တောင်ကိုရီးယားအစိုးရက အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံရှိ တောင်ကိုရီးယားနိုင်ငံသားများအတွက် အောက်စီဂျင်အိုးများ ပေးပို့

 989

ဂျန်ဇက်(NP News) - ဇူလိုင် ၁၇

တောင်ကိုရီးယားအစိုးရက အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံရှိ တောင်ကိုရီးယားနိုင်ငံသားများအတွက် အောက်စီဂျင်အိုးများ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုများ မြင့်တက်လျက်ရှိသဖြင့် မြန်မာနိုင်ငံတွင်နေထိုင်သော တောင်ကိုရီးယားလူမျိုးများသည် ယင်းတို့၏ အစိုးရထံသို့ အကူအညီများတောင်းခဲ့ကြရာ တောင်ကိုရီးယား အစိုးရမှ ယင်းနိုင်ငံသားများအတွက် FaceMask နှင့် COVID-19 testkits များ ပေးပို့ ကူညီခဲ့ကြောင်း သိရသည်။

ယင်းအပြင် တောင်ကိုရီးယားအစိုးရအနေဖြင့် မြန်မာရှိ တောင်ကိုရီးယားနိုင်ငံသားများအတွက် အောက်စီဂျင် ၂၆ Generators ပေးပို့သွားမည်ဖြစ်ပြီး လာမည့် ဇူလိုင်လ ၂ဝ ရက်တွင် စတင်ပေးပို့သွားမည်ဖြစ်ကြောင်း သိရ သည်။
မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါ ကူးစက်ခံရမှုအရေအတွက်သည် ယခု ဇူလိုင်လပိုင်းအတွင်း တိုးမြှင့်လျက်ရှိပြီး၊ အောက်စီဂျင်ပြတ်လတ်မှုပြဿနာများနှင့် ရင်ဆိုင်ကြုံတွေ့နေကြသဖြင့် သေဆုံးမှု ဦးရေသည် နေ့စဉ် ၁ဝဝ ကျော်အထက်တွင် ရှိနေပြီဖြစ်သည်။

တောင်ကိုရီးယားအစိုးရသည် မြန်မာနိုင်ငံအပြင် အင်ဒိုနီးရှားနိုင်ငံကိုလည်း လူသားချင်းဆိုင်ရာအကူညီပေးမှု အစိတ်အပိုင်းအဖြစ် အောက်ဆီဂျင် Generators များအပါအဝင် Quarantine စင်တာများအတွက် အမေရိကန် ဒေါ်လာသန်းချီ ကူညီပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာစစ်အစိုးရအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမြင့်တက်မှုများကို လျော့ချနိုင်ရန် ကိုဗစ်စည်းကမ်း ချက်များ ကို ချမှတ်ဆောင်ရွက်လျက်ရှိသည်ကို မြင်တွေ့ရသော်လည်း လက်တွေ့တွင် ထိရောက်မှု အားနည်နေသည်ကို တွေ့မြင်ရသည်။

စစ်ကောင်စီသည် ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံတို့ထံမှ ကိုဗစ်ရောဂါ ကာကွယ်ဆေးများကို ပြည်တွင်းလုံေ လာက်မှုရှိစေရန် မှာယူရန် ကြိုးစားဆောင်ရွက်နေကြောင်း သိရသည်။
#NPNews

Related news

© 2021. All rights reserved.