ကမ္ဘောဒီးယားနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲမှာ ထိုင်းစစ်တပ်ကို အဓိကတာဝန်ယူမယ့် ထိုင်းကာကွယ်ရေး ဝန်ကြီးအကြောင်း တစ်စေ့တစ်စောင်း

322

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၁၆
ထိုင်း နဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ဟာ နယ်စပ်ဒေသမှာပိုင်နက်နယ်မြေအငြင်းပွားမှုများမှတဆင့် ဒီဇင်ဘာ (၈) ရက်နေ့မှာတစ်ကျော့ပြန်စစ်ပွဲဖြစ်ပွားလျက်ရှိနေပါတယ်။ ထိုင်း နဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ ဟာ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း နယ်စပ်ဒေသမှာ ပိုင်နက်နယ်မြေအငြင်းပွားရာကတဆင့် တိုက်ပွဲ များဖြစ်လာခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်တို့
ကြားဝင်စေ့စပ်မှုများကြောင့် အပစ်ခတ်ရပ်စဲရေး ရယူနိုင်ခဲ့ပေမယ့် အငြင်းပွားမှုများ၊ အပြန် အလှန် စွပ်စွဲဝေဖန်မှုများ ထပ်မံဖြစ်လာခဲ့ပြီး ဒီဇင်ဘာ ၇ရက်နေ့မှာတစ်ကျော့ပြန်တိုက်ပွဲများ ထပ်မံဖြစ် လာခဲ့တာဖြစ်ပါတယ်။ ထိုင်းကာကွယ်ရေးဝန်ကြီးဟာတိုက်ပွဲများဖြစ်လာခဲ့ပြီးနောက် အငြင်းပွားလျက်ရှိ နေတဲ့ နယ်စပ်ဒေသကို ကိုယ်တိုင်သွားရောက်ခဲ့ပါတယ်။ ထိုင်း ဝန်ကြီးချုပ်ကလည်း ထိုင်းနိုင်ငံရဲ့ ပိုင် နက်နဲ့ နိုင်ငံသားများကို ကာကွယ်နိုင်အောင် စစ်ပွဲကိုရပ်တန့်မှု မရှိဘဲကမ္ဘောဒီးယားနိုင်ငံအပေါ် စစ်ဆင် ရေးများဆက်လက်လုပ်ကိုသွားမယ်လို့ ပြောဆိုထားပါတယ်။ ကမ္ဘောဒီးယားအစိုးရကလည်း အမိမြေကို ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ ထိုင်းစစ်သားများကို တုံ့ပြန်တိုက်ခိုက်သွားမယ်လို့ သတင်းထုတ်ပြန်ထားပြီး အတွဲလိုက်ဒုံးကျည်များနဲ့ တိုက်ခိုက်ခြင်းများလုပ်ဆောင်ခဲ့ပါတယ်။ ထိုင်း စစ်တပ်ကလည်းအငြင်းပွား လျက်ရှိနေတဲ့နယ်စပ်ဒေသရှိ ကမ္ဘောဒီးယားစစ်အခြေစိုက်စခန်းများကို ပစ်မှတ်ထားပြီး တိုက်ခိုက်လျက် ရှိနေဆဲဖြစ်ပါတယ်။ ကမ္ဘောဒီးယားနဲ ဖြစ်ပွားလျက်ရှိနေတဲ့ စစ်ပွဲအတွင်း
