အင်ဒိုနီးရှားတွင် လူနာဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ခြင်းကြောင့် အောက်ဆီဂျင် ထုတ်လုပ်မှုများ တိုးမြှင့်

 400

ရောင်နီ (NP News) - ဇူလိုင် ၅

အင်ဒိုနီးရှားနိုင်ငံတွင် ကိုဗစ်ကူးစက်လူနာများ မြင့်တက်လာခြင်းနှင့်အတူ အောက်ဆီဂျင်ပေးရသည့် ဆေးရုံတက်လူနာ ၆ဝ ကျော် သေဆုံးခဲ့ပြီးနောက် အောက်စီဂျင်ထုတ်လုပ်သူများအနေဖြင့် ဝယ်လိုအားများလာ သော ဆေးဘက်ဆိုင်ရာ လိုအပ်ချက်များကို ရှေးရှုကာ ထုတ်လုပ်မှုတိုးမြှင့်ရန် အမိန့်ပေးလိုက်ကြောင်း အစိုးရက ဇူလိုင် ၄ ရက်နေ့တွင် ပြောကြားခဲ့သည်။

ဂျာဗားကျွန်းရှိ Sardjito ဆေးရုံ၏ ထုတ်ပြန်ချက်အရ စနေနေ့မှ တနင်္ဂနွေအစောပိုင်း အချိန်အတွင်း အောက်စီဂျင် ပြတ်လပ်မှုကြောင့် လူနာ ၆၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ သို့ပေမယ့် ဆေးရုံ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦး က သေဆုံးသူ အားလုံးသည် ကိုဗစ်လူနာများ ဖြစ်သလားဆိုတာကို အတည်ပြုခြင်း မရှိသေးပါဘူး။

တုန့်ပြန်မှုအရ အစိုးရသည် ဓာတ်ငွေ့လုပ်ငန်းကို ဆေးဘက်ဆိုင်ရာ အောက်စီဂျင်ထုတ်လုပ်မှု တိုးမြှင့်ပေးရန် တောင်းဆိုနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ အရာရှိ Siti Nadia Tarmizi က ပြောကြားခဲ့သည်။

မတော်တဆမှု မတိုင်မီ ရက်အနည်းငယ်အကြာက ၎င်းတို့သည် အောက်ဆီဂျင် ပိုမိုရရှိရန် ကြိုးစားခဲ့သော်လည်း သောကြာနေ့မှစတင်၍ ဆေးရုံရှိ ဗိုင်းရပ်စ်လူနာများသည် သတ်မှတ်ချက်ထက် လျော့သည့် အောက်ဆီဂျင် ပမာဏကိုသာ ရရှိခဲ့ကြောင်း၊ ဇူလိုင်လ အစောပိုင်းက အောက်ဆီဂျင်ထောက်ပံ့မှုများ ထပ်မံရရှိလာသော အခါမှသာ အကြပ်အတည်း အနည်းငယ် အသက်ရူရှောင်ခဲ့ရကြောင်း ဆေးရုံက ပြောကြားခဲ့သည်။

အင်ဒိုနီးရှား COVID-19 တုံ့ပြန်မှုကို ကြီးကြပ်သည့် ဝန်ကြီးဌာနတွင် ဆေးဘက်ဆိုင်ရာ လိုအပ်ချက်များအတွက် နေ့စဉ်လိုအပ်သော အောက်စီဂျင်တန်ချိန် ၈ဝဝ ကို ဖြည့်ဆည်းရန် အောက်ဆီဂျင် ဦးစားပေးထုတ်လုပ်ရန် ဓာတ်ငွေ့လုပ်ငန်းကို အမိန့်ပေးခဲ့ခြင်းဖြစ်သည်။

ကူးစက်မြန် Delta ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုများနှင့်အတူ မြင့်မားလျက်ရှိသည့် နေ့စဉ်ကူးစက်မှုနှုန်းများ ရင်ဆိုင်နေရသည့် အင်ဒိုနီးရှားနိုင်ငံတွင် ဗိုင်းရပ်စ်ကူးစက်လူနာ စုစုပေါင်း ၂၂၈၄ဝ၈၄ ဦး၊ သေဆုံးသူ ၆ဝ၅၈၂ ဦးထိ ရှိလာခဲ့ပြီဖြစ်ကြောင်းသိရသည်။

#NPNews

Related news

© 2021. All rights reserved.