HIV/ AIDS ကူးစက်ခံခဲ့ရသည့် ထိပ်တန်းနာမည်ကျော်များ

 1619

ဝတီ (NP News) - သြဂုတ် ၂၈
ကမ္ဘာပေါ်မှာ လူအသေအပျောက်အများဆုံးဖြစ်စေတဲ့ရောဂါတွေထဲမှာ AIDS လည်းပါပါတယ်။ HIV ဆိုတဲ့ ဗိုင်းရပ်စ်ပိုးကြောင့် အဲဒီသေမင်းတမန် ရောဂါဆိုးကြီးဖြစ်လာရတာပါ။ ဒီရောဂါပေါ်တာ နှစ်ပေါင်း (၃ဝ) ကျော်ရှိသွားပြီဖြစ်ပြီး အဲ ဒီရောဂါကြောင့် သေဆုံးသွားရတဲ့လူပေါင်း (၃၆) သန်းလောက် ရှိသွားပါပြီ။ HIV ပိုးက လူ့ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစ နစ်ကို ရိုက်ချိုးပစ်လိုက်တာ ဖြစ်ပါတယ်။ ဒီလိုနဲ့ လူနာရဲ့ ဇီဝိန်ကို ခြွေသွားလေ့ရှိပါတယ်။ ဒါပေမဲ့ ဒီရောဂါက ဆင်းရဲ သားရောဂါ မဟုတ်ပါဘူး။ ဒီရောဂါ ကူးစက်ခံရတဲ့ နာမည်ကျော် အနုပညာရှင်တွေ၊ ဒီရောဂါကြောင့် ကြွေလွင့်သွားရတဲ့ နာမည်ကြီး ကြယ်ပွင့်တွေ ရှိနေလို့ ဒီလိုပြောရတာဖြစ်ပါတယ်။ အဲဒီရောဂါဟာ မျောက်ကနေ လူဆီ ကူးစက်သွားရာက စဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက အခိုင်အမာ ယုံကြည်ပါတယ်။ ဒီရောဂါကြောင့် ကြွေလွင့်သွားရတဲ့ အနုပ ညာရှင်တွေ ရှိသလို ဒီရောဂါဒဏ်ကို ကြံ့ကြံ့ခံနေတဲ့ အနုပညာရှင်တွေလည်း ရှိပါတယ်။ သူတို့တွေက ဘယ်သူတွေလဲ ဆိတာ ကြည့်လိုက်ကြရအောင်ပါ။

ရစ်ကီဝီလ်ဆင် (Ricky Wilson)
ရစ်ကီဝီလ်ဆင်ဆိုတာကတော့ ၁၉၅၃ ခုနှစ်မှာမွေးတဲ့ အမေရိကန် ဂီတပညာရှင်ဖြစ်ပါတယ်။ သူဟာ ၁၉၈၅ ခုနှစ်မှ ဆုံးပါးသွားခဲ့ပါတယ်။ နာမည်ကြီး B52 အဖွဲ့မှာ သူဟာ အဖွဲ့ဝင်ဂစ်တာသမားတစ်ယောက်ဖြစ်ပါတယ်။ အဖွဲ့အ တွက် တတိယမြောက်အခွေ ပြင်ဆင်နေချိန် ၁၉၈၃ ခုနှစ်မှာပဲ သူ့မှာ အဲဒီရောဂါ ကူးစက်ခံထားရမှန်း သိသွားတာပါ။ ရောဂါနဲ့ နှစ်နှစ်ကြာ နပန်းလုံးအပြီးမှာတော့ သူဟာ ရောဂါကို လက်မြှောက် အရှုံးပေးလိုက်ရပါတော့တယ်။ သူ ကွယ်လွန်တော့ အသက် (၃၂) နှစ်ပဲရှိသေးတာပါ။