ထိုင်းနိုင်ငံအနိုင်ရဖို့အတွက် ထိုင်းကာကွယ်ရေးဝန်ကြီးက အဓိကအရေးပါတဲ့နေရာမှာပါဝင်နေ ပြီး ၎င်းဟာ ဘယ်လောက်အထိ စွမ်းဆောင်ရည်ပိုင်းကောင်းမွန်မလဲဆိုတဲ့ စောင့်ကြည့်ရမှာလည်း ဖြစ်ပါ တယ်။ ထိုင်းကာကွယ်ရေးဝန်ကြီး နက်သာပေါင် နက်ဖာနစ်ကို (၁၉၆၁) ခုနှစ်မှာ မွေးဖွားခဲ့ပြီး ထိုင်း နိုင်ငံရေးသမားတစ်ဦးဖြစ်သလို အငြိမ်းစား တပ်မတော်အရာရှိကြီးတစ်ဦးလည်း ဖြစ်ပါတယ်။ ၎င်းဟာ ဝန်ကြီးချုပ်ဟောင်း ပရာယွတ်ချန်အိုချာ လက်ထက်မှာ ထိုင်းနိုင်ငံရဲ့လုံခြုံရေး စီမံခန့်ခွဲမှုများအတွက် အသိမှတ်ပြုခံခဲ့ရသူတစ်ဦးဖြစ်ပါတယ်။ နက်သာပေါင် နက်ဖာနစ်ကိုဟာ ထိုင်းစစ်တပ်ရဲ့ အကယ်ဒမီ ကနေ ဘွဲ့ရရှိခဲ့ပြီး ထိုင်း Chulachomklao Royal Military Academy ကိုလည်းတက်ရောက်သင်ယူခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ၎င်းဟာ ထိုင်းစစ်တပ်ရဲ့ ကာကွယ်ရေးကောလိပ် နဲ့ ထိုင်းစစ်တပ်ရဲ့အမိန့်ပေး ညွှန် ကြားမှု ကောလိပ်တွေကိုတက်ရာက်ခဲ့သူဖြစ်ပါတယ်။နက်သာပေါင်ဟာထိုင်း စစ်တပ်ရဲ့ တပ်ရင်း၊ တပ်ဖွဲ့ အများအပြားမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ထိုင်းစစ်ရဲ့ တော်ဝင် ကောလိပ်၊ ထိုင်းစစ်တပ်ရဲ့အမိန့်ပေး ညွှန်ကြားမှု ကောလိပ်တွေမှာညလည်း သင်တန်းနည်းပြ ဆရာအဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးသူလည်း ဖြစ်ပါတယ် ။ နက်သာပေါင် နက်ဖာနစ်ဟာ (၂၀၁၅) ခုနှစ်မှာ ထိုင်းစစ်တပ်ရဲ့ စစ်ဆင်ရေးညွှန်ကြားမှု ဌာနမှာ ညွန်ကြားရေးမှူးတာဝန်ထမ်းဆောင်ခဲ့ဖူးသလို (၂၀၁၆) ခုနှစ်မှာ ထိုင်းစစ်တပ်ရဲ့
ဒုတိယအကြီးအကဲအဖြစ်ခန့်အပ်ခံခဲ့ရသူဖြစ်ပါတယ်။ ၎င်းဟာ ထိုင်းနိုင်ငံ နဲ့ပတ်သက်ပြီး ဖြစ် လာနိုင်မယ့် ခြိမ်းခြောက်မှုအမျိုးမျိုးကို ကိုင်တွယ်ဖြေရှင်းနိုင်အောင်လုပ်ဆောင်ဖို့အတွက် ထိုင်း အမျိုး အသားလုံခြုံရေး ကောင်စီကိုအဓိက ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းလုပ်ဆောင်ခဲ့သူလည်းဖြစ်ပါတယ်။ နက်သာပေါင် နက်ဖာနစ်ဟာ ထိုင်းစစ်တပ်ကနေ အဆင့်မြင့်အရာရှိကြီး ရာထူးအမျိုးမျိုးကိုတာဝန်ယူပြီး နောက် အနားယူခဲ့ချိန်မှာလည်းထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ ရဲ့အကြံပေးအဖြစ်ခန့်အပ်တာဝန် ပေးခံရသူလည်းဖြစ်ပါတယ်။ ၎င်းဟာ (၂၀၂၃) ခုနှစ်စက်တင်ဘာလမှာ ထိုင်းကာကွယ်ရေးဝန်ကြီး ဆူတင် ကလန်ဆန်ရဲ့ အနီးကပ်အကြံပေးအဖြစ်ခန့်အပ်ခံရပြီး ဝန်ကြီးချုပ် ပေထုံတန်ရှ်နာဝါထရာ ဦးဆောင်တဲ့ ထိုင်းအစိုးရအဖွဲ့မှာလည်း ကာကွယ်ရေးဝန်ကြီးဌာနရဲ့ဒုတိယဝန်ကြီးအဖြစ်ထပ်မံခန့်အပ်ခံခဲ့ရသူဖြစ်ပါ တယ်။ နက်သာပေါင် နက်ဖာနစ်ဟာ ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံကြားဖြစ်ပွားခဲ့တဲ့ စစ်ပွဲကို ဖြေရှင်းနိုင် အောင် ကြိုးပမ်းရာမှာအဓိကအခန်းကဏ္ဍက ဦးဆောင်ပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။ ၎င်းဟာ ဇူလိုင်လ တုန်းက ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံကြား အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲဖြစ်ပွားချိန်မှာ အငြင်းပွားမှုများကို ဖြေရှင်းနိုင်အောင် အပြန်အလှန် စေ့စပ်ဆွေးနွေးရာမှာ အဓိကဦးဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်အပြောင်းအလဲဖြစ်လာခဲ့ပြီးနောက်ပိုင်း အနုတင် ဝန်ကြီးချုပ်ဖြစ် လာချိန်မှာ နက်သာပေါင် နက်ဖာနစ်ဟာ (၂၀၂၅) ခုနှစ် စက်တင်ဘာလအတွင်းမှာ ထိုင်းကာကွယ်ရေးဝန် ကြီးအဖြစ် ခန့်အပ်ခဲ့ရသူဖြစ်ပါတယ်။ ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံကြား ဒီဇင်ဘာ (၈) ရက်နေ့မှာတိုက်ပွဲ များဖြစ်လာခဲ့ပြီးနောက်ပိုင်း ထိုင်းကာကွယ်ရေးဝန်ကြီးကနိုင်ငံတကာ ဥပဒေများအတိုင်း ကိုယ်နိုင်ငံ ကိုယ်ကို ကာကွယ်သွားမှာဖြစ်သလို ထိုင်းပြည်သူများ၊ စစ်သားများနဲ့ နိုင်ငံပိုင်နက်များကို ကာကွယ်နိုင် အောင် ထိုင်းစစ်တပ်ကို လုပ်ပိုင်ခွင့်အပြည့်အ၀ ပေးထားတယ်လို့ ပြောပါတယ်။ ထိုင်းစစ်တပ်အနေနဲ့ နယ်စပ်ဒေသတည်ငြိမ်ရေးနဲ့ ရန်လိုမှုများကို တုံ့ပြန်တိုက်ခိုက်သွားဖို့ အဆင့်သင့်ရှိနေတယ်လို့ ထိုင်းကာ ကွယ်ရေးဝန်ကြီး က ပြောပါတယ်။ထိုင်းကာကွယ်ရေးဝန်ကြီး နက်ဖာနစ်က ထိုင်းစစ်တပ်ဟာ လက်ရှိ အချိန်မှာ ထိုင်းနိုင်ငံနဲ့ ပြည်သူများကို ကာကွယ်ပေးဖို့အပြည့်အ၀ ပြင်ဆင်ထားသလို ထိုင်းပြည်သူများ အနေနဲ့လည်း ရှေ့တန်းစစ်မျက်မှာပြင်ရှိ ထိုင်းစစ်သားများနောက်ကနေ အပြည့်အ၀ အားပေးထောက်ခံ ရပ်တည်ရမယ်လို့ တိုက်တွန်း တောင်းဆိုထားပါတယ်။နက်ဖာနစ်က ၂၀၂၅ ခုနှစ်နိုဝင်ဘာလအတွင်းမှာ အငြင်းပွားလျက်ရှိနေတဲ့နယ်စပ်ဒေသများကို ကိုယ်တိုင်သွားရောက်ခဲ့ပြီး စစ်ရေးစီမံခန့်ခွဲမှုများကို ကိုင်တိုင်ကိုင်တွယ်ခဲ့တဲ့ဝန်ကြီးတစ်ဦးလည်းဖြစ်ပါတယ်။ ၎င်းဟာ တစ်ဖက်သတ်စစ်ဆင်ရေးသာမက၊ မြေမြှုပ်မိုင်းဖယ်ရှားရေး စတဲ့ကိစ္စများကို အဆင်ပြေချောမွေ့အောင်လုပ်ဆောင်ခဲ့သူလည်းဖြစ်ပါတယ်။ နက်ဖာနစ်ဟာ ထိုင်းကာကွယ်ရေးဝန်ကြီးအဖြစ်တာဝန်ယူပြီးနောက် နယ်စပ်ဒေသမှာ တပ်ဖွဲ့ဝင်များကို