မြောက်ကိုရီးယားတွင် တာဝေးပစ်ခရုဇ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်

 589

ရောင်နီ (NP News) - စက်တင်ဘာ ၁၃
မြောက်ကိုရီးယားသည် ၎င်းတို့တီထွင်ထားသည့် တာဝေးပစ် ခရုဇ်ဒုံးကျည်သစ်ကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ပြီး အမေရိကန်နှင့်နျူကလီးယား ညှိနှိုင်းမှုများ ရပ်တန့်နေစဉ်အတွင်း ၎င်း၏ စစ်ရေးစွမ်းရည်ကို ဆက်လက်ချဲ့ထွင်နေကြောင်း Fox news သတင်းတွင်ဖော်ပြခဲ့သည်။

နှစ်နှစ်ကြာတည်ဆောက်ခဲ့ရသည့် ခရုဇ်ဒုံးကျည်များကို စနေနှင့် တနင်္ဂနွေနေ့တွင် ပျံသန်းစမ်းသပ် မှုများပြုလုပ်ခဲ့ရာ ကီလိုမီတာ ၁၅ဝဝ (၉၃၂ မိုင်) အကွာပစ်မှတ်ကို အောင်မြင်စွာပစ်နိုင်ခဲ့ကြောင်း Korean Central News Agency ကပြောသည်။ ဒုံးကျည်သစ်များကို နိုင်ငံ၏ စစ်အင်အား ပိုမိုအား ကောင်းလာစေရန် ခေါင်းဆောင်ကင်ဂျုံအန်၏ တောင်းဆိုမှုနှင့်ကိုက်ညီသည့် “မဟာဗျူဟာမြောက်လက်နက်” များဟု ချူးကျူးခေါ်ဆိုကြသည်။

တောင်ကိုရီးယားစစ်ဘက်က မြောက်ကိုရီးယား၏စမ်းသပ်မှုကို ချက်ချင်းအတည်ပြုခြင်း မရှိသေးကြောင်းသိရသည်။ ဇန်နဝါရီလက အာဏာရ အလုပ်သမားပါတီ၏ ကွန်ဖရင့်တစ်ခုတွင် ကင်ဂျုံအန်သည် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် ဖိအားများ ရင်ဆိုင်ရချိန်အတွင်း ၎င်း၏ နျူက လီးယားအင်အားကို ပိုမိုအားဖြည့်နိုင်ရန် ကတိနှစ်ဆပြုခဲ့ပြီး တာဝေးပစ် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်များ၊ နျူကလီးယားဗုံးများ၊ ရေငုပ်သင်္ဘောများ၊ သူလျှိုဂြိုဟ်တုများ၊ နည်းပညာမြောက် နျူကလီးယား လက်နက်များ အပါအဝင် ခေတ်မီပိုင်ဆိုင်မှုသစ် စာရင်းရှည်တစ်ခုကို ဆန္ဒပြုခဲ့ကြောင်းသိရသည်။

၂ဝ၁၉ ခုနှစ် ထိပ်သီးအစည်းအဝေးတစ်ခုတွင် မြောက်ကိုရီးယား၏ နျူကလီးယား စွမ်းရည်အပေါ် ပိတ်ဆို့မှုများ ဖြေလျော့ပေးရန် တောင်းဆိုမှုကို အမေရိကန်က ငြင်းပယ်လိုက်ကတည်းက မြောက်ကိုရီးယားနှင့်အမေရိကန်ကြားဆွေးနွေးမှုများရပ်တန့်သွားခဲ့ပြီး ယခုအခါတွင်လည်း ကင်၏ အစိုးရသည် တွေ့ဆုံဆွေးနွေးရေးအတွက် Biden အစိုးရ၏သဘောထားကို ငြင်းဆန်ခဲ့ကာ ဝါရှင်တန်အ နေဖြင့် ၎င်း၏ရန်လိုနေသော မူဝါဒများကို ဦးစွာစွန့်လွှတ်ရန်တောင်းဆိုခဲ့ကြောင်းသိရသည်။ မြောက်ကိုရီးယားသည် မတ်လက တာတိုပစ်ပဲ့ထိန်းဒုံးကျည်နှစ်စင်းကို ပင်လယ်ထဲပစ်ချခြင်းဖြင့် ဝါရှင်တန်ကို တုံ့ ပြန်ရန်ရည်ရွယ်သော လက်နက်သစ်များ စမ်းသပ်ခြင်း အစဉ်အလာကို ဆက် လက်လုပ်ဆောင်ခဲ့ကြောင်းသိရသည်။
#NPNews

Related news

© 2021. All rights reserved.