စစ်တွေရှိ ဗျူးပွိုင့်ကမ်းခြေကို လာမည့်သီတင်းကျွတ်ပိတ်ရက်တွင် ပြန်လည်ဖွင့်လှစ်နိုင်ရန်စီစဉ်နေ

933

NP News - အောက်တိုဘာ ၁၂
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဗျူးပွိုင့်ကမ်းခြေတွင် သီတင်းကျွတ်ပိတ်ရက်များအ တွင်းပြည်သူများအပန်းဖြေနိုင်ရေးအတွက် ပြန်လည်ဖွင့်လှစ်နိုင်ရန်စီစဉ်နေကြောင်း သိရသည်။
အဆိုပါ ကမ်းခြေပြန်လည်ဖွင့်လှစ်ရေးအတွက် ပြည်နယ်ကျန်းမာရေးဦးစီးဌာန၊ ပြည် နယ်စည်ပင်သာယာရေးအဖွဲ့တို့မှကွင်းဆင်းစစ်ဆေးပြီး ကိုဗစ်-၁၉ ရောဂါကာကွယ် ရေးစည်းကမ်းများနှင့်အညီ ဖွင့်လှစ်နိုင်ရေးညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ကမ်းခြေပြန်လည်ဖွင့်လှစ်ရေးကို အောက်တိုဘာလ(၁ဝ)ရက်က ရခိုင် ပြည်နယ်အစိုးရအဖွဲ့ရုံးတွင်ကျင်းပသည့် ပုံမှန်ညှိနှိုင်းဆွေးနွေးပွဲ (၄၇/၂ဝ၂၁) တွင် ဆုံးဖြတ်ခဲ့ကြောင်းသိရသည်။
ရခိုင်ပြည်နယ်တွင် ဇူလိုင်လကတည်းက ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေ့ရှိမှုတစ်စ တစ်စမြင့်တက်လာနေခြင်းကြောင့် ဒေသအာဏာပိုင်များက အသွားအလာကန့် သတ်မှုများပြုလုပ်ကာ အများပြည်သူအပန်းဖြေနေရာများဖြစ်သည့် ကမ်းနားလမ်း၊ ဗျူးပွိုင့်နှင့် စစ်တွေကမ်းခြေများကိုပိတ်ထားခဲ့ကြောင်း သိရသည်။
ဗျုးပွိုင့်ကမ်းခြေသည် စစ်တွေမြို့၏ တောင်ဘက်အစွန်းဆုံး၊ ဘင်္ဂလားပင်လယ်အော် နှင့် ကုလားတန်မြစ်နဖူးကြားတွင်တည်ရှိပြီး ပွိုင့်ကမ်းခြေဟုလည်းလူသိများသည်။ အဆိုပါကမ်းခြေတွင် ရှုခင်းခံစားနိုင်ရန်ရင်ပြင်ကျယ်တခုရှိပြီး ရှုခင်းကြည့်တာဝါတစ်ခု၊ မီးပြတိုက်တစ်ခု၊ ရခိုင့်ရိုးရာအထိမ်းအမှတ် သင်္ကေတဖြစ်သည့် ရခိုင့်ဒဏ္ဍာရီရခိုင်ဗျာလ်( နဝရူပဗျာလ်လည်းခေါ်ဆိုကြသေးသည်)ရုပ်တုတစ်ခု နှင့် နပန်းထိုးသတ်နေသည့်ဟန် ရခိုင့်ရိုးရာကျင်ရုပ်တုလည်းရှိသည်။ ထို့ပြင် ရင်ပြင်တွင်ပလွေမှုတ်နေဟန် ရုပ်တုကြီး တစ်ခုနှင့် (၅)ပေခန့်ရှည်သောရှေးဟောင်းအမြောက်တစ်ခုရှိပြီး ရင်ပြင် ၏အစွန်သည် တောင်ဘက်စွန်းစွန်းသို့ ဦးတည်လျက်ရှိကာ ထိုတည့်တည့်တွင်လေးချမ်းတောင်ဟုခေါ်သော မီးပြတိုက်ဟောင်းတစ်ခုလည်းတည်ရှိကြောင်း သိရသည်။
#NPNews