တိုက်ရိုက်တွေ့ဆုံဆွေးနွေးပြီး စစ်ရေးစစ်ဆင်ရေး မျှော်မှန်းချက်များ ပြန်လည်သတ်မှတ်ပေးခြင်း — သာမန် “မိသားစု” ပုံစံနဲ့ စစ်သည်များကို စိတ်ခွန်အားတက်ကြွစေဖို့ ဖန်တီးလုပ်ဆောင်ပေးခဲ့တဲ့ စစ် ခေါင်းဆောင်တစ်ဦးလည်းဖြစ်ပါတယ်။ ၎င်းရဲ့အားသာချက်များထဲမှာ စစ်ရေးနှင့် နယ်စပ်စည်းမျဉ်းများ စနစ်တကျ ထိန်းသိမ်းနိုင်ခြင်းမူဝါဒတစ်ခုတည်းကို ပုံသေသတ်မှတ်လုပ်ဆောင်တာမျိုးမရှိဘဲ ဆွေးနွေး ညှိနှိုင်းမှုနဲ့ နိုင်ငံကာကွယ်ရေးလုပ်ငန်းများကိုဟန်ချက်ညီအောင် ကိုင်တွယ်နိုင်စွမ်းရှိသူလည်းဖြစ်ပါ တယ်။
နက်ဖာနစ်ဟာ ထိုင်းကာကွယ်ရေးဝန်ကြီးအဖြစ်တာဝန်ယူပြီးနောက် စစ်ရေး နဲ့ နယ်စပ်စီမံ ခန့်ခွဲမှု မူဝါဒကို အားပေးထောက်ခံသလို၊ တချို့အချိန်တွေမှာတော့ “တင်းကြပ်ခိုင်မာတဲ့ လုံခြုံရေး အခြေအနေ” ကို ဦးစားပေးဆောင်ရွက်သူတစ်ဦးအဖြစ် သတ်မှတ်ပြောဆိုခြင်းခံနေရသူလည်းဖြစ်ပါ တယ်။ လက်ရှိဖြစ်ပွားနေတဲ့ ထိုင်းစစ်တပ်ဟာ တိုက်လေယာဉ်များ၊ ၁၀၅ မမ အမြှောက်များ၊ ၁၅၅ မမ အမြှောက်ကြီးများအသုံးပြုပြီး ကမ္ဘောဒီးယားစစ်သားများကို ချေမှုန်းလျက်ရှိနေရာ ထိုင်းကာကွယ်ရေး ဝန်ကြီးဟာနိုင်ငံကာကွယ်ရေးအတွက် ရန်သူကိုအမြစ်ပြတ်ချိုးနှိမ်အောင်ပွဲခံလိုစိတ်အပြည့်ရှိသူဖြစ် တယ်လို့ ဆိုနိုင်ပါတယ်။ ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံကြားဖြစ်ပွားလျက်ရှိနေတဲ့ စစ်ပွဲဟာ ဇူလိုင်လ အတွင်းဖြစ်ပွားချိန်တုန်းက ရက်ပိုင်းအတွင်းသာ အဆုံးသတ်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံကြား စစ်ပွဲဖြစ်ပွားမှုအချိန်ပိုကြာဖွယ်ရှိနေပါတယ်။ ဒီစစ်ပွဲမှာ ထိုင်းစစ်တပ်က ကမ္ဘောဒီးယားစစ်တပ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် အစစအရာ သာလွန်လျက်ရှိနေသလိုထိုင်းကာကွယ်ရေး ဝန်ကြီး နက်သာပေါင် နက်ဖာနစ်ကလည်း နိုင်ငံအတွက် ရန်သူအပေါ် အနိုင်မခံအရှုံးမပေး စိတ်ဓာတ် အပြည့်ရှိသူဖြစ်တဲ့အတွက် စစ်ပွဲက ပိုမိုကြာနိုင်ဖွယ်ရှိနေပါတယ်။မည်သို့ပင်ဆိုနေစေကာမှု ဒီဇင်ဘာ(၇) ရက်နေ့မှာ တစ်ကျော့ပြန်စတင်ခဲ့တဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယားစစ်ပွဲမှာ ထိုင်းကာကွယ်ရေးဝန်ကြီး အသစ် ရဲ့စွမ်းဆောင်ရည်ပိုင်း ဘယ်လောက်အထိ ကောင်းမွန်မလဲဆိုတာကိုစောင့်ကြည့်ရမှာလည်း ဖြစ်ပါ တယ်။ ၎င်းဟာ ကာကွယ်ရေးဝန်ကြီးအဖြစ်တာဝန်ယူထားတဲ့နိုင်ငံပိုင်နက် နဲ့ ပြည်သူများကို ကာကွယ် နိုင်အောင် ကမ္ဘောဒီးယားစစ်သားများနဲ့ ရင်ဆိုင်နေရတဲ့ ပြည်ပစစ်ပွဲမှာ ခပ်မာမာ တုံ့ပြန်တိုက်ခိုက်မှာ လားဆိုတာ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Zawgyi Version:
ကေမာၻဒီးယားနဲ႔ ျဖစ္ပြားေနတဲ့ စစ္ပြဲမွာ ထိုင္းစစ္တပ္ကို အဓိကတာဝန္ယူမယ့္ ထိုင္းကာကြယ္ေရး ဝန္ႀကီးအေၾကာင္း တစ္ေစ့တစ္ေစာင္း
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၁၆
ထိုင္း နဲ႔ ကေမာၻဒီးယားႏိုင္ငံတို႔ဟာ နယ္စပ္ေဒသမွာပိုင္နက္နယ္ေျမအျငင္းပြားမႈမ်ားမွတဆင့္ ဒီဇင္ဘာ (၈) ရက္ေန႔မွာတစ္ေက်ာ့ျပန္စစ္ပြဲျဖစ္ပြားလ်က္ရွိေနပါတယ္။ ထိုင္း နဲ႔ ကေမာၻဒီးယားႏိုင္ငံတို႔ ဟာ ၿပီးခဲ့တဲ့ ဇူလိုင္လတုန္းကလည္း နယ္စပ္ေဒသမွာ ပိုင္နက္နယ္ေျမအျငင္းပြားရာကတဆင့္ တိုက္ပြဲ မ်ားျဖစ္လာခဲ့ၿပီး အေမရိကန္သမၼတ ေဒၚနယ္ထရမ့္နဲ႔ မေလးရွားဝန္ႀကီးခ်ဳပ္ အန္ဝါ အီဘရာဟင္တို႔
ၾကားဝင္ေစ့စပ္မႈမ်ားေၾကာင့္ အပစ္ခတ္ရပ္စဲေရး ရယူႏိုင္ခဲ့ေပမယ့္ အျငင္းပြားမႈမ်ား၊ အျပန္ အလွန္ စြပ္စြဲေဝဖန္မႈမ်ား ထပ္မံျဖစ္လာခဲ့ၿပီး ဒီဇင္ဘာ ၇ရက္ေန႔မွာတစ္ေက်ာ့ျပန္တိုက္ပြဲမ်ား ထပ္မံျဖစ္ လာခဲ့တာျဖစ္ပါတယ္။ ထိုင္းကာကြယ္ေရးဝန္ႀကီးဟာတိုက္ပြဲမ်ားျဖစ္လာခဲ့ၿပီးေနာက္ အျငင္းပြားလ်က္ရွိ ေနတဲ့ နယ္စပ္ေဒသကို ကိုယ္တိုင္သြားေရာက္ခဲ့ပါတယ္။ ထိုင္း ဝန္ႀကီးခ်ဳပ္ကလည္း ထိုင္းႏိုင္ငံရဲ႕ ပိုင္ နက္နဲ႔ ႏိုင္ငံသားမ်ားကို ကာကြယ္ႏိုင္ေအာင္ စစ္ပြဲကိုရပ္တန႔္မႈ မရွိဘဲကေမာၻဒီးယားႏိုင္ငံအေပၚ စစ္ဆင္ ေရးမ်ားဆက္လက္လုပ္ကိုသြားမယ္လို႔ ေျပာဆိုထားပါတယ္။ ကေမာၻဒီးယားအစိုးရကလည္း အမိေျမကို က်ဴးေက်ာ္တိုက္ခိုက္ခဲ့တဲ့ ထိုင္းစစ္သားမ်ားကို တုံ႔ျပန္တိုက္ခိုက္သြားမယ္လို႔ သတင္းထုတ္ျပန္ထားၿပီး အတြဲလိုက္ဒုံးက်ည္မ်ားနဲ႔ တိုက္ခိုက္ျခင္းမ်ားလုပ္ေဆာင္ခဲ့ပါတယ္။ ထိုင္း စစ္တပ္ကလည္းအျငင္းပြား လ်က္ရွိေနတဲ့နယ္စပ္ေဒသရွိ ကေမာၻဒီးယားစစ္အေျခစိုက္စခန္းမ်ားကို ပစ္မွတ္ထားၿပီး တိုက္ခိုက္လ်က္ ရွိေနဆဲျဖစ္ပါတယ္။ ကေမာၻဒီးယားနဲ ျဖစ္ပြားလ်က္ရွိေနတဲ့ စစ္ပြဲအတြင္း
