ယူကရိန်းသို့စစ်လက်နက်ပစ္စည်းထောက်ပံ့မှုများကို ရပ်ဆိုင်းလိုက်ကြောင်း အမေရိကန် အတည်ပြု

360

Pika (NP News) - ဇူလိုင် ၄
အမေရိကန်နိုင်ငံသည် ၎င်း၏ အမေရိကန် ပထမမူဝါဒ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ယူကရိန်းသို့ စစ်လက်နက်ပစ္စည်းများထောက်ပံ့မှုကို ရပ်ဆိုင်းထားကြောင်း နေတိုးအဖွဲ့ဆိုင်ရာ အမေရိကန်သံတမန် Matthew Whitaker က ထုတ်ပြန်ပြောကြားခဲ့သည်။
ထို့ပြင် အခြားမည်သည့်အရာမှ မဖြစ်ပွားမီ စစ်လက်နက်ပစ္စည်းသိုလှောင်မှုတွင် လေကြောင်းရန် ကာကွယ်ရေးစနစ်များ လုံလုံလောက်လောက်ရှိရန် လိုအပ်ကြောင်းကို အမေရိကန်က သေချာအောင် လုပ်ဆောင်ရန် လိုအပ်ကြောင်း Matthew Whitaker က ထပ်မံပြောကြားခဲ့သည်။
အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်သည် ယူကရိန်းသို့ အမေရိကန်ထုတ်စစ်လက်နက်ပစ္စည်းအမျိုး အစားများစွာ တင်ပို့ရောင်းချမှုကို ရပ်ဆိုင်းလိုက်ကြောင်း အနောက်တိုင်းမီဒီယာများက ယခု သီတင်းပတ်အတွင်း ရေးသားဖော်ပြခဲ့ကြောင်းလည်း သိရသည်။
အဆိုပါစာရင်းတွင် ပက်ထရီယော့လေကြောင်းရန်ကာကွယ်ရေးစနစ်များ၊ Stinger နှင့် AIM ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်များ၊ Hellfire နှင့် GMLRS စနစ်ရာပေါင်းများစွာနှင့်(၁၅၅)မီလီ မီတာအမြောက်ကျည်ဆန်ထောင်ပေါင်းများစွာပါဝင်ကြောင်း သိရသည်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး ပီတီ ဟတ်ဆတ်က အမိန့်ပေးခဲ့သော အမေရိကန်လက်နက်များ အရန်ထားရှိမှုအား ပြန်လည်သုံးသပ်မှုများ လုပ်ဆောင်ပြီးနောက် ယူကရိန်းသို့ စစ်လက်နက် ပစ္စည်းထောက်ပံ့မှုကို ရပ်ဆိုင်းရန် ဆုံးဖြတ်ချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။
Matthew Whitaker က ‘အမေရိကန်ရဲ့လိုအပ်ချက်တွေကို ကျွန်တော်တို့ အရင်ဆုံး ဂရုစိုက်ရမှာပါ။ အမေရိကန်နိုင်ငံဟာ ၎င်းရဲ့တည်ရှိမှုကို ကာကွယ်ဖို့အတွက် လုံလောက်တဲ့ မဟာဗျူဟာမြောက်ကာကွယ်ရေးစွမ်းရည်တွေ ရှိတယ်ဆိုတာကို ပင်တဂွန်စစ်ဌာနချုပ်က သေချာအောင်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်" ဟု ပြောခဲ့သည်။

