"ဝ" နှင့် ကိုးကန့် ဆက်သွယ်ထားသည့် နမ့်တစ်တံတား ကျိုးကျ

482
Pearl (NP NEWS) - သြဂုတ် ၂၄
"ဝ" နှင့် ကိုးကန့် ဆက်သွယ်ထားသည့် နမ့်တစ်တံတား ကျိုးကျသွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
ယနေ့ (သြဂုတ်လ ၂၄ ရက်) ၊ နံနက် (၂) နာရီခန့်က "ဝ" နှင့် ကိုးကန့် ဆက်သွယ်ထားသည့် နမ့်တစ်တံတား ကျိုးကျသွားခဲ့ခြင်းဖြစ်ပြီး ကျိုးကျခဲ့သည့်အကြောင်းအရင်းကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
အဆိုပါ နမ့်တစ် တံတားသည် "ဝ"နယ်မြေ၊ ဟိုပန်ခရိုင် ၊ နမ့်တစ်မြို့ နှင့် ကိုးကန့်ဒေသရှိ တရုတ် - မြန်မာနယ်စပ် ချင်းရွှေဟော်မြို့ကို အဓိက ဆက်သွယ်ထားသည့်တံတားတစ်စင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း ထောက်ပို့လုပ်ငန်းစဉ်များအတွက် အဆိုပါတံတားကို အသုံးပြုခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
Zawgyi Version:
Pearl (NP NEWS) - သြဂုတ် ၂၄