ထိုင္းႏိုင္ငံအႏိုင္ရဖို႔အတြက္ ထိုင္းကာကြယ္ေရးဝန္ႀကီးက အဓိကအေရးပါတဲ့ေနရာမွာပါဝင္ေန ၿပီး ၎ဟာ ဘယ္ေလာက္အထိ စြမ္းေဆာင္ရည္ပိုင္းေကာင္းမြန္မလဲဆိုတဲ့ ေစာင့္ၾကည့္ရမွာလည္း ျဖစ္ပါ တယ္။ ထိုင္းကာကြယ္ေရးဝန္ႀကီး နက္သာေပါင္ နက္ဖာနစ္ကို (၁၉၆၁) ခုႏွစ္မွာ ေမြးဖြားခဲ့ၿပီး ထိုင္း ႏိုင္ငံေရးသမားတစ္ဦးျဖစ္သလို အၿငိမ္းစား တပ္မေတာ္အရာရွိႀကီးတစ္ဦးလည္း ျဖစ္ပါတယ္။ ၎ဟာ ဝန္ႀကီးခ်ဳပ္ေဟာင္း ပရာယြတ္ခ်န္အိုခ်ာ လက္ထက္မွာ ထိုင္းႏိုင္ငံရဲ႕လုံၿခဳံေရး စီမံခန႔္ခြဲမႈမ်ားအတြက္ အသိမွတ္ျပဳခံခဲ့ရသူတစ္ဦးျဖစ္ပါတယ္။ နက္သာေပါင္ နက္ဖာနစ္ကိုဟာ ထိုင္းစစ္တပ္ရဲ႕ အကယ္ဒမီ ကေန ဘြဲ႕ရရွိခဲ့ၿပီး ထိုင္း Chulachomklao Royal Military Academy ကိုလည္းတက္ေရာက္သင္ယူခဲ့သူ ျဖစ္ပါတယ္။ ဒါ့အျပင္ ၎ဟာ ထိုင္းစစ္တပ္ရဲ႕ ကာကြယ္ေရးေကာလိပ္ နဲ႔ ထိုင္းစစ္တပ္ရဲ႕အမိန႔္ေပး ၫႊန္ ၾကားမႈ ေကာလိပ္ေတြကိုတက္ရာက္ခဲ့သူျဖစ္ပါတယ္။နက္သာေပါင္ဟာထိုင္း စစ္တပ္ရဲ႕ တပ္ရင္း၊ တပ္ဖြဲ႕ အမ်ားအျပားမွာ တာဝန္ထမ္းေဆာင္ခဲ့ဖူးၿပီး ထိုင္းစစ္ရဲ႕ ေတာ္ဝင္ ေကာလိပ္၊ ထိုင္းစစ္တပ္ရဲ႕အမိန႔္ေပး ၫႊန္ၾကားမႈ ေကာလိပ္ေတြမွာညလည္း သင္တန္းနည္းျပ ဆရာအျဖစ္တာဝန္ထမ္းေဆာင္ခဲ့ဖူးသူလည္း ျဖစ္ပါတယ္ ။ နက္သာေပါင္ နက္ဖာနစ္ဟာ (၂၀၁၅) ခုႏွစ္မွာ ထိုင္းစစ္တပ္ရဲ႕ စစ္ဆင္ေရးၫႊန္ၾကားမႈ ဌာနမွာ ၫြန္ၾကားေရးမႉးတာဝန္ထမ္းေဆာင္ခဲ့ဖူးသလို (၂၀၁၆) ခုႏွစ္မွာ ထိုင္းစစ္တပ္ရဲ႕
ဒုတိယအႀကီးအကဲအျဖစ္ခန႔္အပ္ခံခဲ့ရသူျဖစ္ပါတယ္။ ၎ဟာ ထိုင္းႏိုင္ငံ နဲ႔ပတ္သက္ၿပီး ျဖစ္ လာႏိုင္မယ့္ ၿခိမ္းေျခာက္မႈအမ်ိဳးမ်ိဳးကို ကိုင္တြယ္ေျဖရွင္းႏိုင္ေအာင္လုပ္ေဆာင္ဖို႔အတြက္ ထိုင္း အမ်ိဳး အသားလုံၿခဳံေရး ေကာင္စီကိုအဓိက ဖြံ႕ၿဖိဳးတိုးတက္ေအာင္ ႀကိဳးပမ္းလုပ္ေဆာင္ခဲ့သူလည္းျဖစ္ပါတယ္။ နက္သာေပါင္ နက္ဖာနစ္ဟာ ထိုင္းစစ္တပ္ကေန အဆင့္ျမင့္အရာရွိႀကီး ရာထူးအမ်ိဳးမ်ိဳးကိုတာဝန္ယူၿပီး ေနာက္ အနားယူခဲ့ခ်ိန္မွာလည္းထိုင္းဝန္ႀကီးခ်ဳပ္ ပရာယြတ္ခ်န္အိုခ်ာ ရဲ႕အႀကံေပးအျဖစ္ခန႔္အပ္တာဝန္ ေပးခံရသူလည္းျဖစ္ပါတယ္။ ၎ဟာ (၂၀၂၃) ခုႏွစ္စက္တင္ဘာလမွာ ထိုင္းကာကြယ္ေရးဝန္ႀကီး ဆူတင္ ကလန္ဆန္ရဲ႕ အနီးကပ္အႀကံေပးအျဖစ္ခန႔္အပ္ခံရၿပီး ဝန္ႀကီးခ်ဳပ္ ေပထုံတန္ရွ္နာဝါထရာ ဦးေဆာင္တဲ့ ထိုင္းအစိုးရအဖြဲ႕မွာလည္း ကာကြယ္ေရးဝန္ႀကီးဌာနရဲ႕ဒုတိယဝန္ႀကီးအျဖစ္ထပ္မံခန႔္အပ္ခံခဲ့ရသူျဖစ္ပါ တယ္။ နက္သာေပါင္ နက္ဖာနစ္ဟာ ထိုင္းနဲ႔ ကေမာၻဒီးယားႏိုင္ငံၾကားျဖစ္ပြားခဲ့တဲ့ စစ္ပြဲကို