ထိုင်းတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးနောက် သေဆုံးသူ ၁ဝဝ ကျော်ရှိလာ

 449

ရောင်နီ (NP News) - ဇွန် ၂၇

ထိုင်းနိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေး အမျိုးမျိုးကို လက်ခံထိုးနှံခဲ့ပြီးနောက် လူပေါင်း ၁၉၄၅ ဦး ဖျားနာခဲ့ပြီး ၁ဝ၃ ဦး သေဆုံးခဲ့ကြောင်း နိုင်ငံရောဂါထိန်းချုပ်ရေးဌာန ( DCD ) ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းဖော်ပြချက်အရသိရသည်။

၎င်းတို့ထဲမှ ၄၂ ဦးသည် ကာကွယ်ဆေးနှင့် ဆက်စပ်မှု မရှိကြောင်း သတင်းတွင်ဖော်ပြထားသည်။

DCD မှ အရေးပေါ်ကျန်းမာရေး ဘေးအန္တရာယ်နှင့် ရောဂါထိန်းချုပ်ရေး ညွှန်ကြားရေးမှူး Chawetsan Namwat က “ထိုးနှံပြီးစီးတဲ့ ကာကွယ်ဆေး ပမာဏ ၇.၉ သန်းကို စစ်ဆေးခဲ့ရမှာ လ၂၄.၆ ရာခိုင်နှုန်းခန့်ဟာ မမျှော်လင့်တဲ့ ရောဂါလက္ခဏာများ ပြသခဲ့ပြီး ပြင်းထန်တဲ့ ဓာတ်မတည့်မှုများကြောင့် ၁.၃ ရာခိုင်နှုန်း သေဆုံးခဲ့တာ တွေ့ရှိခဲ့ရပါတယ်”ဟု ပြောသည်။

Sinovac ကာကွယ်ဆေးကို ပထမဆုံးထိုးပြီးသည့်နောက် လူပေါင်း ၂၇.ဝ၉ ရာခိုင်နှုန်းသည် ကာကွယ်ဆေး၏ ဘေးထွက်ဆိုးကျိုးများ ခံစားခဲ့ရပြီး ၁.၃ ရာခိုင်နှုန်းသည် သေဆုံးခဲ့ကြောင်း၊ ၂ ကြိမ်မြောက် ထိုးနှံပြီးနောက် လူပေါင်း ၂၄၃ ယောက် ဆေးရုံတက်ခဲ့ရပြီး ၇ ယောက် သေဆုံးခဲ့ကြောင်း ဒေါက်တာ Chawetsan က ပြောကြားခဲ့သည်။

AstraZeneca ကာကွယ်ဆေးကို ထိုးနှံခဲ့သူ ၃၃.၉၃ ရာခိုင်နှုန်း ပြင်းထန်သည့် တုံ့ပြန်မှုရရှိခဲ့ပြီး ၂.၁ ရာခိုင်နှုန်းသည် ကာကွယ်ဆေး ပထမဆုံးအကြိမ် ထိုးနှံပြီးနောက် သေဆုံးခဲ့ကြောင်း၊ ၂ ကြိမ်မြောက် ထိုးနှံပြီးနောက် လူ ၆ ဦး ဖျားနာခဲ့ပြီး ၁ ဦး သေဆုံးခဲ့ကြောင်း ၎င်းက ပြောကြားသည်။

#NPNews

Related news

© 2021. All rights reserved.