သြစတြေးလျတွင် Delta ကိုဗစ်မျိုးကွဲကူးစက်ပျံ့နှံ့မှုများကြောင့် လူဦးရေ၏ ထက်ဝက်ခန့်ကို လော့ဒေါင်းချမှတ်

 317

ရောင်နီ ( NP News ) - ဇွန် ၂၉
Delta ကိုဗစ်မျိုးကွဲ ကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်ရန်အတွက် သြစတြေးလျနိုင်ငံ့လူဦးရေ၏ ထက်ဝက်ခန့် (လူပေါင်း ၁၂ သန်းကျော်) သည် လော့ဒေါင်းကန့်သတ်ချက်နှင့်အတူ ရုန်းကန်နေရကြောင်း Straitstimes သတင်းဖော်ပြချက်အရသိရသည်။

သြစတြေးလျနိုင်ငံ Brisbane မြို့သည် ဈေးဝယ်ထွက်ခြင်းနှင့် လေ့ကျင့်ခန်းပြုလုပ်ခြင်းများကဲ့သို့မရှိမဖြစ် လိုအပ်သည့်အကြောင်းပြချက်များမှလွဲပြီး အနည်းဆုံး ၃ ရက်ခန့် အိမ်ပြင်ထွက်သွားလာခြင်းများမပြုရန် ဇွန်လ ၂၉ ရက်နေ့တွင်ကန့်သတ်ခံလိုက်ရကြောင်း သိရသည်။ နယူးဆောက်ဝေးပြည်နယ် မြို့တော်ဆစ်ဒနီတွင် delta ကိုဗစ်မျိုး ကွဲကူးစက်လူနာ ၁၅ဝ နီးပါးထိရှိခဲ့ပြီး အဓိကမြို့ကြီးများတွင် ဗိုင်းရပ်စ်ကူးစက်ပျံ့ပွားမှုများကို စိုးရိမ်ပူပန်လာသည် နှင့်အမျှ အခြားမြို့နယ်များကိုလည်း အတင်းအကျပ်ပိတ်ဆို့ကန့်သတ် ထိန်းချုပ်မှုဖြစ်ပေါ်လာစေခဲ့ကြောင်း သိရသည်။ Brisbane၊ Gold Coast ၊ Sunshine Coast၊ Townsville မြို့များနှင့် Palm Island ၊ Magnetic ကျွန်းတို့ အပါအဝင် Queensland ပြည်နယ်ရှိ အခြားဒေသများတွင် သုံးရက်ကြာ လော့ဒေါင်းကန့်သတ်ချက် ချမှတ်ခြင်းကို ဇွန်လ ၂၉ ရက်မှ စတင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုများသည် ဝန်ကြီးချုပ်ဖြစ်သူ Scott Morrison ကို နောက်တစ်ကြိမ် ကာကွယ် ဆေးထိုးနှံရေးအရှိန်မြှင့်တင်ရန်တောင်းဆိုသည့် ဖိအားပေးမှုများ မြင့်တက်စေခဲ့ကြောင်း သိရသည်။ ဗြိတိန်နှင့် အမေရိကန်ကဲ့သို့သော နိုင်ငံများတွင် ကာကွယ်ဆေးထိုးနှံမှုများ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်လာပြီးနောက် စီးပွား ရေးပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေချိန်တွင် သြစတြေးလျသည် ကာကွယ်ဆေးထိုးနှံမှုများနှေးကွေးနေခြင်းနှင့်အတူ နိုင်ငံတွင်း ခရီးသွားလုပ်ငန်းများလည်း အားနည်းနေဆဲ ဖြစ်ကြောင်း သိရသည်။ အပြည်ပြည်ဆိုင်ရာ နယ်နိ မိတ်အများစုကို ပိတ်ဆို့ထားပြီး Queensland နှင့် Victoria ပြည်နယ်ခေါင်းဆောင်များက လူဦးရေအများစုကို ကာကွယ်ဆေးထိုးပြီးသည့်တိုင်အောင် နိုင်ငံတွင်း နိုင်ငံခြားဧည့်သည် ဝင်ရောက်မှုအရေအတွက်ကို လျှော့ချထားရန် ဝန်ကြီးချုပ် Morrison ကို တောင်းဆိုခဲ့သည်။
#NPNews

Related news

© 2021. All rights reserved.