ေျဖရွင္းႏိုင္ ေအာင္ ႀကိဳးပမ္းရာမွာအဓိကအခန္းက႑က ဦးေဆာင္ပါဝင္ခဲ့သူလည္းျဖစ္ပါတယ္။ ၎ဟာ ဇူလိုင္လ တုန္းက ထိုင္းနဲ႔ ကေမာၻဒီးယားႏိုင္ငံၾကား အျပန္အလွန္ပစ္ခတ္တိုက္ခိုက္ခဲ့တဲ့ စစ္ပြဲျဖစ္ပြားခ်ိန္မွာ အျငင္းပြားမႈမ်ားကို ေျဖရွင္းႏိုင္ေအာင္ အျပန္အလွန္ ေစ့စပ္ေဆြးေႏြးရာမွာ အဓိကဦးေဆာင္ခဲ့သူလည္း ျဖစ္ပါတယ္။ ထိုင္းႏိုင္ငံမွာ ဝန္ႀကီးခ်ဳပ္အေျပာင္းအလဲျဖစ္လာခဲ့ၿပီးေနာက္ပိုင္း အႏုတင္ ဝန္ႀကီးခ်ဳပ္ျဖစ္ လာခ်ိန္မွာ နက္သာေပါင္ နက္ဖာနစ္ဟာ (၂၀၂၅) ခုႏွစ္ စက္တင္ဘာလအတြင္းမွာ ထိုင္းကာကြယ္ေရးဝန္ ႀကီးအျဖစ္ ခန႔္အပ္ခဲ့ရသူျဖစ္ပါတယ္။ ထိုင္းနဲ႔ ကေမာၻဒီးယားႏိုင္ငံၾကား ဒီဇင္ဘာ (၈) ရက္ေန႔မွာတိုက္ပြဲ မ်ားျဖစ္လာခဲ့ၿပီးေနာက္ပိုင္း ထိုင္းကာကြယ္ေရးဝန္ႀကီးကႏိုင္ငံတကာ ဥပေဒမ်ားအတိုင္း ကိုယ္ႏိုင္ငံ ကိုယ္ကို ကာကြယ္သြားမွာျဖစ္သလို ထိုင္းျပည္သူမ်ား၊ စစ္သားမ်ားနဲ႔ ႏိုင္ငံပိုင္နက္မ်ားကို ကာကြယ္ႏိုင္ ေအာင္ ထိုင္းစစ္တပ္ကို လုပ္ပိုင္ခြင့္အျပည့္အ၀ ေပးထားတယ္လို႔ ေျပာပါတယ္။ ထိုင္းစစ္တပ္အေနနဲ႔ နယ္စပ္ေဒသတည္ၿငိမ္ေရးနဲ႔ ရန္လိုမႈမ်ားကို တုံ႔ျပန္တိုက္ခိုက္သြားဖို႔ အဆင့္သင့္ရွိေနတယ္လို႔ ထိုင္းကာ ကြယ္ေရးဝန္ႀကီး က ေျပာပါတယ္။ထိုင္းကာကြယ္ေရးဝန္ႀကီး နက္ဖာနစ္က ထိုင္းစစ္တပ္ဟာ လက္ရွိ အခ်ိန္မွာ ထိုင္းႏိုင္ငံနဲ႔ ျပည္သူမ်ားကို ကာကြယ္ေပးဖို႔အျပည့္အ၀ ျပင္ဆင္ထားသလို ထိုင္းျပည္သူမ်ား အေနနဲ႔လည္း ေရွ႕တန္းစစ္မ်က္မွာျပင္ရွိ ထိုင္းစစ္သားမ်ားေနာက္ကေန အျပည့္အ၀ အားေပးေထာက္ခံ ရပ္တည္ရမယ္လို႔ တိုက္တြန္း ေတာင္းဆိုထားပါတယ္။နက္ဖာနစ္က ၂၀၂၅ ခုႏွစ္ႏိုဝင္ဘာလအတြင္းမွာ အျငင္းပြားလ်က္ရွိေနတဲ့နယ္စပ္ေဒသမ်ားကို ကိုယ္တိုင္သြားေရာက္ခဲ့ၿပီး စစ္ေရးစီမံခန႔္ခြဲမႈမ်ားကို ကိုင္တိုင္ကိုင္တြယ္ခဲ့တဲ့ဝန္ႀကီးတစ္ဦးလည္းျဖစ္ပါတယ္။ ၎ဟာ တစ္ဖက္သတ္စစ္ဆင္ေရးသာမက၊ ေျမျမႇဳပ္မိုင္းဖယ္ရွားေရး စတဲ့ကိစၥမ်ားကို အဆင္ေျပေခ်ာေမြ႕ေအာင္လုပ္ေဆာင္ခဲ့သူလည္းျဖစ္ပါတယ္။ နက္ဖာနစ္ဟာ ထိုင္းကာကြယ္ေရးဝန္ႀကီးအျဖစ္တာဝန္ယူၿပီးေနာက္ နယ္စပ္ေဒသမွာ တပ္ဖြဲ႕ဝင္မ်ားကို တိုက္႐ိုက္ေတြ႕ဆုံေဆြးေႏြးၿပီး စစ္ေရးစစ္ဆင္ေရး ေမွ်ာ္မွန္းခ်က္မ်ား ျပန္လည္သတ္မွတ္ေပးျခင္း — သာမန္ “မိသားစု” ပုံစံနဲ႔ စစ္သည္မ်ားကို စိတ္ခြန္အားတက္ႂကြေစဖို႔ ဖန္တီးလုပ္ေဆာင္ေပးခဲ့တဲ့ စစ္ ေခါင္းေဆာင္တစ္ဦးလည္းျဖစ္ပါတယ္။ ၎ရဲ႕အားသာခ်က္မ်ားထဲမွာ စစ္ေရးႏွင့္ နယ္စပ္စည္းမ်ဥ္းမ်ား စနစ္တက် ထိန္းသိမ္းႏိုင္ျခင္းမူဝါဒတစ္ခုတည္းကို ပုံေသသတ္မွတ္လုပ္ေဆာင္တာမ်ိဳးမရွိဘဲ ေဆြးေႏြး ညႇိႏႈိင္းမႈနဲ႔ ႏိုင္ငံကာကြယ္ေရးလုပ္ငန္းမ်ားကိုဟန္ခ်က္ညီေအာင္ ကိုင္တြယ္ႏိုင္စြမ္းရွိသူလည္းျဖစ္ပါ တယ္။
နက္ဖာနစ္ဟာ ထိုင္းကာကြယ္ေရးဝန္ႀကီးအျဖစ္တာဝန္ယူၿပီးေနာက္ စစ္ေရး နဲ႔ နယ္စပ္စီမံ ခန႔္ခြဲမႈ မူဝါဒကို အားေပးေထာက္ခံသလို၊ တခ်ိဳ႕အခ်ိန္ေတြမွာေတာ့ “တင္းၾကပ္ခိုင္မာတဲ့ လုံၿခဳံေရး အေျခအေန” ကို ဦးစားေပးေဆာင္႐ြက္သူတစ္ဦးအျဖစ္ သတ္မွတ္ေျပာဆိုျခင္းခံေနရသူလည္းျဖစ္ပါ တယ္။ လက္ရွိျဖစ္ပြားေနတဲ့ ထိုင္းစစ္တပ္ဟာ တိုက္ေလယာဥ္မ်ား၊ ၁၀၅ မမ အေျမႇာက္မ်ား၊ ၁၅၅ မမ အေျမႇာက္ႀကီးမ်ားအသုံးျပဳၿပီး ကေမာၻဒီးယားစစ္သားမ်ားကို ေခ်မႈန္းလ်က္ရွိေနရာ ထိုင္းကာကြယ္ေရး ဝန္ႀကီးဟာႏိုင္ငံကာကြယ္ေရးအတြက္ ရန္သူကိုအျမစ္ျပတ္ခ်ိဳးႏွိမ္ေအာင္ပြဲခံလိုစိတ္အျပည့္ရွိသူျဖစ္ တယ္လို႔ ဆိုႏိုင္ပါတယ္။ ထိုင္းနဲ႔ ကေမာၻဒီးယားႏိုင္ငံၾကားျဖစ္ပြားလ်က္ရွိေနတဲ့ စစ္ပြဲဟာ ဇူလိုင္လ အတြင္းျဖစ္ပြားခ်ိန္တုန္းက ရက္ပိုင္းအတြင္းသာ အဆုံးသတ္ခဲ့ေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ ထိုင္းနဲ႔ ကေမာၻဒီးယားႏိုင္ငံၾကား စစ္ပြဲျဖစ္ပြားမႈအခ်ိန္ပိုၾကာဖြယ္ရွိေနပါတယ္။ ဒီစစ္ပြဲမွာ ထိုင္းစစ္တပ္က ကေမာၻဒီးယားစစ္တပ္နဲ႔ ႏႈိင္းယွဥ္မယ္ဆိုရင္ အစစအရာ သာလြန္လ်က္ရွိေနသလိုထိုင္းကာကြယ္ေရး ဝန္ႀကီး နက္သာေပါင္ နက္ဖာနစ္ကလည္း ႏိုင္ငံအတြက္ ရန္သူအေပၚ အႏိုင္မခံအရႈံးမေပး စိတ္ဓာတ္ အျပည့္ရွိသူျဖစ္တဲ့အတြက္ စစ္ပြဲက ပိုမိုၾကာႏိုင္ဖြယ္ရွိေနပါတယ္။မည္သို႔ပင္ဆိုေနေစကာမႈ ဒီဇင္ဘာ(၇) ရက္ေန႔မွာ တစ္ေက်ာ့ျပန္စတင္ခဲ့တဲ့ ထိုင္းနဲ႔ ကေမာၻဒီးယားစစ္ပြဲမွာ ထိုင္းကာကြယ္ေရးဝန္ႀကီး အသစ္ ရဲ႕စြမ္းေဆာင္ရည္ပိုင္း ဘယ္ေလာက္အထိ ေကာင္းမြန္မလဲဆိုတာကိုေစာင့္ၾကည့္ရမွာလည္း ျဖစ္ပါ တယ္။ ၎ဟာ ကာကြယ္ေရးဝန္ႀကီးအျဖစ္တာဝန္ယူထားတဲ့ႏိုင္ငံပိုင္နက္ နဲ႔ ျပည္သူမ်ားကို ကာကြယ္ ႏိုင္ေအာင္ ကေမာၻဒီးယားစစ္သားမ်ားနဲ႔ ရင္ဆိုင္ေနရတဲ့ ျပည္ပစစ္ပြဲမွာ ခပ္မာမာ တုံ႔ျပန္တိုက္ခိုက္မွာ လားဆိုတာ စိတ္ဝင္စားဖြယ္ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။