Zawgyi Version:
ယူကရိန္းသို႔စစ္လက္နက္ပစၥည္းေထာက္ပံ့မႈမ်ားကို ရပ္ဆိုင္းလိုက္ေၾကာင္း အေမရိကန္ အတည္ျပဳ
Pika (NP News) - ဇူလိုင္ ၄
အေမရိကန္ႏိုင္ငံသည္ ၎၏ အေမရိကန္ ပထမမူဝါဒ၏ တစ္စိတ္တစ္ပိုင္းအေနျဖင့္ ယူကရိန္းသို႔ စစ္လက္နက္ပစၥည္းမ်ားေထာက္ပံ့မႈကို ရပ္ဆိုင္းထားေၾကာင္း ေနတိုးအဖြဲ႕ဆိုင္ရာ အေမရိကန္သံတမန္ Matthew Whitaker က ထုတ္ျပန္ေျပာၾကားခဲ့သည္။
ထို႔ျပင္ အျခားမည္သည့္အရာမွ မျဖစ္ပြားမီ စစ္လက္နက္ပစၥည္းသိုေလွာင္မႈတြင္ ေလေၾကာင္းရန္ ကာကြယ္ေရးစနစ္မ်ား လုံလုံေလာက္ေလာက္ရွိရန္ လိုအပ္ေၾကာင္းကို အေမရိကန္က ေသခ်ာေအာင္ လုပ္ေဆာင္ရန္ လိုအပ္ေၾကာင္း Matthew Whitaker က ထပ္မံေျပာၾကားခဲ့သည္။
အေမရိကန္စစ္ဌာနခ်ဳပ္ ပင္တဂြန္သည္ ယူကရိန္းသို႔ အေမရိကန္ထုတ္စစ္လက္နက္ပစၥည္းအမ်ိဳး အစားမ်ားစြာ တင္ပို႔ေရာင္းခ်မႈကို ရပ္ဆိုင္းလိုက္ေၾကာင္း အေနာက္တိုင္းမီဒီယာမ်ားက ယခု သီတင္းပတ္အတြင္း ေရးသားေဖာ္ျပခဲ့ေၾကာင္းလည္း သိရသည္။
အဆိုပါစာရင္းတြင္ ပက္ထရီေယာ့ေလေၾကာင္းရန္ကာကြယ္ေရးစနစ္မ်ား၊ Stinger ႏွင့္ AIM ေဝဟင္မွ ေဝဟင္ပစ္ ဒုံးက်ည္မ်ား၊ Hellfire ႏွင့္ GMLRS စနစ္ရာေပါင္းမ်ားစြာႏွင့္(၁၅၅)မီလီ မီတာအေျမာက္က်ည္ဆန္ေထာင္ေပါင္းမ်ားစြာပါဝင္ေၾကာင္း သိရသည္။
အေမရိကန္ကာကြယ္ေရးဝန္ႀကီး ပီတီ ဟတ္ဆတ္က အမိန႔္ေပးခဲ့ေသာ အေမရိကန္လက္နက္မ်ား အရန္ထားရွိမႈအား ျပန္လည္သုံးသပ္မႈမ်ား လုပ္ေဆာင္ၿပီးေနာက္ ယူကရိန္းသို႔ စစ္လက္နက္ ပစၥည္းေထာက္ပံ့မႈကို ရပ္ဆိုင္းရန္ ဆုံးျဖတ္ခ်က္မ်ား ထြက္ေပၚလာျခင္းျဖစ္သည္။
Matthew Whitaker က ‘အေမရိကန္ရဲ႕လိုအပ္ခ်က္ေတြကို ကြၽန္ေတာ္တို႔ အရင္ဆုံး ဂ႐ုစိုက္ရမွာပါ။ အေမရိကန္ႏိုင္ငံဟာ ၎ရဲ႕တည္ရွိမႈကို ကာကြယ္ဖို႔အတြက္ လုံေလာက္တဲ့ မဟာဗ်ဴဟာေျမာက္ကာကြယ္ေရးစြမ္းရည္ေတြ ရွိတယ္ဆိုတာကို ပင္တဂြန္စစ္ဌာနခ်ဳပ္က ေသခ်ာေအာင္လုပ္ေဆာင္ဖို႔ လိုအပ္ပါတယ္" ဟု ေျပာခဲ့သည္။