ဂီယာကာရန်ဂီ (Gia Carangi)
သူဟာ သိပ်ချောသိပ်လှတဲ့ အမေရိကန်မော်ဒယ်ဖြစ်ပါတယ်။ ဒါပေမဲ့ အေအိုင်ဒီအက်စ်ဝေဒနာရှင် တခြားနာမည်ကျော်အများစုလိုပဲ သူဟာလည်း အသက်ရှည်ရှည်နေခွင့် မရလိုက်ပါဘူး။ သူဟာ ၁၉၆ဝခုနှစ်မှာ မွေးတာဖြစ်ပါတယ်။ သူလျှမ်းလျှမ်းတောက် အောင်မြင်နေတဲ့အချိန် တုန်းကဆို ထိပ်တန်းကုန်ပစ္စည်းအမှတ်တံဆိပ်တွေအတွက် မော်ဒယ်လုပ်ပေးခဲ့ရပါတယ်။ ဒါပေမဲ့ ဘိန်းစွဲသွားပြီး အဆုတ်ရောင်ရောဂါနဲ့ ဆေးရုံတက်လိုက်ရအပြီးမှာတော့ သူဟာ အကျဘက်ရောက်လာပါတော့ တယ်။ ဆေးရုံတက်အပြီး ရက်ပိုင်းအကြာမှာတော့ သူ့မှာ HIV ပိုး ရှိနေပြီဆိုတာ ဆရာဝန်တွေ စစ်ဆေးတွေ့ရှိသွားပါတော့တယ်။ ဒါနဲ့ပဲ သူဟာ အသက် (၂၆) နှစ်၊ နုနုနယ်နယ်အရွယ်လေးမှာပဲ ကွယ်လွန်သွားပါတော့တယ်။

ပက်ဒရိုပက်ပ်လိုဇမ်မိုရာ (Pedro Pablo Zamora )
ပက်ဒရိုဟာ ၁၉၇၂ ခုနှစ်မှာ မွေးပါတယ်။ လိင်တူဆက်ဆံတာကို ရာဇဝတ်မှုလို့ ပြီးခဲ့တဲ့ရာစုနှစ်မှာ အမေရိကန်ဥပ ဒေက ပြဌာန်းထားဆဲဖြစ်ပြီး အဲဒီလိုအချိန်မှာ သူကဂေးလ်ပါလို့ လူသိရှင်ကြား ထုတ်ပြောခဲ့ပါတယ်။ အဲဒီခေတ် ကာလတုန်းက ဒီလိုထုတ်ပြောတဲ့လူဆိုလို့ လူနည်းစုပဲရှိတာပါ။ သူ့မှာ ရှောင်ဆက်ဆာလို့ခေါ်တဲ့ လက်တွဲဖော်တောင်ရှိတယ်လို့ သူကထုတ်ပြောခဲ့ပါတယ်။ အေအိုင်ဒီအက်စ်ကြောင့် သူဘယ်လို နေထိုင်မကောင်းဖြစ်တဲ့အ ကြောင်း သူကရုပ်သံတွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ပြောပြသွားခဲ့ပြီး အဲဒီပြောကြားချက် နောက်ဆုံးအပိုင်း ထုတ်လွှင့်အပြီး၊ အသက် (၂၂)နှစ်အရွယ်မှာပဲ သူကွယ်လွန်သွားခဲ့တာပါ။ သူ့လက်တွဲဖော်ဆိုတဲ့ ရှောင်ဟာလည်း AIDS နဲ့ပဲ အသက် (၄၄) နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

ရော့ခ်ဟပ်ဒ်ဆင် (Rock Hudson)
ခန့်ချော မင်းသားကြီး ရော့ခ်ဟပ်ဒ်ဆင်ဟာ ၁၉၂၅ ခုနှစ်မှာ မွေးပါတယ်။ သူ့ခေတ်သူ့အခါတုန်းကတော့ သူဟာ လျှမ်းလျှမ်းတောက်အောင်မြင်တဲ့ မင်းသားကြီးပေါ့။ နှလုံးခွဲစိတ်မှုအတွက် သွေးသွင်းတော့ အဲဒီမှာ သူ AIDS ကူးစက်ခံလိုက်ရတာလို့ သတင်းတွေက ဆိုပါတယ်။ သူကလည်း သူ့မှာ AIDS ဖြစ်နေပြီဆိုတာကို လူသိရှင်ကြား ဝန်ခံ ခဲ့ပါတယ်။ သူဟာ ၁၉၈၅ ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

