Liquid Oxygen တင်သွင်းပါက သွင်းကုန်လိုင်စင်လျှောက်ထားရန်မလို
3644
NP News - ဇူလိုင် ၁၃
မြန်မာနိုင်ငံတွင် COVID-19 ရောဂါသည် တတိယလှိုင်းအဖြစ် ကူးစက်ပျံ့ပွားမှုလျင်မြန်လျက်ရှိရာ COVID-19 ရော ဂါကာကွယ်ကုသထိန်းချုပ်ရေးဆိုင်ရာ ဆေးဝါးနှင့်ဆေးပစ္စည်းကရိယာများတင်သွင်း နှင့်ပတ်သက်ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ဖြေလျော့မှုများပေးလိုက်ကြောင်း သိရသည်။
ထို့ကြောင့် liquid Oxygen အပါအဝင် COVID-19 ရောဂါကာကွယ်ကုသထိန်းချုပ်ရေးဆိုင်ရာ ဆေးဝါးနှင့်ဆေးပ စ္စည်းကရိယာများအနက် သွင်းကုန်လိုင်စင်လျှောက်ထားရန်လိုသော ကုန်စည်လိုင်များအားလုံးအား ဇူလိုင်လ ၁၂ ရက်မှစတင်၍ သွင်းကုန်လိုင်စင်လျှောက်ထားရယူရန် မလိုအပ်ဘဲ (၃)လ ယာယီဖြေလျှော့၍ တင်သွင်းခွင့်ပြုကြောင်း သိရသည်။
liquid Oxygen များကို နယ်စပ်များမှတစ်ဆင့် တင်သွင်းနိုင်ရေးအတွက်လည်း ကုမ္ပဏီများနှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ဇူလိုင်လ ၈ ရက်က ပြောကြားထားသည်။ liquid Oxygen ကို ရန်ကုန်၊ မန္တလေး၌ အသုံးပြုလျက်ရှိပြီး နေပြည်တော်၌လည်း စ တင်တပ်ဆင်နေပြီဖြစ်ကြောင်းသိရသည်။ လက်ရှိအချိန်တွင် ကိုဗစ်ရောဂါပိုးတွေ့ရှိသူများပြားလာခြင်းနှင့်အတူ ဈေးကွက်အတွင်း အောက်စီဂျင်ပြတ်လပ်သည့်အတွက် ဈေးနှုန်းများလည်း အဆမတန် မြင့်တက်လျက်ရှိသည်။
ထို့ပြင် လုပ်ငန်းရှင်များကို သွင်ကုန်လိုင်စင်မလျှောက်ထားဘဲ FDA ထောက်ခံချက်မလိုအပ်ဘဲ Oxygen Concentrator တင်သွင်းခွင့်ပြုထားသည်။ Oxygen Concentrator များတင်သွင်းရောက်ရှိလာလျှင်လည်း အ ကောက်ခွန် (၃)ရာခိုင်နှုန်းကို လက်ငင်းပေးဆောင်ရန်မလိုဘဲ အကောက်ခွန်ဦးစီးဌာနတွင် စာရင်းမှတ်ထားပြီး ပစ္စည်းကို ချက်ချင်းထုတ်ယူနိုင်ကြောင်း သိရသည်။
#NPNews