အမေရိကန် Tennessee ပြည်နယ်တွင် ရေကြီးမှုများကြောင့် အနည်းဆုံးလူ (၂ဝ) ကျော်သေဆုံး

 659

ဂျန်ဇက် (NP News) - သြဂုတ် ၂၃
အမေရိကန်နိုင်ငံ Tennessee ပြည်နယ်တောင်ပိုင်းတွင် သြဂုတ်လ (၂၁) ရက်ကဖြစ်ပွားခဲ့သည့် ရေကြီးမှုများကြောင့် အနည်းဆုံးလူ (၂၁) ဦးသေဆုံးခဲ့ပြီး လူဒါဇင်ချီပျောက်ဆုံးလျက်ရှိနေကြောင်း ဒေသအတွင်းအာဏာပိုင်များက သြဂုတ်လ (၂၂) ရက်တွင်ပြောသည်။

Tennessee ပြည်နယ်တွင် ဖြစ်ခဲ့သည့် မုန်တိုင်းတိုက်ခတ်မှုနှင့်ရေကြီးမှုများသည် ပြည်နယ်အတွင်း သမိုင်းဝင်ရေ ကြီးမှုဖြစ်ခဲ့ပြီး ရေကြီးမှုများကြောင့် မိုးရေချိန် (၃၈) စင်တင်မီတာအထိ မြင့်တက်လာခဲ့ကြောင်း မိုးလေဝသတာ ဝန်ရှိသူများကပြောသည်။

လမ်းများ၊ အမြန်လမ်းများ နှင့် တံတားများရေကြီးမှုဒဏ်တွေ့ကြုံခံစားရပြီး ရေကြီးမှုများကြောင့် ပြည်နယ်အတွင်းရှိလူထောင်ချီ လျှပ်စစ်မီးပြတ်တောက်မှုများနှင့် ရင်ဆိုင်ခဲ့ရကြောင်းသိရသည်။ သေဆုံးသူအများစုသည် Humphreys County မှဖြစ်ကြောင်း ၊ အဆိုပါရေကြီးမှုများကြောင့်လူပေါင်း (၄၀) ပျောက်ဆုံးနေပြီး ပျောက်ဆုံးသူစာရင်းကို မကြာမီစာရင်းအတိကျရရှိမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့အကြီးအကဲ GrantGillespie ကသတင်းစာရှင်း လင်းပွဲတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

ဒေသခံများက ဟာရီကိန်း သို့မဟုတ် တော်နေးဒိုးမုန်းတိုင်းတိုက်ခတ်သကဲ့သို့ ပြင်းထန်သည့် လေတိုက်မှုဖြစ်ပေါ်ခဲ့ပြီးနောက်မကြာမီ မိုးသည်းစွာရွာသွန်းခဲ့ပြီး ရေကြီးမှုများဖြစ်ခဲ့ရာ လူအချို့ ထွက်ပြေးလွှတ်မြောက်ရန် အခက်အခဲများဖြစ်ခဲ့ရကြောင်း သိရသည်။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နေဆဲဖြစ်ပြီး ကယ်ဆယ်ရေးသမားများက ရေကြီးသည့်အရပ်ဒေသတွင် တစ်အိမ်တက်တစ်အိမ်ဆင်းကာလိုအပ်သည့် အကူညီများပေးနိုင်ရန် ကြိုးပမ်းနေကြောင်းသိရသည်။ ပျောက်ဆုံးနေသူများထဲတွင် ကလေးငယများပါဝင်ခဲ့ပြီး ပျောက်ဆုံးသူများ၏ အမည်စာရင်းများပေးပို့ရန် တာဝန်ရှိသူများက တိုက်တွန်းတောင်းဆိုထားကြောင်းသိရသည်။ Humphreys County မြို့သည် Nashville မှ မိနစ်ပေါင်း (၉ဝ) ကြာကားမောင်းသွားရသည့် မြို့ဖြစ်ကြောင်းသိရသည်။
#NPNews

Related news

© 2021. All rights reserved.