ၏ရင်းမြစ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှု အသစ်ပြုလုပ်ရန် တောင်းဆိုလိုက်သည်။ နေတိုး၏ နောက်ဆုံးထုတ်ပြန်ကြေငြာချက်သည် တရုတ်အား ပထမဦးဆုံးအကြိမ် ရည်ညွှန်းခြင်းဖြစ်ပြီးကာကွယ်ရေး မဟာမိတ်အတွင်းရေးမှူးချုပ်က "ချိန်ခွင်လျှာစွမ်းအား" သည် အရှေ့ဘက်သို့ပြောင်းလဲနေသည်ဟု ပြောကြားခဲ့သည်။

'' တရုတ်နဲ့ ကျွန်တော်တို့ နီးစပ်လာပြီ။ သူတို့ကို ဆိုက်ဘာနေရာတွေမှာ တွေ့တယ်။ အာဖရိကမှာလည်း တရုတ်ကို တွေ့တယ်၊ ကျွန်တော်တို့ရဲ့ အရေးကြီးတဲ့ အခြေခံအခန်းကဏ္ဍတွေမှာ တရုတ်က အကြီးအကျယ်ရင်းနှီးမြှုပ်နှံနေတာကို တွေ့ရတယ်။ ကျွန်တော်တို့ အတူတကွ ပူးပေါင်းဖို့လိုတယ် '' ဟု NATO ၏ အတွင်းရေးမှူးချုပ် Jens Stoltenberg က ပြောကြားခဲ့သည်။ အမေရိကန်တာဝန်ရှိသူများက ၎င်းသည် ရေရှည်ကြိုးပမ်းအားထုတ်မှု တစ်ခုဖြစ်ကြောင်း၊ ထိပ်တန်းအုပ်ချုပ်ရေးအရာရှိများအနေနှင့် အချို့သော ကိစ္စရပ်များတွင် ဖိအားပေးရန်နှင့် အခြားသူများအတွက် မျှတမှုရှိရန် လိုအပ်ကြောင်းအသိအမှတ်ပြုခဲ့သည်။ G7 ထုတ်ပြန်ချက်သည် တရုတ်အား တမင်သက်သက်ရှုတ်ချပြီး တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းဟု စွပ်စွဲထားသည်ဟု ပေကျင်းမှ ပြင်းထန်သော တုံ့ပြန်မှုများ ရှိလာခဲ့ပြီး ဗြိတိန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးက “ ကျွန်ုပ်တို့သည် အမေရိကန်နိုင်ငံ ကဲ့သို့သော နိုင်ငံအချို့၏ ဆိုးညစ်ယုတ်မာသော ရည်ရွယ်ချက်များကို မကျေနပ်၍ ပြင်းပြင်းထန်ထန်ဆန့်ကျင်သည်” ဟုပြောကြားခဲ့သည်။ ဘိုင်ဒင်သည် အားသာချက် တစ်ခုအနေနှင့် ရှီ၏ ကုမ္ပဏီတွင် အခြားကမ္ဘာ့ခေါင်းဆောင်များနှင့် နာရီများစွာ တွေ့ဆုံခဲ့ရသည်။

ဘိုင်ဒန်နဲ့ ရှီတို့ နှစ်ဦးစလုံးသည် ၎င်းတို့၏ နိုင်ငံတွေမှာ ဒုတိယသမ္မတ ဖြစ်ခဲ့စဉ်က ၎င်းတို့နှစ် ဦးလုံး အတူတကွခရီးထွက်ခဲ့ကြဖူးသည့် ခင်မင်မှုဆက်ဆံရေးရှိခဲ့သည်ကို ဘိုင်ဒန်က ပြန်ပြောင်းသတိရကာ သတင်းထောက်တစ်ဦးက ဘာကြောင့် ရှီနဲ့ တွေ့ဆုံခဲ့သည်ကို မေးခွန်းထုတ်ရာ "ကျွန်တော်တို့ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ကောင်းကောင်းသိတယ်၊ အိုမင်းသွားမယ့် ဆက်ဆံရေးမဟုတ်ဘူး၊ ဒါကရှင်းပါတယ်" လို့ ပြန်လည်ဖြေကြားခဲ့ပါသည်။

( CNN ၏ Biden aims for high-stakes meeting with Xi Jinping with Putin summit in the rearview ကို ဆီလျော်သလို ဘာသာပြန်ဆိုပါသည် )

Related news

© 2021. All rights reserved.