ကိုဗစ်ရောဂါ ခံစားနေရတဲ့ အဆိုတော် ယုန်လေးမှ အကူအညီတောင်းခံ

 3655

NP News - ဇူလိုင် ၂၂
ကိုဗစ်ရောဂါဝေဒနာကို ခံစားနေရတဲ့ အဆိုတော် ယုန်လေးဟာ အိမ်တိုင်ရာရောက်ကြွပြီး ကြည့်ပေးမယ့် ဆရာဝန်၊ သူနာပြုများ ရှိရင် လမ်းညွှန်ပေးစေချင်ပါတယ်လို့ ဇူလိုင်လ ၂၂ ရက် နံနက်အစောပိုင်းက သူ့ရဲ့ဖေ့ ဘွတ်စ်အကောင့်ကနေတဆင့် အကူအညီတောင်းခဲ့တာဖြစ်ပါတယ်။

အဆိုတော် ယုန်လေးဟာ ပြီးခဲ့တဲ့ ရက်ပိုင်း အောက်စီဂျင်အရေးပေါ်လိုနေတဲ့ လူနာအတွက် အောက်စီဂျင်ရှာပေးရင်းနဲ့ ကိုဗစ်ကူးစက်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

“မအိပ်သေးတဲ့ ဆရာဝန်များရှိရင် လမ်းညွန် စေချင်ပါတယ်။ ဆေးရုံတွေက တက်လို့မရဘူးလည်းကြားတယ်။
သူနာပြု ဌားရင်ရော ဘယ်လိုဌားရပါမလဲ။ လမ်းညွန်ပေးစေချင်ပါတယ်” လို့ ရေးသားဖော်ပြခဲ့တာပါ။

သူ့အနေနဲ့ ဇူလိုင်လ ၁၅ ရက်၊ ၁၆ ရက်နေ့ ညပိုင်းတွေမှာ အောက်စီဂျင်အရေးပေါ်လိုတဲ့ လူနာများအတွက် ဝိုင်းကူရှာပေးခဲ့ရင်း ဇူလိုင်လ ၁၇ ရက်နေ့မှာ စတင်ဖျားခဲ့ပြီး ၁၈ ရက်နေ့မှာ အနံ့ပျောက်သွားခဲ့တယ်လို့ ဆိုပါတယ်။

သူ့မှာ အဖျားက မရှိတော့ပေမယ့် အောက်စီဂျင်လည်း ကျလိုက်၊ တက်လိုက်ဖြစ်နေသလို ခေါင်းအရမ်းမူး နေတာကြောင့် အိမ်တိုင်ရာရောက် ကြည့်ရှုစောင့်ရှောက်ပေးမယ့်သူကို လမ်းညွှန်ပေးစေလိုတယ်လို့ ရေးသားထားပါတယ်။
#NPNews

Related news

© 2021. All rights reserved.