ဘရက်ဒ်ဒေးဗစ် (Brad Davis)
သူဟာ ၁၉၄၉ ခုနှစ်မှာ မွေးတဲ့အမေရိကန်မင်းသားကြီးဖြစ်ပါတယ်။ သူ့မှာ အိတ်ချ်အိုင်ဗီပိုး ရှိနေမှန်း ၁၉၈၅ ခုနှစ်ကတည်းကသိပေမယ့် သူကဒီအကြောင်းကို လျှို့ဝှက်ထားခဲ့ပါတယ်။ မကွယ်လွန်မီအချိန်လေးမှာမှ သူက ကိုယ်ရေးအထ္ထုပ္ပတ္တိစာအုပ်ထုတ်ခဲ့ပြီး အဲဒီထဲမှာ ရောဂါဖြစ်နေတဲ့အကြောင်း ထည့်ရေးထားပါတယ်။ မိသားစုကို ထိခိုက်မှာစိုးလို့ရောဂါ ဖြစ်နေတဲ့အကြောင်းကို ထုတ်မပြောခဲ့တာပါလို့ သူကစာအုပ်ထဲမှာရေးထားပါတယ်။ AIDS ဖြစ်နေတုန်းမှာတောင် သူကမူးယစ်ဆေးဝါးသုံးနေတုန်းပါပဲ။ ဒီလိုနဲ့ တစ်နေ့တော့ သူဟာဆေးလွန်ပြီး ဆေးရုံရောက်သွားပါတော့တယ်။ အဲဒီမှာ သူ့ကို ဇီဝိန်ခြွေပေးဖို့တောင်းဆိုလိုက်ပါတယ်။ ဒီလိုနဲ့ သူဟာ ၁၉၉၁ ခုနှစ်မှာ ဘဝနိဂုံးချုပ်သွားပါတော့တယ်။

တင်မသီပက်ထရစ်ခ်မာဖီ (Timothy Patrick Murphy)
၁၉၅၉ ခုနှစ်မှာမွေးတဲ့ ဒီအမေရိကန်မင်းသားဟာ အသက် (၂၉) နှစ်ဆိုတဲ့ အရွယ်လေးမှာ AIDS နဲ့ ကွယ်လွန်သွားခဲ့တာပါ။ သူဟာ စောစောကပြောခဲ့တဲ့ ဘရက်ဒ်ဒေးဗစ်နဲ့ ဆက်နွယ်မှုရှိပါတယ်။ ဘရက်ဒ်ဒေးဗစ်ဟာ နှစ်ဖက်ချွန်ဖြစ်ပြီး အေအိုင်ဒီအက်စ်ရောဂါသည်ပါ။ ဘရက်ဒ်ဒေးဗစ်ဟာ အဲဒီရောဂါကို မာဖီဆီကနေ ရတာလို့ ကောလာဟလတွေ ထွက်ခဲ့ပါတယ်။

အာသာအက်ရှီ (Arthur Ashe)
သူဟာ အင်မတန်ကိုမှ ထူးချွန်တဲ့ အမေရိကန်တင်းနစ်ကစားသမားဖြစ်ပါတယ်။ ဒါပေမဲ့လည်း HIV၊ AIDS ကူးစက်ခံရတဲ့ နာမည်ကျော်တွေစာရင်းထဲမှာသူလည်း ပါသွားရရှာပါတယ်။ သူ့မှာ AIDS ဖြစ်နေမှန်း သိလိုက်ရပြီးတဲ့နောက်မှာတော့ သူက AIDS တိုက်ဖျက်ရေးအတွက် ဖောင်ဒေးရှင်းထောင်ခဲ့ပြီး လိင်ဆက်ဆံတဲ့အခါ အကာအကွယ်နဲ့ ဆက်ဆံကြဖို့ လူထုကို ပညာပေးဟောပြောခဲ့ပါတယ်။ ၁၉၄၃ ခုနှစ်မှာမွေးတဲ့သူဟာ ၁၉၉၃ ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

မက်ဂျစ်ခ်ဂျွန်ဆင် (Magic Johnson)
မက်ဂျစ်ခ်ဂျွန်ဆင်ဟာ ၁၉၅၉ ခုနှစ်မှာ မွေးတဲ့ နာမည်ကျော် ဘတ်စ်ကက်ဘောကစားသမားဖြစ်ပါတယ်။ သွေးထဲမှာ HIV ပိုး ရှိနေပေမယ့် သူဟာ အခုထက်ထိ သက်ရှိထင်ရှားရှိနေပါသေးတယ်။ ဒီရောဂါလည်း ကူးစက်ခံလိုက်ရပြီးရော သူက AIDS တိုက်ဖျက်ရေး ဖောင်ဒေးရှင်းထောင်လိုက်ပါတယ်။ အောင်မြင်မှုအထွတ်အထိပ် ရောက်နေချိန်တုန်းက ဆေးစွဲခဲ့တဲ့အကြောင်း၊ လိင်တူချင်း ဆက်ဆံခဲ့ဖူးတဲ့အကြောင်း စတာတွေကို သူကလူသိရှင်ကြား ဝန်ခံပြောကြားပြီး လူငယ်တွေ သူ့လိုလမ်းမှားမလိုက်မိစေဖို့ ဟောပြောလေ့ရှိပါတယ်။
#NPNews

Related news

© 2021. All rights reserved.