ဂျပန်နိုင်ငံက မြန်မာနိုင်ငံအပေါ် လူသားချင်းဆိုင်ရာအကူအညီအဖြစ် ကန်ဒေါ်လာ (၆) သန်းခန့် ထောက်ပံ့
735
ဂျန်ဇက် (NP News) - ဇူလိုင် ၁၄
ဂျပန်နိုင်ငံအနေဖြင့် အာဏာသိမ်းမှုနောက်ပိုင်းအစားအစာနှင့်နေ့စဉ်လိုအပ်ချက်များရှိနေသည့် မြန်မာနိုင်ငံအပေါ် လူသားချင်းဆိုင်ရာအကူညီပေးမှုအဖြစ်အမေရိကန်ဒေါ်လာ ၅ ဒသမ ၈သန်း ကူညီထောက်ပံ့ပေးသွားမည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးတိုရှိမစ်ဆုမိုတီဂီကပြောသည်။
ဂျပန်နိုင်ငံကပေးမည့် လူသားချင်းဆိုင်ရာအကူညီများကို ကမ္ဘာစားနပ်ရိက္ခာအဖွဲ့၊ ကလေးငယ်များရန်ပုံငွေအဖွဲ့စသည့် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများမှ တစ်ဆင့် ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အ ဆိုပါ အကူအညီသည် ထိုင်းနယ်စပ်အနီးမြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသရှိအခက်အခဲဖြစ်နေသည့် လူပေါင်း ၁၃၆ဝဝဝဝ အတွက်အထောက်ပံ့များစွာဖြစ်စေနိုင်ကြောင်း သိရသည်။
ဂျပန်နိုင်ငံသည် ယခင်က ရန်ကုန်မြို့ရှိလူပေါင်း(၆)သိန်းအတွက်အစားစာကူညီပေးနိုင်ရန် ကမ္ဘာစားနပ်ရိက္ခာအဖွဲ့အစည်းမှ တဆင့် အမေရိကန် ဒေါ်လာ ၄သန်း ကနဦး လှူဒါန်းထားကြောင်းသိရသည်။ မြန်မာနိုင်ငံတွင် အာ ဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဂျပန်အစိုးရသည် လက်ရှိအချိန်အထိ မြန်မာနိုင်ငံအတွက်လူသားချင်းဆိုင်ရာအကူညီအဖြစ်အမေရိကန်ဒေါ်လာသန်း၂ဝကူညီပေးထားကြောင်းဂျပန်သတင်းများအရသိရသည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီးက"ဂျပန်အစိုးရဟာမြန်မာပြည်သူတွေအတွက်လူသားချင်းဆိုင်ရာအကူညီတွေ ဆက် လက်ပေးသွားမှာပါ" ဟု ပြောသည်။
ဂျပန်အစိုးရက ငြိမ်းချမ်းစွာဆန္ဒပြသူများအား စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များ ဖြိုခွင်းမှုအပေါ်ပြစ်တင်ရှုတ် ချခဲ့ပြီး အကြမ်းဖက်မှုများရပ်တန့်ရန် နှင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင်ဖမ်းဆီးထားသူအားလုံးကိုပြန်လွှတ် ပေးရန်တောင်းဆိုထားကြောင်းသိရသည်။ ထို့ပြင်ဂျပန်အစိုးရက စစ်ကောင်စီအနေဖြင့် ဒီမိုကရေစီ လုပ်ငန်းများ ပြန်လည်လုပ်ကိုင်ရန် တိုက်တွန်းတောင်းဆိုထားကြောင်းသိရသည်။ ဂျပန်အစိုးရအနေဖြင့် အမေရိကန်နှင့် မဟာမတ်နိုင်ငံများကမြန်မာနိုင်ငံအပေါ်ပိတ်ဆို့မှုများချမှတ်နေခြင်းကိုစောင့်ကြည့်နေပြီး အခြားတစ်ဖက်တွင် အာဏသိမ်းမှုကို တုံ့ပြန်မှုအဖြစ်လူသားချင်းဆိုင်ရာအကူညီများ ဆက်လက်ပေးနေဆဲဖြစ်ကြောင်း သိရသည်။
#NPNews